ဆရာကြီးဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှုကောက်နှုတ်ချက်များ

ဆရာကြီးဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှုကောက်နှုတ်ချက်များကို Nay Myo Htet Facebook Page မှ ပူဇော်တင်ပြထားသည်များကို ကူးယူဖော်ပြအပ်ပါသည်။

Notable Dhamma quotes by Sayagyi Dr. Thit Lwin can be read here.


ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း (8.11.2021)
••••••••••••••••••••••••

🙏အရှုခံကို သိ​အောင်​စောင့်ကြည့်ပါ …. ​တွေ့ရင် သတိမလွတ်ပါ​စေနဲ့ ….. သတိထားတာ နဲ့ သ​ဘော​ပေါက်​အောင် နှလုံးသွင်းပါ ….. သတိ နဲ့ သ​ဘော တစ်သားတည်း ကျပါတယ်

♦️သတိလည်းထား …. သ​ဘောလည်း​တွေ့ရမယ်

🙏အားထုတ်ရမယ် …. ဉာဏ်ဖြစ်ရမယ် …. ပိုင်းခြားသိရမယ်

🙏အားထုတ်ရမယ် …. ဉာဏ်ဖြစ်ရမယ်

♦️ဉာဏ်ဖြစ်ဖို့ ….. ဥပေက္ခာ ဖြစ်​နေဖို့လိုတယ်

♦️ဥပေက္ခာဖြစ်ဖို့ ဉာဏ်လိုတယ်

🙏အာရုံ​ထွေပြားရင် …. မ​ရွေးချယ်ပါနဲ့

🙏ရှု​နေတဲ့ အာရုံထင်ရှား​နေရင် …. ​နောက်အာရုံကို မကူးပါနဲ့

🙏​ဝေဒနာ မခံမရပ်နိုင်​အောင်ပြင်းထန်ရင် …. အာရုံ​ပြောင်းပြီး ရှူနိုင်တယ် …. ​( ဒါမှမဟုတ် ) ကိုယ်အ​နေအထား​ ပြောင်းပြီး ပြင်ပြီး ရှုနိုင်တယ်

🙏ခန္ဓာကိုယ် ဘယ်​နေရာဘဲ ကြည့်ကြည့် …. ရုပ်သ​ဘော​တွေပါဘဲလား လို့ သိသွားရမယ်

ဆရာကြီး၏ ​ဟော​ပြော​ဆွေး​နွေးချက် အကျယ်ကို သိရှိ နာယူလိုပါလျှင် ​အောက်ပါ link တွင်နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://www.facebook.com/100207382416122/videos/288527416483006/


ဆရာကြီး ​ဒေါက်တာသစ်လွင် ၏ တရား​ဆွေး​နွေး​ဟောကြားမှု အကျဥ်း ( 9 .11. 2021 )
~~~~~~~~~~~~~~~~~~

♦️အ​ရှေ့က ပြ​နေ​သော ​ပေါ်ရာ၊ ပြရာ၊ ထင်ရှားရာကို သတိ ဆက်ကာ ထားခြင်းဖြင့် အကျိုးအမြတ် ( ၂ ) ခု ရပါတယ်( ၁ ) အာရုံရဲ့ သ​ဘောကို​တွေ့မယ် ( ၂ ) အာရုံကို သိ​နေတဲ့ စိတ်ရဲ့ သ​ဘောကို​တွေ့မယ် 🙏မိမိလုပ်​နေမြဲ အလုပ်ကိုလုပ်ပါ …. သတိလည်းထားပါ

🙏ဘယ်အာရုံကိုဘဲ​တွေ့​တွေ့ ….. သတိထားရမှာပါ

🙏ဘုရား​ကျောင်း​ဆောင်​အရှေ့မှာ ထိုင်မှ တရားအားထုတ်​နေတာမဟုတ် ….. ကိုယ့်ကိုယ်ကို သတိထား​နေတဲ့ အချိန်တိုင်းဟာ တရားအားထုတ်​နေတာပါဘဲ

♦️ဆရာကြီး၏ တရား​ဆွေး​နွေးချက် အကျယ်ကို အပြည့်အစုံ သိရှိ နာယူလိုပါလျှင် ​အောက်ပါ့ link မှ ဝင်​ရောက်နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://www.facebook.com/100207382416122/videos/646446160060911/


( ၁၀ . ၁၁ . ၂၀၂၁ ) ရက်​နေ့ ဆရာကြီး ​ဒေါက်တာ သစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

🙏စိတ်ဆိုသည်ကား …. အာရုံအများကို ညွှတ်တတ်​သော သ​ဘောရှိ

🙏အာရုံတိုင်းဟာ သမထအာရုံမဟုတ်သလို …. ဝိပဿနာ အာရုံ မဟုတ်

🙏သမထအာရုံမှာ ( မိမိကိုယ်မှာ ရှိ​သော အာရုံ ) နဲ့ ( မိမိကိုယ် အပြင်ဘက်မှာရှိ​သော အာရုံ ) ဆိုပြီး နှစ်မျိုးရှိ

🙏မိမိကိုယ်မှာရှိ​သော အာရုံကို သမာဓိထူ​ထောင်ပြီး ရှုမှတ်​နေရင်း …. ဝိပဿနာ အာရုံ​တွေအဖြစ် ထင်ရှားလာတယ်

🙏မိမိကိုယ်မှာ ရှိ​သော အင်္ဂါကြီးငယ် ၊ အစိတ်အပိုင်းများကို ရွံရှာစက်ဆုပ်ဖွယ်ရာ ရှုဆင်ခြင်ခြင်း ၊ ဝင်​လေ ထွက်​လေကို သတိထား​စောင့်ကြည့်ခြင်း ၊ ဓါတ်ကြီး​လေးပါး​တွေအ​ပေါ်မှာ သတိထား​ရှုမှတ်ခြင်းဖြင့် …. သမာဓိ ထူ​ထောင်နိုင်ပါတယ်

♦️ဝိပဿနာ အားထုတ်ချင်ရင် …. ဝိပဿနာ အရှုခံ​တွေ့ဖို့လိုတယ်

♦️ခန္ဓာ ကို ​တွေ့မှ …. ဝိပဿနာဖြစ်တယ်

♦️​ပေါ်ရာ ပြရာမှ ထင်ရှားရာ ခန္ဓာ တစ်ခုခုကို ရှုရင်းနဲ့ …. အခြား ခန္ဓာ​တွေ တဖြည်းဖြည်း အသိဥာဏ်မှာ ထင်ရှားလာတယ်

♦️ဝိပဿနာဟာ ကိုယ်တွေ့ရှုတာဖြစ်တယ် …. မှန်းရှုလို့မရ ၊ ​တွေးရှုလို့မရ …. ကိုယ်ကိုတိုင်မြင်မှ ရှုလို့ရတယ်

♦️ခန္ဓာ မှတပါး အခြားမရှိဘူးလို့ ပိုင်ပိုင်နိုင်နိုင် သိရမယ် …. ဒီသ​ဘော​တွေ မှတပါး ဘာမှမရှိဘူးလို့ သိရမယ်

♦️ငါစွဲကို ပိုင်ပိုင်နိုင်နိုင် ဖြုတ်နိုင်မှ ​…. ရှေ့ဆက်သွားရတာ ပိုပြီး အဆင်​ပြေ​လေ

🙏ဝိပဿနာဥာဏ် တစ်ချက်ပွင့်တာနဲ့ တစ်ချက်ငြိမ်းချမ်း …. များများပွင့်​လေ များများငြိမ်းချမ်း​လေ

🙏စက်ြန်ကမ္မဌာန်းမှာ …. ကြွတယ် ၊ လှမ်းတယ် ၊ ချတယ်လို့ ရှုသိ​နေရင်းနဲ့ …. သမာဓိ​ကောင်းလာရင် …. သူ့ကိုခိုင်း​နေတဲ့၊ ဖြစ်​စေတဲ့ စိတ်ရဲ့ သ​ဘောကို ​တွေ့သွားရင် ဝိပဿနာ အာရုံဖြစ်သွားတယ်

♦️ဘာဘဲသိသိ မိမိခန္ဓာကိုယ်မှာ သတိရှိရင်း ( သတိထားရင်း ) သိ​နေရင် …. မှန်ပြီး

♦️သတိ တစ်ခုကို …. ပစ္စုပ္ပန် တည့်တည့်မှာ ထားပါ ။ဆရာကြီး​၏ တရား​ဆွေး​နွေးချက် အကျယ်ကို သိရှိနာယူလိုပါလျှင် ​အောက်ပါ link တွင် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4551782104887067&id=100001659663162


🔸️( ၁၁ . ၁၁ . ၂၀၂၁ )🔸️ဆရာကြီး​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
*************************

🙏နိုးနိုးကြားကြားမရှိတဲ့အခါ …. ဉာဏ်ကထိုင်း​နေတတ်တယ် …. နိုးကြား​အောင် ဉာဏ်ကူ​ပေးရတယ် ၊ စူးစမ်း​ပေးရတယ် ၊ သုံးသပ်​ပေးရတယ်

🙏ဖြစ်လိုက်၊ ပျက်လိုက်၊ ​ပေါ်လိုက်၊ ​ပျောက်လိုက်လို့ နှလုံးသွင်း ​နေဖို့ထက် …. ကိုယ်မှာရှိ​သော ဒီရုပ်သ​ဘော​တွေဟာ တစ်ချိန်လုံး သူ့သဘာဝကို ပြ​နေတယ်ဆိုတာကို နှလုံးသွင်းသိဖို့က …. ပိုပြီး အ​ရေးကြီးတယ်

🙏သူ့သ​​ဘော​တွေဘဲဆိုတာ …. သ​ဘော​ပေါက်သည်အထိ …. ကြိမ်ဖန်များစွာ ​စောင့်ကြည့်ရမယ်

🙏ဒိဌိကွာပြီးမှ …. ဖြစ်တယ်၊ ပျက်တယ်ဆိုတဲ့သ​ဘောကို …. နှလုံးသွင်းရမယ်

🙏ဒိဌိမပြုတ်ဘဲ ဖြစ်ပျက်ရှုရင် ဘယ်လိုမှ မရဘူးဆိုတာ …. ဆရာ​တော်ကြီး​တွေ ခဏခဏ​ဟောတယ်

🙏ရုပ်နဲ့ စိတ်ရဲ့သ​ဘော​တွေကို မမြင်​သေးဘဲ …. ဖြစ်ပျက်ကို ​ကျော်ပြီးရှုကြတယ်

🙏ငါမဟုတ်ဘူး …. သူ့သ​ဘောနဲ့ သူဘဲ ဆိုတဲ့ အသိမျိုး နှလုံးသွင်းမှုမျိုးကို ​ကျော်​ကျော်သွားကြတယ်

🙏ဉာဏ်​တွေ့​တွေ့မှ …. ဝိပဿနာ ဉာဏ်ဖြစ်တယ်

♦️ထိုင်ပြီးရှုချိန်မှာ …. ရုပ်သ​ဘောက ပိုထင်ရှားပြီး

♦️လှုပ်ရှားသွားလာတဲ့အခါ သတိထားလိုက်ရင် ရုပ်သ​ဘောသိပ်ပြီး မထင်ရှား​ပေမယ့် …. စိတ်ကို​တွေ့ရလွယ်တယ်

♦️သွားလာလှုပ်ရှားချိန်မှာ …. အာရုံတစ်ခုထည်းကို စူးစိုက်တာထက် အားလုံးကို စိတ်ထဲက သတိ​လေးနဲ့ ခြုံကြည့်ရင် …. မိမိစိတ်ရဲ့ အလုပ်လုပ်ပုံကို …. ပို​ပြီးထင်ရှား​တွေ့နိုင်တယ်

♦️ရုပ်သ​ဘော နာမ်သ​ဘောကို အတွဲလိုက်မြင်ဖို့ …. ထိုင်တဲ့အချိန်မှာထက် …. လှုပ်ရှားသွားလာချိန်မှာ …. ပိုပြီးမြင်လွယ်တယ်

♦️ရုပ်သ​ဘော၊ နာမ်သ​ဘောကို အ​သေးစိတ်မြင်ဖို့က …. ထိုင်ရှုချိန်မှာ …. ပိုပြီးထင်ရှားတယ်

♦️စိတ်ဟာ တခြားအလုပ်​တွေ မလုပ်တဲ့ အချိန်မှာ …. ပိုပြီး​တွေးတယ်

🙏စိတ်ရှည် ၊ ဇွဲသန် ၊ သည်းငြီးခံပြီး …. သတိထားပါမှ …. သမာဓိဖြစ်လာမယ် ( သတိထားနည်း အမှန် )

🙏ကိုယ့်ကိုယ်ကို သတိအရင်ထား …. ရှုဖို့က နောက်ထား ( စိတ်ငြိမ်မှ …. ဉာဏ်ဖြစ်မယ် )

🙏ရှုဖို့ကမခက် …. ​တွေ့ရင်ရှုတတ်ပြီး …. ​တွေ့ပြီးမှရှုပါ

🙏ဘာမှမ​တွေ့ရင် …. ကိုယ့်ကိုယ်ကို ပြန်သတိထားပါ

🙏အာရုံကို မ​တွေ့လည်း စိတ်မပူနဲ့ …. သတိထားပါ

🙏အာရုံကို …. မ​ရွေးချယ်ပါနဲ့

🙏သဘာဝနှစ်ခု အလုပ်လုပ်​နေတာကို …. ​ဘေးက ကြည့်​နေသလို …. ​တွေ့ရမယ်

♦️တရားအားထုတ်ရာမှာ …. ပစ္စုပ္ပန်တည့်ဖို့နဲ့ …. ပရမတ်ကိုမြင်ဖို့ …. အ​ရေးကြီးတယ်

♦️ပစ္စုပ္ပန်တည့်ဖို့က …. ပိုပြီး ​အ​ရေးကြီးတယ်

♦️ပစ္စုပ္ပန်မှာ သတိနဲ့​ နေခြင်းဖြင့် …. ပရမတ်က ထင်ရှားလာတယ်

♦️ပစ္စုပ္ပန်မှာ သတိရှိ​နေဖို့က …. အ​ရေးကြီးဆုံးပါ

🧘တရားအားထုတ်တယ်ဆိုတာ …. လက်​တွေ့မပါဘဲ ဘယ်လိုမှသ​ဘောမ​ပေါက်နိုင်

🧘ဘယ်​လောက်ဘဲ တရား​တွေနာထား …. တကယ်လက်​တွေ့ လုပ်မှရမယ်

——————————

🌷ယ​နေ့ ​ဆွေး​နွေး​ပေးကြ​သော တရားများသည် ​ဓမ္မမိတ်​ဆွေယောဂီသူ​တော်​ကောင်းများအဖို့ များစွာ အကျိုးရှိ​စေမှာဖြစ်သည့်အတွက် …. ဆရာကြီး၏ တရား​​ဆွေး​နွေးမှု အကျယ်ကို ထပ်မံနာယူကြပါရန် တိုက်တွန်းနှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link တွင် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4555143854550892&id=100001659663162


🔹 ️( ၁၂. ၁၁. ၂၀၂၁ ) ရက်​နေ့ 🔹️ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

🙏သ​ဘော​တွေကို အမှန်အတိုင်း​တွေ့ရင် …. စိတ်​အေးချမ်းတယ်

🙏စိတ်​အေးချမ်းရင်လည်း …. သ​ဘော​တွေကို အမှန်အတိုင်း​တွေ့တယ်

🙏ထိုင်​နေဆဲ ၊ ရှု​နေဆဲကာလမှာ အသိဥာဏ်ဖြစ်​နေရင် …. ဝိပဿနာ လမ်းမှန်ပြီး

🔸️ မြင်စရာရဲ့ အလုပ်က …. ကြည့်​သောသူကို မြင်​စေတဲ့ အလုပ်ဘဲ လုပ်တယ် …. အဲ့ဒါကို သ​ဘော​ပေါက်ရင် …. ခင်တွယ်စရာ ၊ တပ်မက်စရာ မရှိဘူးလို့ …. မြင်သွားတယ်

🔸️ ရုပ်က နှစ်သက်ခြင်း မနှစ်သက်ခြင်းကို မပြဘူး …. ​ဖောက်ပြန်​နေတာကိုဘဲ ပြတယ်

🔸️ ” ငါ နာ တယ် ” လို့ဆိုတဲ့​နေရာမှာ …. ငါလည်း မပါ ၊ နာတာလည်း မပါ …. ရုပ်ဟာ ရုပ်ပါဘဲ ( ပူ ၊ ​အေး ၊ တိုး ၊ တင်း သ​ဘော )

🔸️ အမြင်​တွေ ရှင်းသထက် ရှင်း​အောင် …. သတိ​လေးထားပြီး … ဉာဏ်မှာ ရှင်းသထက် ရှင်း​လာအောင် နှလုံးသွင်း ရှုမှတ်ရမယ် ( ဉာဏဝိသုဒ္ဓိ ဖြစ်​အောင် အားထုတ်ရမယ် )

🔸️ ဉာဏ်မှာ ရှင်းရှင်းလင်းလင်း မြင်တယ်ဆိုတာ …. ရုပ်ဟာ ရုပ်ဆိုတဲ့ သဘာဝကိုဘဲ လုပ်တယ် …. ကျန်တာ​တွေ ဘာမှမလုပ်ဘူးလို့ သိသိသွားတာ🔸️

ကိုယ်​တွေ့သည် အမှန်ကိုလည်း​တွေမယ် …. အမှားကိုလည်း​တွေ့မယ်

🔸️ တစ်ခါတ​လေ စာ​လေးတစ်​ကြောင်း ၊ စကား​လေးတစ်ခွန်း​ကြောင့် …. တရားလမ်း​ကြောင်း​ပေါ်​ ရောက်သွားတယ်

🙏 အရှုခံကို ​တွေ့​နေရင် …. သတိမလွတ်ဖို့ အ​ရေးကြီးတယ်

🙏 သတိမလွတ်​အောင် …. အားစိုက်ပြီး ကပ်မထားရ ၊ မှန်မှန်​လေးသာ သတိထား​နေပါ

🙏 စိတ်ငြိမ်​နေရင် …. မပျံ့လွင့်ဘူး

🙏 အာရုံကို ​တွေ့ဖို့ ရှာ​ဖွေ​နေရင် …. ပျံ့လွင့်မယ် ( ​စောင့်ကြည့်​နေဖို့သာ အဓိကပါ )

🙏 စိတ်က တင်း​နေရင် ရှာ​ဖွေ​နေရင် …. အရှုခံ သ​ဘော​တွေကို မ​တွေ့နိုင်ဘူး

🙏 ရှိ​နေပြီးသာဖြစ်တဲ အရှုခံသ​ဘော​တွေကို မ​တွေ့တာဟာ …. နီဝရဏ ​တွေဖုံးလွှမ်း​နေလို့

🔸️ ဖြစ်တာ ၊ ပျက်တာကို ​တွေ့ဖို့ ဆန္ဒ မ​စောဘဲ …. စိတ် နဲ့ ရုပ် သူတို့ဘယ်လို အလုပ်လုပ်​နေလဲဆိုတာ ကြိမ်ဖန်များစွာ ( သိဖို့ ၊ မြင်ဖို့ ၊ ​တွေ့ဖို့ ) …. ကြိုးစားပါ

🔸️ ရုပ်တစ်ခုထည်းကို​တွေ့ဖို့ထက် …. တစ်ကိုယ်လုံးမှာ ရှိ​သော ​ဖောက်ပြန်​နေတဲ့ ရုပ်သ​ဘော ( အများ ) ကို​တွေ့ဖို့လိုတယ် …. ” ရူပက္ခန္ဓာ ” ကို​တွေ့ဖို့ လိုတယ်

🙏 ပုံရိပ်ကို မကြည့်ပါနဲ့ …. သ​ဘောကိုမြင်​အောင်ကြည့်ပါ ( ပူ ၊ ​အေး ၊ တိုး ၊ တင်း သ​​ဘော )

🙏 သ​ဘော​တွေကိုမ​တွေ့မှာ မပူပါနဲ့ …. စိတ်မငြိမ်တာကို ပူပါ

🙏 ​စောင့်ကြည့်​လေ …. ​သ​ဘော​တွေကို တွေ့​လေပါဘဲ—————————-

🌷 ယ​နေ့တွင် ဓမ္မမိတ်​ဆွေ​ယောဂီ သူ​တော်​ကောင်းများ၏ ဓမ္မခရီးလမ်း အ​တွေ့ အကြုံများကို ​ပြောပြ​ဆွေး​နွေးထားပါသဖြင့် …. ဓမ္မမိတ်​ဆွေများအ​နေဖြင့် မှတ်သားဖွယ်ရာ ဓမ္မအနှစ်သာရများကို ရရှိနိုင်မှာဖြစ်သည့်အတွက် ဆရာကြီး၏ တရား​ဆွေး​နွေးမှုအပြည့်အစုံ ( အကျယ် ) ကို ထပ်မံ နာယူကြပါရန် တိုက်တွန်းနှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link တွင် နာယူ နိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4558545240877420&id=100001659663162


♦️ ( ၁၃. ၁၁. ၂၀၂၁ ) ရက်​နေ့ ♦️ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
••••••••••••••••••••••••••••••

🙏တရားအားထုတ်တယ်ဆိုတာ …. မိမိကိုယ်နဲ့ မိမိစိတ်ကို အရင်းပြုပြီး​တော့ …. သူ့မှာဖြစ်​ပေါ် ​ပြောင်းလဲ​နေတဲ့ သ​ဘော၊ သဘာဝ​တွေကို …. ကြည့်ရှုရင်း …. အသိဉာဏ် ဖွံ့ဖြိုး ၊ တိုးတက်​အောင် လုပ်တာ

🙏အသိဉာဏ်ဖွံ့ဖြိုး ၊ တိုးတက်မှု မရှိရင် တစ်ခုခုမှား​နေပါပြီး …. ​အေးချမ်းမှုလည်း မရနိုင်ပါဘူး

🙏အသိဉာဏ်ဖွံ့ဖြိုး ၊ တိုးတက်​စေမယ့် (အဓိက) အချက်က …. ရှူဆဲ အရှုခံမှန်ရမယ် …. ရှူစိတ်လည်း မှန်ရမယ်

🙏မှန်ရမယ် ဆိုတဲ့​နေရာမှာ …. စာအရလည်း မှန်ရမယ် ၊ ဆင်ခြင်မှုအရလည်း မှန်ရမယ် ၊ လက်​တွေ့အရလည်းမှန်ရမယ်

🙏” သိ​နေတာက နာမ် ၊ သွား​နေတာက ရုပ် ၊ ငါမဟုတ် ၊ သူမဟုတ် ၊ နာမ်နဲ့ရုပ် ” ဆို​နေရုံဖြင့် …. ရုပ်နာမ် မ​တွေ့​သေးဘူး

🙏တကယ်​တွေ့မှ …. ဒိဌိပြုတ်

🙏တကယ်​တွေ့ဖို့ …. ​ရွေ့လျား​နေတဲ့ကိုယ်လုံးကြီးဟာ ရုပ်ဆိုတာ သိ​အောင် …. ကြိမ်ဖန်များစွာ ​လေ့ကျင့်ရမယ်

🙏ထိုင်​နေတဲ့ အချိန်မှာ ရုပ်သ​ဘော ( ပူ၊​ အေး၊ တိုး၊ တင်း ) ​တွေကို မိမိခန္ဓာ ဘယ်နေရာမှာဘဲ ကြည့်ကြည့် …. ဒီသ​ဘော​တွေဘဲ ရှိတယ်လို့ ​တွေ့ထားမှ …. လမ်း​လျောက်ချိန်၊ လှုပ်ရှားအလုပ်လုပ်ချိန်မှာ ဒီရုပ်သ​ဘော​တွေကို မြင်လာမယ်

🙏ပြီး​တော့ အဲ့ဒီရုပ်သ​ဘော​တွေကို …. ခိုင်း​နေတဲ့ စိတ်ကိုလည်း မြင်လာမယ်~~~~~~~~~~~~~~~~~~~~~~~~ * * လွဲ​ချော်​နေတဲ့ အမှား​တွေ * *

🔹️ သ​ဘော​တွေကို စိတ်ဝင်စား​နေတာထက် …. ကြီးတာ ၊ ​သေးတာ ၊ ​ပေါ်တာ ၊​ပျောက်တာကိုဘဲ ပိုပြီး စိတ်ဝင်စားတတ်ကြတယ်

🔹️ ပုံရိပ် ၊ ထုထည် ၊ အတုံးအခဲ​တွေ ​ပေါ်တာ​ ပျောက်တာကို …. စိတ်ဝင်စားကြတယ်

🔹️ ကြည့်​နေရင်း ရှု​နေရင်း …. ဘယ်​​တော့​ပျောက်မလဲ ​​…. မျှော်လင့်​နေကြတယ်

🔹️ ကြီးသွားတာ ၊ ​သေးသွားတာ ၊ ​ပေါ်တာ​ပျောက်တာ ၊ ​နေရာ​ပြောင်းသွားတာကို ကြည့်ရမှာမဟုတ်ပါဘူး ….ပူရင်လည်း ပူတဲ့သ​ဘောကိုကြည့်မယ် …. ပြီး​တော့ ထိုပူသ​ဘော​လေးက မမြဲသ​ဘော၊ ​ဖောက်ပြန်တဲ့သ​ဘောကို သိမယ် …. ဒီသ​ဘော​တွေသာလျှင် ဖွဲ့စည်းထားတယ် ( ရှိတယ် ) လို့ နှလုံးသွင်းရမယ် …. အ​ပေါ်ယံ ​ခေါင်း၊ ခါး ၊​ ခြေ ၊ လက်တို့ဆိုတာက နာမည်သာ ​ပေးထားတာပါ

🔹️ မဂ်၊ ဖိုလ် ကို မျက်​မှောက်ပြုတဲ့ အခိုက်​လေးသာလျှင် …. ရှုတဲ့စိတ်က ဒီသ​ဘောကို အာရုံမပြုဘဲ …. နိဗ္ဗာန်ကို အာရုံပြုသွားတာဘဲရှိမယ် …. ဒီသ​ဘော​​တွေ ​ပျောက်သွားလို့ မဟုတ်ပါဘူး

🔹️ လွဲမှား​နေ​တဲ့ ချဥ်းကပ်မှုက …. တရားမ​တွေ့​စေတဲ့ အ​ကြောင်းအရင်းပါဘဲ

🔹️ ​​ခြေလက်​တွေ လှုပ်ရှားတယ် ၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ်လို့ သိရုံနဲ့ …. ရုပ်ရဲ့သ​ဘောကို မသိ​သေးဘူး …. သတိ ကောင်း​တာဘဲ ရှိ​သေးတယ် ( ကြွတယ် ၊ လှမ်းတယ် ၊ ချတယ် ဆိုတာ စိတ်က​လေး တည်ငြိမ်ဖို့အတွက်ပါ )

🔹️ ဘယ်​လောက် အ​သေးစိတ်ဆို​နေ​နေ ၊ ​နှေး​နှေးဘဲ​လျောက်​နေ​နေ …. သူသည် သတိ ၊ သမာဓိဘဲ​ကောင်းမယ်

🔹️ ရုပ်​တွေ ( ပူ၊တိုး၊တင်း၊​အေး သ​ဘော ) ​စု​ပေါင်းဖွဲ့စည်း လှုပ်တာ​တွေ မမြင်​သေးသ​ရွေ့ …. ဝိပဿနာ မဖြစ်​သေးဘူး

🔹️ ဝိပဿနာ ဖြစ်ချင်ရင် …. ဒီရုပ်​တွေသာလျှင်ရှိတယ် …. ဒီရုပ်​တွေသာလျှင် အလုပ်လုပ်တယ် …. ဒီရုပ်​တွေ အလုပ်လုပ်​စေဖို့ တစ်စုံတစ်ခုက ခိုင်း​နေတယ် ( အဲ့ဒီလို ခိုင်း​နေတာ စိတ်ပါ ) လို့ သိသွားရမယ်

🔹️ ငါမဟုတ် ၊ သူမဟုတ် ၊ သူ့အလုပ်သူလုပ် …. အဲ့ဒီ အချက်ကို မသိလို့ …. သံသရာ​တွေ လည်​နေရတာ

🔹️ ဒီလိုသ​ဘော​ပေါက်လာတဲ့ အချိန် …. ဉာဏ်မှာ​သေး​သေး​လေးလို့ ထင်ရ​ပေမယ့် …. ကိုယ့်ရဲ့ စိတ်ချမ်းသာမှုက အကြီးကြီးဖြစ်သွားတယ်

🙏တစ်ခါတ​လေ စိတ်က​​ဖော်​သော ၊ သညာက​ဖော်​သော ပုံရိပ်​တွေကို ​ရှောင်လွှဲဖို့ …. ရှုမှတ်​နေရင်း မျက်လုံးကို ခဏဖွင့်ကြည့်လိုက်ပါ

🙏မျက်လုံးဖွင့်​သော်လည်း ပုံရိပ်​တွေ​ပေါ် စိတ်​ရောက်​နေ​သေးရင် …. လမ်း​လျောက်လိုက်ပါ ( သတိကို မိမိကိုယ်မှာ မပြတ် ထားနိုင်ဖို့ လိုရင်းပါဘဲ )

🙏ရုပ်​တွေ ၊ နာမ်​တွေကို တစ်ခုပြီး တစ်ခုဘဲသိသိ ၊ လုံး​ထွေးပြီး​တော့ဘဲ သိသိ …. သိတဲ့အခါမှာ လိုရင်း အချက်က …. စိတ်ဆိုတာ …. အာရုံကို သိတတ်၊ ညွှတ်တတ်၊ ယူတတ်တယ် ၊ ရုပ်ကိုလည်း ခိုင်းတတ်တယ် လို့ သိ​နေရမယ်

🔹️ ရုပ်ကြမ်းတာ ၊ နုတာ …. ကိုယ့်အလုပ်မဟုတ်

🔹️ ​ပျောက်တာ၊ မ​ပျောက်တာ …. ကိုယ့်အလုပ်မဟုတ်

🔹️ စိတ်သည် …. ပရမတ်ကိုလည်း အာရုံယူနိုင်သလို ၊ ပညတ်ကိုလည်း အာရုံယူနိုင်တယ်

🔹️ ပစ္စုပ္ပန်တည့်​သော စိတ် ( မြင် ၊ ကြား ၊ နံ ၊ စား ၊ ထိသိစိတ် ) မှလွဲ၍ …. ကျန်တာ​ တွေးစိတ်

🔹️ ပစ္စုပ္ပန် တည့်တည့်မှာ သတိ​လေးထားရင် …. အ​တွေးနည်းတယ်

🔹️ အ​တွေး​ ပျောက်ချင်လို့​တော့ …. မရဘူး ( အတ္တသိပ်များ​နေလို့​တော့ မရဘူး )

🔹️ စိတ်ကို အပြင်မထွက်​စေချင်ရင် …. အာရုံမှာ သတိထားရမယ်

🔹️ သတိထားချိန်မှ စ၍ …. ရုပ်သ​ဘော​​တွေ ​တွေ့တဲ့ အချိန်အထိ …. ဘာမှမလုပ်ဘဲ …. ​စောင့်ကြည့်ပါ

🔹️ အကယ်၍ ပူတာ၊ တင်းတာ စတဲ့ ရုပ်ရဲ့သ​ဘော​တွေကို မ​တွေ့ခဲ့​သော်လည်း …. မကြိုက်တဲ့စိတ် ၊ ဖယ်ရှားချင်တဲ့စိတ်​တွေကို ကိုယ့်စိတ်မှာ​ ​တွေ့ရင်လည်း …. အရှုခံ​ကို တွေ့တာပါဘဲ

🙏ပထမက …. အရှုခံ​တွေ့ဖို့လိုတယ်

🙏ဒုတိယက …. အရှုခံမှာ သတိ​တွေစွဲမြဲ​နေဖို့ လိုတယ်

🙏​တွေ့တာကိုဘဲ ​တွေ့​တွေ့ချင်း …. သိ​အောင် ကြိုးစားရမယ်

🙏အရှုခံ​တွေ့ရာမှာ ပုံရိပ် နဲ့ သ​ဘော ​ရော​နေတတ်တယ် …. ပုံရိပ်​နောက်ကို …. မလိုက်နဲ့

🙏ကိုယ်ရှုရမယ့် အာရုံမှာ …. သတိထားရင်းနဲ့ ….​ ပုံရိပ်​တွေ ၊ ပညတ်အာရုံ​တွေ ကွာသွားလိမ့်မယ်

🙏ရုပ်​တွေ ၊ နာမ်​တွေ သူ့အလုပ် သူလုပ်ကြပါလားလို့ …. သ​ဘော​ပေါက်သွား​အောင် ကြိုးစားရမယ်

ယ​နေ့ တရား​ဆွေး​နွေးမှုတွင် ဆရာကြီးမှ ” တရားအားထုတ်ရာ​တွင် လွဲ​ချော်တတ်​သော အမှားများ ” ကို အ​သေးစိပ် ပြောကြား​ဆွေး​နွေးထားသည်မှာ ဓမ္မမိတ်​ဆွေ ​ယောဂီ သူ​တော်​ကောင်းများအဖို့ …. အကျိုးများစွာဖြစ်​စေမှာဖြစ်သဖြင့် ဆရာကြီး၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို ထပ်မံနာယူကြပါရန် တိုက်တွန်းနှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link တွင် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4561826277215983&id=100001659663162


⚜ ️️( ၁၅. ၁၁. ၂၀၂၁ ) ရက်​နေ့ ⚜ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
——————————–

🙏 ( သမုတိသစ္စာ ) ​ခေါင်း၊ ခါး ၊ ​​ခြေလက်၊ နာကျင် ၊ ကိုက်ခဲတာကို ကြည့်​နေရင်းနဲ့ …. ( ပရမတ္ထသစ္စာ ) ပူ၊ တင်း၊ တိုး၊ ​အေး၊ မာ၊ ​ပျော့ သ​ဘောသာလျှင်ရှိပါလား ၊ ဒီသ​ဘော​တွေမှ လွဲ၍ ဘာမှမရှိပါလားလို့ …. သ​ဘော​တွေကို အမှန်အတိုင်း မြင်လာတယ်

🙏 ဒီသ​ဘော​တွေသာလျှင် ရှိပါလားလို့ သိရင်း ဆက်ပြီးကျင့်ရင် …. သ​ဘော​တွေ ​ဖောက်ပြန်ပျက်စီး​နေပါလားလို့ သိသွားမယ် ( ဒုက္ခအရိယသစ္စာ )

🙏 ​ဖောက်ပြန်ပျက်စီး​နေပါလားလို့ သိဖို့ …. မ​ကျေနပ်တဲ့ စိတ်နဲ့ သိလို့မရဘူး ၊ သ​​ဘောကျပြီး သိ​နေလို့လည်း မရဘူး ( တပ်မက်ခြင်း ၊ မလိုချင်ခြင်း မရှိဘဲနဲ့ သိရမယ် )

🙏 ဖြစ်ဖြစ်ချင်းသိမှ ၊ ပစ္စုပ္ပန် တည့်တည့်​တွေ့မှ …. ပရမတ် ( ဖြစ်ပြီးမှ သိရင် …. ပရမတ်မဟုတ် )

🙏 ရုပ်နဲ့ စိတ်ကို ကြည့်ပါများလို့ …. သတိ၊ သမာဓိ ၊ ဝီရိယ ၊ ပညာ​တွေ များလာရင် …. ဖြစ်ဖြစ်ချင်း ၊ ​ပေါ်​ပေါ်ချင်း သိလာမယ်

🙏 ရုပ်ကိုဘဲ ကြည့်ကြည့် ၊ စိတ်ကိုဘဲ ကြည့်ကြည့် …. ပစ္စုပ္ပန် တည့်ဖို့ လိုတယ်

🙏 စ ပြီးရှုတဲ့သူ​တွေက ရုပ် နဲ့ စိတ်ကို ချက်ချင်း ​ပေါ်​ပေါ်ချင်း …. မသိနိုင်​သေးဘူး

🙏 ရှုကျင့်ပါ များလာရင် …. ​ပေါ်တာနဲ့ ချက်ချင်းသိလာမယ်

🙏 စိတ်ဖြစ်​နေတဲ့​နေရာကို …. သာမန် သမာဓိ​လောက်နဲ့ ရှာလို့မရဘူး ( မ​တွေ့တာကို မရှာပါနဲ့ )

🙏 စိတ်ဘယ်​နေရာမှာ ဖြစ်လဲ ဆိုတာထက် …. စိတ်ဖြစ်သွားတယ် ၊ စိတ်ပျက်သွားတယ်လို့ သိဖို့ အ​ရေးကြီးတယ်

🙏 အပြင်အာရုံ​တွေကို ( သို့မဟုတ် ) ရုပ်ကို …. ကြည့်​နေတဲ့စိတ်က အာရုံစိုက်​နေရင် …. ကိုယ့်ရဲ့စိတ်ကို မ​တွေ့နိုင်ဘူး

🙏 အပြင်အာရုံမှာ စိတ်မ​ရောက်ဘဲ …. ကိုယ်ရဲ့စိတ်ကို သတိထားရင်း …. စိတ်ထဲက ” သိတယ် ၊ သိ​နေတယ် ” ဆိုတာကို ကြိမ်ဖန် များစွာ ​လေ့ကျင့်ရမယ်

🙏 ကိုယ့် ရဲ့ စိတ်ကို သတိထားရင်း …. စိတ်က အာရုံကို တုံ့ပြန်​နေတာ ၊ ခိုင်း​နေတာ​လေးကို …. တစ်ချက်​တွေ့ တစ်​ချက်​တွေ့ ရင်းမှ …. သတိ​ကောင်းလာရင် …. ပိုပြီး အ​တွေ့များလာမယ်

🙏 အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအ​တွေ့အာရုံများကို …. ကြိမ်ဖန်များစွာ​လေ့ကျင့်ရမယ် …. ( ​လေ့ကျင့်ပါများလာရင် ​ပေါ်​ပေါ်ချင်း သိလာမယ် )

♦️ ရုပ်ကို ဘာ​ကြောင့် ကြိမ်ဖန်များစွာ ​လေ့ကျင့်ရသလဲ …. ( ၁ ) တည့်တည့်သိဖို့ …. ( ၂ ) ရုပ်ကို ကြိုက်ချင်းမကြိုက်ချင်း သိကာမျှသိဖို့

♦️ စိတ်ကို​ တွေ့ဖို့ …. ( ၁ ) ပစ္စပ္ပုန် တည့်တည့်ထားရမယ် …. ( ၂ ) သတိ​ကောင်း​ကောင်းထားရမယ် …. ( ၃ ) ဟိုရှာ ဒီရှာ မလုပ်ရဘူး …. ( ၄ ) ကြိုက်၏ မကြိုက်၏ မလုပ်ရဘူး …. ( ၅ ) ​တွေးခြင်း ​ပြုခြင်း မလုပ်ရဘူး

♦️ စိတ်ကို​ ​တွေ့ဖို့ …. သတိထားရုံ မှလွဲ၍ တခြားဘာမှ မလုပ်ရဘူး

🔹️ တရားက အ​​ပြောလွယ်ပြီး …. အလုပ်ခက်တယ်

🔹️ ဘာ​ကြောင့် အ​ပြောလွယ်သလဲ …. ကြားဖူး နားဝ ​တွေများလို့

🔹️ ဘာ​ကြောင့် အလုပ်ခက်သလဲ …. စနစ်မကျလို့

🔹️ စနစ် ကျရင် …. သတိ၊ သမာဓိ ၊ ဝီရိယ၊ ပညာအား​တွေ အလိုလို ကောင်းလာမယ်

🔹️ စနစ်တကျ ​လေ့ကျင့်ပါ …. အဆင့် မ​ကျော်ပါနဲ့

🔹️ လွယ် သလား ဆို​တော့ …. မလွယ်ဘူး

🔹️ ခက် သလား ဆို​တော့ …. မခက်ဘူး ( မှန်ကန်​သော နည်းလမ်း …. သိဖို့လိုတယ် )

🙏 စိတ်ကို တကယ်​တွေ့ဖို့ …. ထင်ရှား​သော ၊ လွယ်ကူ​သော အရှုခံနဲ့ …. တစ်ဆင့်ချင်း ကျင့်ပါ

🙏 လှုပ်ရှား သွားလာချိန်မှာဖြစ်​စေ ၊ ထိုင်ချိန်မှာ ဖြစ်​စေ …. တချိန်လုံး ကိုယ်နဲ့စိတ်ကို အာရုံပြု​နေရင်း နဲ့ တဖြည်းဖြည်း …. နှလုံးသွင်း သ​ဘော​ပေါက်လာမယ်

🙏 ဘယ်အချိန် ကြည့်ကြည့်​တွေ့မှ …. တကယ်​တွေ့တာ

🙏 တကယ်​တွေ့ပါမှ …. ​ရှေ့ဆက်ပါ

🙏 စိတ်​အေးချမ်း​နေရင် …. သ​ဘောအမှန်ကို သိလာမယ် ( ဒီသ​ဘောပါလား ၊ ဒီသ​ဘောမှလွဲ၍ ဘာမှမရှိပါလားလို့ သိလာမယ် )

🙏 ခံရခက်​သောဝေဒနာ မခံမရပ်နိုင်​အောင်ဖြစ်​နေရင် ( သို့မဟုတ် ) လိုချင်စိတ်​ ဖြစ်​နေတာတွေကို ​လျော့ပါး​အောင် …. နှလုံးသွင်း​လေး ထည့်​ပေးပါ ( ကိုယ်မှာ​၊ စိတ်မှာပေါ်​သော သ​ဘောတစ်ခုသာ )

🙏 အမှန်သိ​အောင် နှလုံးသွင်းရင် …. စွဲလမ်းမှု ၊ တပ်မက်မှု ၊ တွယ်တာမှု​တွေ ​လျော့မယ် ( ​တွေ့ရင် …. နှလုံးသွင်းပါ )

🙏 နှလုံးသွင်း မှန်ရင် …. ဘယ်​နေရာကြည့်ကြည့် …. သ​ဘော​တွေပါဘဲလို့ သိသွားမယ်

🙏 သမာဓိ အမှန်တကယ်ရှိလာရင် …. သ​ဘောကိုလည်း ထင်ထင်ရှားရှားမြင်မယ် ၊ စိတ်မှာလည်း ​အေးချမ်းတယ် ~~~~~~~~~~~~~~~~~~~~~~~

♦️ < ရုပ်သ​ဘောကို တွေ့​အောင် ဘယ်လို ရှုမလဲ > ♦️

🙏 မိမိကိုယ်မှာ အာရုံပြုပါ ( အ​လေ့အကျင့် များ​သော ​နေရာ )ဥပမာ – နှာသီးဝမှာ အာရုံပြုရင်း

🙏️ သတိဘဲထားပါ …. ​စောင့်ကြည့်ပါ …. မရှာပါနဲ့

🙏️ သမာဓိရလာရင် …. ​လေဝင်တာ ၊ ​လေထွက်သွားတာကို သိလာမယ်

🙏 သိသွားပြီး​နောက် ထိ သွားတဲ့​နေရာကိုအာရုံပြုပြီး …. ဆက်ရှု

🙏 ထိသွား​သော ​နေရာ​လေးမှာ …. ပူ ၊ တိုး ၊ တင်း စတဲ့သ​ဘော​တွေ ​တွေ့လာမယ်

🙏 ဒီသ​ဘော​တွေ​ တွေ့လာရင် …. အရှုခံ​ ရုပ်သ​ဘောကို ​တွေ့ပြီး

🙏 ရုပ်ကို ကြည့်​နေရင်း …. စိတ်ကို ငြိမ်​အောင် နည်းနည်းထိန်း

🙏 ပထမ စ စချင်း ရုပ်ကို​တွေ့လိုက် ၊ စိတ်ကို​တွေ့လိုက်ဖြစ်​နေရာမှ …. ​ရှေ့ကပြတာနဲ့ ​နောက်က သိတာဘဲလို့ သ​ဘော​ပေါက်သွားမယ်

🙏 ကြည့်ပါများလာရင် …. ဒီသ​ဘောနှစ်ခုက လွဲပြီး ကျန်တာဘာမှ မရှိပါလား ၊ သ​ဘောသက်သက်သာလျှင် ရှိပါလားလို့ ထင်ရှား သိမြင်လာမယ်

🙏 ထိုင်းမှိုင်း​နေတဲ့ စိတ် ၊ ပျံ့လွင့်​နေတဲ့ စိတ် ၊ ​ပျော်​နေတဲ့ စိတ်ဖြစ်​နေရင် …. ဖြစ်​နေတဲ့ စိတ်ကို သတိထားပါ

🙏 ဘာမှမ​ရွေးချယ်ပါနဲ့ …. လက်ရှိ ကိုယ့်စိတ်မှာ ဖြစ်​နေတာသည် …. အရှုခံ

🙏 ကိုယ်မှာ သတိထား ၊ စိတ်မှာ သတိထား …. ထင်ရှားရာကို ရှု

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

⚜ ယ​နေ့ ဆရာကြီး၏ တရား​ဆွေး​နွေးမှုတွင် ” ရုပ်ကို အ​ခြေခံပြီး ဘာ​ကြောင့် ကျင့်သလဲ ” ” ရုပ်သ​ဘောကို ​တွေ့​အောင် ဘယ်လို ရှုမလဲ “” စိတ်ကို အမှန်တကယ်​တွေ့ဖို့ ဘာ​တွေ လိုအပ်သလဲ ( ဘယ်လို ရှုမလဲ ) ” ….. စသဖြင့် အဖိုးမဖြတ်နိုင်​သော ဓမ္မအသိများစွာ ​ကို ဆွေး​နွေး​ပြောကြား​ပေးထားပါသဖြင့် …. ဓမ္မမိတ်​ဆွေ ​ယောဂီ သူ​တော်​ကောင်းများ အ​နေဖြင့် ဆရာကြီး၏ ​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်းနှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ့ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4568000436598567&id=100001659663162


🙏 ( ၁၆ . ၁၁ . ၂၀၂၁ ) ရက်​နေ့ 🙏ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေ​နွေးမှု အကျဥ်း
•••••••••••••••••••••••••••••••

🔹️ ” ဝိသုဒ္ဓိ ” ဆိုတာ …. အထူးစင်ကြယ်တာ

🔹️ ဝိပဿနာရှုရာမှာ ( တရားအားထုတ်ရာမှာ ) …. ဝိသုဒ္ဓိဖြစ်ဖို့ အ​ရေးကြီးတယ်

🔹️ ပိုင်းပိုင်းခြားခြား ၊ ရှင်းရှင်းလင်းလင်း ၊ သန့်သန့်ရှင်းရှင်း သိဖို့ ( ဝိသုဒ္ဓိ ဖြစ်ဖို့ ) လိုတယ်

🔹️ သိ​တော့ သိတယ် …. ​ရော​ရော​နှော​နှော သိ​နေရင် …. ဝိသုဒ္ဓိ မဖြစ်

🔹️ ​ရော​ရော​နှော​နှော သိတယ်ဆိုတာ …. ပုံရိပ်​တွေ ၊ နိမိတ်​တွေကို အာရုံပြု​နေမယ် ၊ လိုချင်တာ​တွေနဲ့ ​ရော​နေမယ် ၊ အ​တွေး​တွေနဲ့ ​ရော​နေမယ်၊ ​မျှော်မှန်းတာ​တွေနဲ့ ​ရော​နေမယ်

🔹️ သိတာ တစ်ခုတည်းနဲ့ မရဘူး …. သိတဲ့အ​ပေါ်မှာ ဉာဏ်​တွေ ၊ ဥပေက္ခာတွေ ဖြစ်​နေဖို့ လိုတယ်

🔹️ ကိုယ့်စိတ်​မှာ ပေါ်​သော …. ​ပေါ်သမျှ အာရုံ အများမှာမှ …. ဝိပဿနာ အာရုံကိုသာလျှင် …. ဝိပဿနာ ရှုရမယ်

🔹️ ဝိပဿနာ အာရုံသည် … ပစ္စုပ္ပန် အာရုံ

🔹️ မျက်လုံးဘဲ ဖွင့်ဖွင့် ၊ မျက်လုံးဘဲ ပိတ်ပိတ် …. ကိုယ့်ဉာဏ်မှာ ထင်လာတဲ့ သိစရာ အာရုံ​တွေမှ …. ဝိပဿနာ အာရုံ

🔸️ ရှု​နေ​သော ကိုယ့်ရဲ့ စိတ်မှာ လည်း အ​တွေးပါ​နေသလား …. သိ​ပေးပါ

🔸️ အ​တွေး မလာချင်ရင် …. ခပ်စိပ်စိပ် သိ​ပေးပါ

🔸️ အတင်း မကပ်ကြည့်နဲ့ …. အတ္တ​တွေ ဆန္ဒ​တွေ မပါရဘူး

🔸️ သူပြတာကိုဘဲ သာသာ​လေးကြည့် …. အားစိုက်ပြီး မကြည့်ရဘူး ( သိကာမျှ သိတယ်လို့ ​ခေါ်တယ် )

🔸️ အတင်းကပ်ကြည့်တဲ့အခါ …. ကြာလာရင် စိတ်ပင်ပန်းလာတယ် ( ​ပေါ်ချင်တာ​ပေါ် ၊ ပြချင်တာပြ …. သူပြတာကိုဘဲ ကြည့်မယ်လို့ စိတ်ထားရမယ် )

🔸️ သိကာမျှ သိ​နေတာကို …. ဥပေက္ခာ နဲ့ သိ​နေတာလို့​ခေါ်တယ် ( သိ​တော့သိတယ် မကပ်ငြိဘဲ သိတယ် )

🔸️ သိတာ တစ်ခုဘဲ လုပ်​နေချိန်မှာ …. စိတ်က အလွန် သန့်ရှင်းတယ်

🔸️ အာရုံတစ်ခုထည်းကို အားမစိုက်ဘဲ သိကာမျှ သိ​နေရင် …. မပင်ပန်းဘူး

🔸️ စိတ်မှာ ​ပေါ်​နေ​သော အာရုံကို သာသာ​လေး သုံးသပ်​နေရင် …. ဘယ်​နေရာက​ပေါ်​နေမှန်း ၊ ဘာနာမည် ( ပူ ၊ တင် ၊တိုး ) မှန်း …. မသိ​တော့ဘူး

⚜ သတိထားပုံ အမျိုးမျိုးရှိတယ် …. အားစိုက်ပြီး သတိထားတာ ၊ ခွာပြီးသတိထားတာ ၊ သတိထားလိုက် ဆင်ခြင်လိုက် လုပ်တာ ၊ ​နေရာ​ပြောင်းပြီး ဒီ​နေရာ သတိထားလိုက် ဟို​နေရာ သတိထားလိုက် လုပ်တာ ၊ ဘယ်​နေရာမှ မ​ရွေးချယ်ဘဲ ​ပေါ်ချင်ရာ​ပေါ် သတိထားတာ ဆိုပြီး အများကြီး ရှိတယ်

⚜ သတိကို အမျိုးမျိုးထားပြီး ​လေ့ကျင့် ရှုမှတ်ရင် …. သိလည်း သိလာမယ် ၊ စိတ်လည်း​ အေးချမ်းမယ် ၊ ဉာဏ်လည်း ဖြစ်မယ် ၊ ဥပေက္ခာ လည်း ဖြစ်မယ်

⚜ အာရုံက ​ပေါ်တဲ့ပြတဲ့ အလုပ် လုပ်တယ် …. စိတ်က ​ပေါ်တဲ့ပြတဲ့အာရုံကို သိတဲ့ အလုပ် လုပ်တယ် ဆိုတာ သိ​အောင် …. အားထုတ်ရမယ်

⚜ ရှာ​ဖွေခြင်း ၊ ဆုပ်ကိုင်ထားခြင်း ၊ သိမ်းပိုက်ထားခြင်း မရှိဘဲနဲ့ …. ကိုယ်ဘာမှ မလုပ်ဘဲ သတိထားရင်းနဲ့ သူ့ဟာသူ ​ပေါ်​နေတာပါလား …. စိတ်ကလည်း သူဟာသူ ​ပေါ်​​နေတာကို လက်ခံပြီး သိ​တာပါလားလို့ …. ကိုယ့်ရဲ့ ဉာဏ်မှာ ရှင်းရှင်းလင်းလင်း သိသွားရမယ်

⚜ စိတ်​အေးချမ်းရင် …. အ​တွေ့ မြန်မယ် ၊ အ​တွေ့ မှန်မယ်

⚜ ​ရွေးချယ်ရင် …. ပင်ပန်းတယ်

⚜ ​ရွေးချယ်လို့​တွေ့သွားရင်လည်း …. အာရုံ​ကို ဆုပ်ကိုင်ထားပြန်​တော့ …. ပင်ပန်းတယ်

⚜ အာရုံ​ပျောက်ရခြင်း အ​ကြောင်းက …. အာရုံက သူ့ဟာသူ မှိန်ပြီး ​ပျောက်သွားတာ ရှိမယ် ၊ ကိုယ်က သတိမ​ကောင်းလို့ အာရုံ​ ပျောက်သွားတာ ဖြစ်မယ်

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

🙏 ယ​နေ့ ဆရာကြီး၏ ​ဟော​ပြော​ ဆွေး​နွေးမှုတွင် ​ဓမ္မမိတ်​ဆွေ ယောဂီ သူ​တော်​ကောင်းများအတွက် ” ဘာကို ဘယ်လို ရှုမလဲ ” ဟူ​သော ဓမ္မအသိထူးများစွာကို သိမြင်နိုင်မှာ ဖြစ်သည့်အတွက် …. တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုင်တွန်း​ နှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4571141172951160&id=100001659663162


🌟 ( ၁၇ . ၁၁ . ၂၀၂၁ ) ရက်​နေ့ 🌟ဆရာကြီး ​ဒေါက်တာ သစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
———————————

🙏 ပထမ ပူ​လောင်​နေတာကို ​အေးချမ်းချင်လို့ တရားကျင့်ရင်း …. ​နောက်ပိုင်း မှာ တရားကို ပိုပြီး သိချင်လာတယ်

🙏 ကြိုးစားရှုမှတ်ရင်း ပိုသိလာတဲ့အခါ …. တရားလမ်း​ကြောင်း​ပေါ် ပိုပြီး​ရောက်လာတယ် ( ဘဝထဲကို တရား​ရောက်လာတယ် )

🙏 တချို့ကျ​တော့ တရားထဲကို ဘဝ နှစ်ပြီး …. အားထုတ် ကျင့်ကြံကြတယ်

🙏 ဘဝထဲကို တရားဘဲ​ ရောက်​ရောက် ၊ တရားထဲကို ဘဝဘဲ ​ရောက်​ရောက် …. လိုရင်း အဓိက အချက်က …. ဘဝနဲ့ တရား တစ်သားထည်း ဖြစ်ဖို့ပါဘဲ

~~~~~~~~~~~~~~~~~~~~~~~~~~

🔹️ မိမိကိုယ်မှာ ဘယ်​နေရာမဆို ​ပေါ်လာသမျှသည် ကိုယ်ရှုရမယ့် အရှုခံလို့ …. လက်ခံရမယ်

🔹️ နှာသီးဝမှာ​ရော တစ်ကိုယ်လုံးမှာပါ …. ရုပ်သ​ဘော ( ပူ ၊ တိုး ၊ တင်း ) သာလျှင်ရှိတယ်

🔹️ ဘယ်အာရုံ​ပေါ်​ပေါ် …. မ​ရွေးချယ်ဘဲ …. လက်ခံပြီး …. ရှုကြည့်ပါ

🔹️ ဘာ​ကြောင့်လဲဆို​တော့ ကိုယ်မှာ​ပေါ်​သော ဘယ်အာရုံမှာဘဲဖြစ်ဖြစ် …. ဒီသ​ဘော​တွေပါဘဲ

🔹️ စိတ်က ဒီအာရုံကိုယူတယ် ကိုယ်က ဒီအာရုံကို မယူဘူးဆိုပြီး ကိုယ့်အတ္တနဲ့ အာရုံ​တွေကို ရှာ​ဖွေ​နေရင် …. ပဋိပက္ခ​တွေ ၊ အခက်အခဲ​တွေ ဖြစ်လာမယ်

🔹️ အကယ်၍ တရားရှုမှတ်အားထုတ်​နေရင်း စိတ်က ဘာအာရုံကိုမှ ​သေ​သေချာချာမ​တွေ့ရင် …. မိမိခန္ဓာကိုယ် တစ်​နေရာရာကို ချည်တိုင် အဖြစ်ထားပါ

🔹️ အရှုခံအာရုံကို ​ရွေးချယ်ပြီး ရှုတာနဲ့ …. အာရုံကို မ​ရွေးချယ်ဘဲ ဘယ်ဟာ​ပေါ်​ပေါ် ​ပေါ်လာသမျှအာရုံကို ရှုမှတ်မယ် ဆိုပြီး …. ရှုမှတ်မှု နှစ်မျိုး ရှိတယ် ( နှစ်မျိုးလုံးကို …. ​လေ့ကျင့်ကြည့်ပါ )

🔸️ စိတ်ကို ​တွေ့ချင်ရင် …. ရှု​နေ​သော ရုပ်သ​ဘောကို သတိထား ( တအား မကပ်နဲ့ ၊ တအား မခွါနဲ့ ၊ မရှာ​ဖွေ နဲ့ ၊ လိုချင်ခြင်း မလိုချင်ခြင်း မရှိဘဲ သိရုံမျှသာ သိကြည့်ပါ )

🔸️ အဆင်းကို မြင်တဲ့ အခါမှာ …. မြင်စရာနဲ့ မြင်သ​ဘောသာ ရှိတယ် ၊ ဒီသ​ဘောနှစ်ခုဘဲ အလုပ်လုပ်​နေတယ်လို့ သိ​နေရင် …. အဲ့ဒီအခိုက်အတန့်မှာ …. ငါ၊ သူတစ်ပါး၊ ​​ယောကျ်ား၊ မိန်မ ဆိုတဲ့ အယူမှား ( သက္ကာယ ဒိဌိ ) က တဒင်္ဂ ပယ်နေတယ်

🔸️ အဲ့ဒီလို သိလိုက်တဲ့ အခိုက်မှာ …. သတိရယ် ၊ ဥပေက္ခာရယ် ၊ အနတ္တသ​ဘောရယ် ပါ​နေတယ် …. ပြီး​တော့ စွဲလမ်းမှုလည်း ​လျော့လာတယ်

🔸️ အတ္တကြီး​လေ …. စိတ်ကမ​ပေါ့​လေ …. ပူ​လောင်​လေ

🔸️ အမှန်အတိုင်းသိရင် …. အတ္တ​လျော့တယ်

🔸️ ” အတ္တဒိဌိ ” ဆိုတာ …. အတ္တဟု မှားယွင်းစွာ စွဲလမ်းတယ်

🔸️ အတ္တ​ လျော့လာတာနဲ့အမျှ …. အတ္တနဲ့ တွဲ​နေတဲ့ ဒိဌိလည်း ​လျော့လာတယ်

🔸️ သူ့သ​ဘော သူဖြစ်​နေတာဘဲ လို့ (သူ့ရဲ့ အရှိကို) လက်ခံသွားရင်၊ သ​ဘော​ပေါက်သွားရင် …. ကိုယ့်အတ္တမပါ​တော့ဘူး ( အနတ္တ )

🔸️ လက်ခံ လိုက်တဲ့အချိန်ဟာ …. ” ငါ ” မပါတဲ့ အချိန်

⚜ ​လောဘ ၊ ​ဒေါသ ဖြစ်​ကြောမရှည်​အောင် …. ဖြစ်ရင် ဖြစ်မှန်းသိရင် ဖြစ်​ကြောမရှည်ဘူး ( ​ပေါ်​ပေါ်ချင်း သိ …. ဖြစ်ဖြစ်ချင်း သိ )

⚜ လွယ်ကူ​သော ရုပ်​ပေါ်မှာရှိ​သော သ​ဘော​တွေကို အရင်​ လေ့ကျင့်ရင်း ကိုယ့်စိတ်ကို သိသွားရင် …. အပြင် အာရုံတွေကိုလည်း ​လေ့ကျင့်ကြည့်ပါ

⚜ ကျင့်စဥ် တစ်ခုကို ကျင့်ရာမှာ …. ကိုယ့်အတွက် လွယ်ကူ​သော ၊ ကိုယ်လုပ်နိုင်​သော ၊ မခက်ခဲ​သော ကျင့်စဥ်က​နေ သွားရမယ်

⚜ မြတ်စွာဘုရားရှင်က ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ဓါတ်သ​ဘောအ​နေနဲ့ ရှိတယ်လို့ ​ဖော်ထုတ် ​ဟောပြထားတယ်

⚜ ဘာလို့ ” ပရမတ် ” လို့​ခေါ်သလဲဆို​တော့ …. ပူတဲ့သ​ဘောက ပူတဲ့အလုပ်ကိုဘဲလုပ်တယ် ၊ ပူပြီးရင် ​ပျောက်သွားတာဘဲ ( ​အေး တဲ့ သ​ဘော ၊ ကြမ်း တဲ့ သ​ဘော ၊ တိုး တဲ့ သ​ဘော ​တွေကလည်း ထိုနည်းလည်း​ကောင်းပါဘဲ )

⚜ သ​ဘော​တွေ အားလုံးက နာမည်သာကွဲမယ် …. ကိုယ်ပိုင် သ​ဘော​တွေ ရှိကြတယ် ( သဘာဝ လက္ခဏာ )

⚜ သူတို့ (သ​ဘော) အားလုံးကို ပြန်ပြီး သတိထားကြည့်ရင်လည်း …. မမြဲ ၊ ဆင်းရဲ ၊ အစိုးမရ သ​ဘော​တွေသာ ရှိတယ်လို့ ထပ်ပြီး​တွေ့သွားမယ် ( သာမည လက္ခဏာ )

⚜ ဒီလိုထပ်ပြီး ​တွေ့သွားတဲ့ အခါ …. တပ်မက်မှု ၊ တွယ်တာမှု​တွေ ​လျော့ပြီး …. ​နောက်ဆုံး ဥပေက္ခာ ဖြစ်သွားတယ်

🙏 ” သတိပဌာန် ” ဆိုတဲ့ အနှစ်သာရက …. သတိလည်းထားရမယ် ၊ စူးစမ်းရမယ် ၊ သ​ဘောလည်း ပေါက်ရမယ်

🙏 သ​ဘော​ပေါက်မှုက သတိထားတာထက် …. အဆမတန် ပိုပြီး ​အေးချမ်းတယ်

•••••••••••••••••••••••••••••

⚜ ယ​နေ့ တရား​ဆွေး​နွေးမှုတွင် ဆရာကြီးမှ …. ဓမ္မမိတ်​ဆွေ ​ယောဂီ သူ​တော်​ကောင်းများအဖို့ …. ” ဘဝထဲမှာ တရား​ ရောက်ပါ​စေ “” အာရုံ​တွေကို အရှိအတိုင်း လက်ခံ ရှုကြည့်ခြင်း “…. ဟူသော ဓမ္မအသိ ကို​ ဆွေး​နွေး​ပေးခဲ့ပါသည်​အောက်ပါ Link မှတဆင့် တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် နှိုး​ဆော်တိုက်တွန်းပါ​ရ​စေ ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4574450235953587&id=100001659663162


♦️ ( ၁၈ . ၁၁ . ၂၀၂၁ ) ရက်​နေ့ ♦️ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
~~~~~~~~~~~~~~~~~~~~~~~

🙏 ကိုယ့်ရဲ့ ကိုယ်နဲ့စိတ်​ပေါ်မှာ ​ပေါ်လာတဲ့ သ​ဘောတရား​တွေကို သ​ဘောထားတတ်လာပြီးဆိုရင် …. အပြင်မှာရှိ​သော အာရုံ​တွေနဲ့ ​တွေ့ဆုံ ထိ​တွေ့တဲ့ အခါမှာလည်း ​တွေ့ရှိပြီးသား သ​ဘောတရား​တွေကို …. အသုံးချပြီး နှလုံးသွင်းတတ်ရမယ် ( ​ဆောင်ထားရမယ့် ဓမ္မဖြစ်တယ် )

🙏 ​လောကဓံ နဲ့​ တွေ့ကြုံတဲ့အခါ …. ဒီတရားသ​ဘော​တွေကို အသုံးချပြီး ​ဖြေရှင်းရမယ်

🙏 ​လောကကြီးမှာ ​နေတတ်ဖို့ …. ​လောကကြီးကို သ​ဘော​ပေါက်ရမယ်

🙏 ​လောကကြီးကို သ​ဘော​ပေါက်ဖို့ …. ခန္ဓာ ကို သ​ဘော​ပေါက်ရမယ်

🙏 မြတ်စွာဘုရားရှင်က ​လောက သုံးပါးလုံးကို အကြွင်းမဲ့ သ​ဘော​ပေါက်သွား​သော​ကြောင့် …. ​” လောကဝိဒူ ” ဂုဏ်​တော်နဲ့ ပြည့်စုံတယ်

🔹️ ထိုင်ပြီး ခန္ဓာကိုယ်ကို ရှုမှတ်ခြင်းဖြင့် …. ( ၁ ) စိတ်​အေးချမ်း​အောင်​​နေတယ် ၊ ( ၂ ) အ​ဖြေမှန်ကို ရှာတယ် ၊ ( ၃ ) သ​ဘောထား ဘယ်လိုထားရမယ်ဆိုတာကို ​သ​ဘော​ပေါက်မယ်

🔹️ ကိုယ်ပိုင်သဘာဝ​တွေနဲ့ ဖွဲ့စည်းထား​သော ရုပ်​တွေဟာ …. ကိုယ်ပိုင်သဘာဝ​တွေမတူကြ​ပေမယ့် …. အားလုံး တစ်သ​ဘောထည်းရှိတာက​တော့ …. ​” ဖောက်ပြန်​နေတယ် “

🔹️ ရုပ်​တွေက​တော့ အာရုံကိုမသိတတ်ဘဲ …. ​ဖောက်ပြန်​နေတယ်

🔹️ ရုပ်တစ်ခုရဲ့ သက်တမ်းဟာ ” ဖြစ် ၊ တည် ၊ ပျက် ” ဆိုတဲ့ …. တိုး​တောင်းလှတဲ့ အခိုက်အတန့်​လေးဘဲ ရှိတယ်

🔹️ ကံရှိလို့ ​နောက်တစ်ရုပ် အစားထိုး​ပေါ်လာတယ် …. ​ပေါ်လာပြီး​တော့ ပျက်ပြန်တယ်

🔹️ စိတ်​ကြောင့် ၊ အာဟာရ​ကြောင့် ၊ ဥတု​ကြောင့် လည်း ရုပ်​တွေဟာ …. ​ဖောက်ပြန်​ ပြောင်းလဲတယ်

🔹️ အခုလို သ​ဘော​ပေါက်သွားရင် ရုပ်ဟာ …. တွယ်တာ ၊ တပ်မက်စရာ ၊ လိုချင်စရာ ဆိုပြီး ဘာမှမရှိ​တော့ဘူး

🔸️ လူလို့ အမည်တပ်ပြီး ​ခေါ်တာဟာ …. သမုတိသစ္စာ

🔸️ တရားအားထုတ်ချိန်မှာ …. ရုပ်နဲ့ နာမ်ဘဲရှိတယ်လို့ …. ကြိမ်ဖန်များစွာ သ​ဘော​ပေါက်​​အောင် ပွားများထားရမယ် ( ပရမတ္ထသစ္စာ )

🔸️ ကိုယ့်ကိုယ်ကို သတိထားလိုက်တာနဲ့ အသိဟာ သုံး ခုရှိမှ …. မှန်မယ် …. ( ၁ ) လူလို့သိတာ ( ၂ ) ရုပ်၊နာမ် အဖွဲ့အစည်းလို့သိတာ ( ၃ ) ဒုက္ခသစ္စာလို့သိတာ

🔸️ ” လူ “လို့ မြင်လိုက်တာနဲ့ လူလို့လည်း သိမယ် …. ရုပ်၊ နာမ်အဖွဲ့အစည်းလို့လည်း သိရမယ်

🔸️ ရုပ် ၊ နာမ် လို့ လူတိုင်း မသိဘူး …. ဝိပဿနာ အားထုတ်ပြီး ရုပ်၊နာမ်​တွေ့ထားပြီးတဲ့သူမှ သိနိုင်တယ်

🔸️ ရုပ် ၊ နာမ်တို့ရဲ့ အလုပ်လုပ်​နေတာကို ဉာဏ်ထဲမှာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရင် …. သက္ကာယဒိဌိ ကို တဒင်္ဂ ပယ်သွားတယ် ( ဒုတိယဘဝမှာ …. အပါယ်မကျ​တော့ဘူး )

🔸️ အရိယာ​တွေကျ​တော့ …. ဒုက္ခသစ္စာ လို့ …. ပိုပြီးသိသွားတယ်

🙏 ရုပ် ၊ နာမ်သ​ဘော​တွေကို ​နေရာမ​ရွေး အချိန်၊ ပိုက်ဆံမကုန်ဘဲ သွားရင်း လာရင်း၊ လုပ်ရင်း ကိုင်ရင်း နဲ့ ရှုမှတ်နိုင်တယ် ( သတိပဌာန် အားထုတ်တယ်လို့ ​ခေါ်တယ် )

🙏 သတိပဌာန် အားထုတ်ခြင်းရဲ့ …. အမြင့်ဆုံး ရည်မှန်းချက်က …. အသင်္ခတ နိဗ္ဗာန်ကို ဉာဏ်က မျက်​မှောက်ပြုဖို့

🙏 အနိမ့်ဆုံး ရည်မှန်းချက်က …. ငါ၊ သူတစ်ပါးလို့ သတ်မှတ်ထားတာ တကယ်မရှိဘဲ …. တကယ်အရှိက ရုပ် ၊ နာမ် ၊ သင်္ခါရ သာလျှင် ရှိတယ်လို့ သိသွားဖို့

———————————-

🔸️ ဘာကို ဘယ်လို ရှုရမလဲလို့ သိသွားရင် …. ဝိပဿနာရှုရာမှာ မခက်​တော့ဘူး

♦️️ ” ဘာကို ” ဆိုတာက …. ပရမတ္ထ သ​ဘော

🔸️ နှာသီးဝ ၊ ဗိုက် စတာ​တွေကို ရှုရာမှာ …. ရုပ်သ​ဘောအထိ​ ရောက်​အောင် ရှုရမယ် ( ရုပ်သ​ဘော သာလျှင် ဝိပဿနာ အရှုခံ )

♦️️ ဘယ်လို ရှု ( ကြည့် ) ရမလဲ ဆိုတာက …. ​ပေါ်လာ​သော အာရုံ​တွေအ​ပေါ်မှာ လိုချင်မှု ၊ မလိုချင်မှု မရှိဘဲ ၊ ကိုယ့်ရဲ့ အတ္တမပါဘဲ…. သိကာမျှသိဖို့ ( ဝိ​နေယျ ​လော​ကေ အဘိဇ္စျာ ​ဒေါမနဿံ )

🔸️ သမာဓိ ​ကောင်းလာရင် …. ရှုကွက်​တွေက ကိုယ့်မျက်စိ​အောက် ​ရောက်လာတယ်လို့ ထင်ရတယ်

🔸️ သမာဓိရဲ့ ​ကောင်းတဲ့အချက်က …. ​အေးချမ်းတယ် ၊ တည်ငြိမ်တယ် …. ဒါ​ပေမယ့် ပုံရိပ်​တွေ ​ပေါ်လာတတ်တယ်

🔸️ နှလုံးသွင်းမှန်လို့ စိတ်​အေးချမ်းလာတဲ့ အခါ …. ကိုယ်မှာ​ပေါ်​သော ဒုက္ခ​ဝေဒနာဟာ သူနာသင့်တာ​​လောက်ဘဲ နာ​တော့တယ်( စိတ်ပူ​လောင်​နေရင် …. ပိုပြီးနာတယ် )

——————————–

⚜ ယ​နေ့ဆရာကြီး၏ တရား​ဆွေး​နွေးမှု​တွင် ​ဓမ္မမိတ်​ဆွေ သူ​တော်​ကောင်းများအဖို့ အဖိုးမဖြတ်နိုင်​သော ဓမ္မအသိများကို ရရှိနိုင်သည့်အတွက် တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်းနှိုး​​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4578050902260187&id=100001659663162


🌷 ( ၁၉ . ၁၁ . ၂၀၂၁ ) ရက်​နေ့ 🌷ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
**************************

🙏 တရားကို လိုချင်စိတ်များပြီး အရှုခံ အာရုံ​တွေကို ရှာ​ဖွေ​နေရင် …. ဘယ်​တော့မှ မ​တွေ့ဘူး

🙏 သူပြတာကို ​စောင့်ကြည့်ရင်းနဲ့ …. မှန်မှန်သိသွားရင် …. အသိဉာဏ်ဖြစ်ပြီး စိတ်က​အေးချမ်းလာမယ်

🙏 ရုပ် နဲ့ စိတ်ကို​ထွေ​ထွေထူးထူးရှာ​နေစရာ မလိုဘူး …. ​ပေါ်ရာ ၊ ပြရာ မှ ထင်ရှားရာကို ​စောင့်ကြည့်​နေရုံပါဘဲ

——————————–

♦️ ရုပ် နဲ့ စိတ် အပြန်အလှန် အလုပ်လုပ်​နေကြပုံ ♦️

🙏 ရုပ်ကို ကြည့်​နေရင်းနဲ့ သတိ​ကောင်းပြီး စိတ်ငြိမ်လာရင် …. သိ​နေတဲ့ စိတ်က​လေးကို ထင်ထင်ရှားရှား ​တွေ့သွားမယ် ( စိတ်အလုပ်လုပ်​နေတာကို …. ​တွေ့သွားမယ် )

🙏 သူပြ​နေတာက သ​ဘော တစ်ခု …. သိ​နေတာက သ​ဘော တစ်ခု …. သ​ဘော ( နှစ်ခု ) သာလျှင်ရှိတယ်လို့ သိသွားမယ်

🙏 စိတ်က ပြင်ချင်၊ ​ပြောင်းချင်တယ်ဆိုရင် …. စိတ်​ကြောင့်ဖြစ်​သော ရုပ်​တွေ​ရွေ့သွား၊ ​ပြောင်းသွားတယ်

🙏 တစ်ကိုယ်လုံးမှာရှိတဲ့ ဖွဲ့စည်းထားတဲ့ အရာအားလုံးဟာ …. ပုံသဏ္ဍာန်အားဖြင့် မတူကြ​ပေမယ့် …. သ​ဘော ( သဘာဝ ) အားဖြင့် တူကြတယ်

🔹️ အဆင်းကို မျက်စိကမြင်တယ် ဆိုတာထက် …. မျက်စိမှာရှိ​သော ပသာဒရုပ်က မြင်တာ ( စက္ခုပသာဒရုပ် )

🔹️ အဆင်း နဲ့ စက္ခုပသာဒရုပ်ထိတဲ့အခါမှာ …. မြင်စိတ် ဖြစ်တယ်

🔹️ အဆင်း ရယ် ၊ မျက်စိ ( စက္ခုပသာဒရုပ် ) ရယ် ၊ အလင်း​ရောင် ရယ် ၊ အာရုံစူးစိုက်မှု ရယ် …. ​လေးခု စုံမှ …. မြင်စိတ်ဖြစ်တယ်

🔹️ မြင်စိတ်ကို …. ဘယ်သူ ကမှဖန်တီးတာ မဟုတ်ဘူး …. ဒီ အ​ကြောင်း ​လေးခု မစုံရင် ဘယ်​သောအခါမှ မြင်စိတ်မဖြစ်ဘူး ( ထို့အတူ ကြားစိတ် ၊ နံစိတ် စသည်တို့သည်လည်း ထိုနည်းလည်း​ကောင်းပါ )

🔹️ မြင်တာသည် အ​​ကြောင်းတိုက်ဆိုင်လို့ မြင်တယ် …. မြင်သ​ဘောဟာ မြင်ပြီးရင် ​ပျောက်သွားတယ်

🔹️ မြင်စရာ အဆင်း အာရုံသည် …. မြင်ရုံမှ လွဲ၍ ၊ မြင်စိတ်ဖြစ်​စေရုံမှလွဲ၍ …. ဘာမှမဖြစ်​စေဘူး ( ကိုယ့်စိတ်ကသာ …. ကြိုက်တာ ၊ မကြိုက်တာ ဖြစ်လာတာ )

🔹️ စိတ်ဆိုတာ …. အာရုံ​တွေအ​ပေါ်မှာ …. မ​ကျေနပ်တာ ၊​ကျေနပ်တာ ၊ ကြိုက်တာ ၊မကြိုက်တာ ဖြစ်တတ်ပါလား …. အဲ့ဒီလို ကြိုက်ခြင်း၊ မကြိုက်ခြင်း ဖြစ်​နေတဲ့ စိတ်ဟာ မတည်ငြိမ်ပါလား ၊ မ​အေးချမ်းပါလားလို့ …. ရှုနိုင်ရင် ၊ သိနိုင်ရင် ​တော်​တော်တန်ဖိုးရှိတယ်

🔸️ ​နေ့စဥ် သွားလာ ၊ လှုပ်ရှား ​နေတဲ့ အချိန်​တွေမှာ …. အတတ်နိုင်ဆုံး မိမိစိတ် နဲ့ ကိုယ်ကို သတိထား​ ပေးပါ ( ​လေ့ကျင့်​ပေးပါ )

🔸️ အပြင် အာရုံနဲ့ တိုက်တဲ့အခါ စိတ်​လေး​တွေ ​ပေါ်လာတာကို သတိထားပြီး ​လေ့ကျင့်သွားရင် …. ရုပ်​ကြောင့် စိတ်ဖြစ်တယ်လို့ သိသွားမယ် ( အာရုံ နဲ့ ဒွါရတိုက်လို့ …. စိတ်ဖြစ် )

🔸️ စိတ်​တွေ ခိုင်း​စေလို့လည်း …. ရုပ်ကိုဖြစ်​စေတယ် ( စိတ္တဇရုပ် )

🔸️ ရုပ်​တွေ နာမ်​တွေဟာ သူဟာသူဖြစ်​နေကြတာကို ဘယ်အချိန်ထိကြည့်မလဲ ? …. သံသရာ မပြတ်မချင်း ကြည့်ရမယ်

🔸️ မဂ်ဉာဏ် ၊ ဖိုလ်ဉာဏ် ရသွားပြီးရင်လည်း …. အရှုခံ ရုပ် ၊ နာမ်ကိုဘဲ ပြန်ရှုကြရမှာဘဲ

🔸️ တစ်​ယောက်နဲ့ တစ်​ယောက် …. အာရုံယူကြတာခြင်း မတူကြဘူး

🔸️ မြင်ကွင်းသာ မတူကြ​ပေမယ့် …. လုပ်ရပ်က​တော့ အတူတူပါဘဲ ( သတိ ၊ သမာဓိ ​ကောင်းဖို့ )

🔸️ ဝင်​လေ၊ ထွက်​လေကို အကြာကြီးကြည့်​နေတာလည်း …. သတိ ၊ သမာဓိ ထူ​ထောင်တာဘဲ

🔸️ ထိတဲ့​နေရာ​လေးကို သိ​နေတာလည်း …. သတိ ၊ သမာဓိ ထူ​ထောင်တာပါဘဲ

🔸️ သတိ ၊ သမာဓိ ​ကောင်းလာရင် …. သ​ဘောကို ထပ်ပြီး​တွေ့လာမယ်

🔸️ သ​ဘောသည် …. ဝိပဿနာ အာရုံဖြစ်တယ်

🔸️ ဝင်တာထွက်တာဘဲ ​တွေ့​တွေ့ ၊ ထိ​​နေတာကိုဘဲ​တွေ့တွေ့ …. သ​ဘောကိုမ​တွေ့​သေးရင် …. ဝိပဿနာ မဖြစ်​သေးဘူး

🔸️ ပူ ၊ တိုး ၊ တင်း စတဲ့ သ​ဘော တစ်ခုခုကို​ တွေ့​ရင် …. ဝိပဿနာ လမ်း​ပေါ်​ရောက်သွားပြီး

🔸️ သ​ဘောကို​တွေ့လို့ ဆက်ပြီးသတိထား စူးစမ်း​နေရင် …. မမြဲတဲ့သ​ဘောကို ထပ်​တွေ့လာမယ်

🔸️ သတိ ၊ သမာဓိ သိပ်ပြီး မ​ကောင်း​သေးရင် …. သ​ဘော​တွေကို အစဥ်အတန်း အ​နေနဲ့ ​တွေ့ရတယ်

🔸️ သ​ဘော​တွေကို အစဥ်အတန်းအ​နေနဲ့ မဖြစ်​အောင် ​တွေ့ရဖို့ …. အနိစ္စလက္ခဏာ ကို နှလုံးသွင်း​ပေးပါ ( သ​ဘောကို​တွေ့ပါမှ )

🔸️ အနိစ္စဉာဏ်ဖြစ်ဖို့ …. အနိစ္စလို့လည်း နှလုံးသွင်း​ပေးရတယ် ( အကူဉာဏ် အ​နေဖြင့် )

🔸️ သိကာမျှ သိခြင်းဖြင့်လည်း …. သတိပို​ကောင်းလာမယ် …. အနိစ္စလက္ခဏာကို သိဖို့ တည့်လာမယ်

🙏 မိုးကုတ်ဆရာ​တော်ဘုရားကြီးက …. အနိစ္စလို့ သိပါ ၊ အနိစ္စလို့ နှလုံးသွင်းပါ ၊ အနိစ္စ လက္ခဏာကို မြင်​အောင် ကြည့်ပါလို့​ ဟောခဲ့တယ်

🙏 မြတ်စွာဘုရားရှင်က မိမိခန္ဓာကိုယ်ကို ကြည့်ပြီး …. ( ၁ ) ငါမဟုတ် ၊ သူမဟုတ် ၊ သူ့သဘာဝသာ ဖြစ်တယ် ( ၂ ) မမြဲ ၊ ဆင်းရဲ ၊ အစိုးမရ သ​ဘောသာလျှင်ရှိတယ်လို့ …. နားလည် သ​ဘော​ပေါက်သွားတယ်

~~~~~~~~~~~~~~~~~~~~~~~~~

🌷 ယ​နေ့ ဆရာကြီး၏ တရား​ဆွေး​နွေးမှုတွင် ” ရုပ် ၊ နာမ် သ​ဘောတို့၏ အလုပ်လုပ်ပုံ ၊ အ​​ကြောင်း အကျိုး ဆက်စပ်​နေကြပုံ ” တို့ကို ​​ဆွေး​နွေးထားသည့်အပြင် ဓမ္မမိတ်​ဆွေ​ယောဂီသူ​တော်​ကောင်းတို့၏ ဓမ္မအမြင်များကိုလည်း ​ဝင်​ရောက် ဆွေး​နွေးထားကြသဖြင့် …. ဓမ္မအသိ ပိုမိုရရှိ​စေဖို့ ဆရာကြီး၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်း နှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏 ​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://www.facebook.com/100207382416122/videos/478139606858224/


💥 ( ၂၀ . ၁၁ . ၂၀၂၁ ) ရက်​နေ့ 💥ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
———————————-

🔹️ အပြင်အာရုံ နဲ့ စိတ်နဲ့က …. အတွဲလိုက်ဖြစ်​​နေတယ်

🔹️ အပြင်အာရုံဆီဘဲ အာရုံထားတာ များပြီး …. ကိုယ့်စိတ်ကို အာရုံထားတာ နည်းတာ​ကြောင့် …. အပြင်အာရုံ​တွေရဲ့ ဆွဲ​ဆောင်ရာ​နောက် ပါသွားတယ်

🔹️ အပြင်အာရုံ​တွေ​ပေါ် မူတည်ပြီး …. တုံ့ပြန်တယ် ၊ ခံစားတယ် …. ဒါ​တွေနဲ့ဘဲ တစ်​နေ့​နေ့ ပူ​လောင်​နေကြရတယ်

🔹️ အပြင်အာရုံ ( မြင်စရာ ၊ ကြားစရာ စသည် ) တစ်ခုခုနဲ့ ကြုံ​တွေ့လိုက်တဲ့ အခါ ကိုယ့်ရဲ့ စိတ်ထဲမှာ ဘာ​တွေဖြစ်သွားသလဲလို့ …. သတိထားဂရုစိုက်​ပြီးကြည့်လိုက်ရင် …. ​အေးချမ်းပါတယ် 🔹️ သတိထားရင် …. ပစ္စုပ္ပန်လည်း တည့်လာမယ် ၊ ပရမတ်ကိုလည်း မြင်လာမယ်

♦️ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂ ပါးမှာ …. အဝိဇ္ဇာ နဲ့ စတယ် ၊ ဇရာ မရဏ မှာ ဆုံးတယ် …. အလယ်မှာရှိတဲ့ ” ဖဿ ” ဆိုတဲ့ စကားလုံးကို တွေ့လိမ့်မယ်

♦️ ဖဿ ဆိုတာ …. အာရုံ နဲ့ ဒွါရတိုက်ရင် စိတ်​ပေါ်တယ်

♦️ အာရုံ နဲ့ ဒွါရတိုက်လို့ စိတ်​ပေါ်​နေတယ်လို့ မသိရင် …. အဝိဇ္ဇာ ဖြစ်တယ် ( သိရင် …. ဝိဇ္ဇာ ဖြစ်တယ် )

♦️ ဒွါရ ( ၆ ) ပါးနဲ့ အာရုံ တွေ့ထိတဲ့အခါ …. စိတ်​တွေ​ပေါ်တယ်

♦️ အဲ့ဒီစိတ်​ပေါ်တဲ့ သ​ဘော​လေးကို သိလို့ရှိရင် …. ဝိဇ္ဇာ ဖြစ်တယ် ၊ သက္ကာယဒိဌိ ပြုတ်တယ်

♦️ အဲ့ဒီလို သ​ဘော​ပေါက်လို့ရှိရင် …. ပဋိစ္စသမုပ္ပါဒ် လည်ပတ်မှု အားနည်းသွားမယ် ( ​နောက်ဆုံး ရပ်သွားမယ် )

♦️ ငါ​ တွေ့တယ် ၊ ငါ မြင်တယ် ၊ ငါ နာတယ် လို့ဆိုရင် …. ဖဿ ​နောက်မှာ ​ဝေဒနာကူးသွားပြီး

♦️ ​ဝေဒနာဖြစ်ပြီးတဲ့ ​နောက်မှာ တဏှာ ဆက်သွားရင် …. ပဋိစ္စသမုပ္ပါဒ်လည်တယ် ( တဏှာ မဆက်ဘူးဆိုရင် …. ပဋိစ္စသမုပ္ပါဒ် ပြတ်တယ် )

♦️ ​ဝေဒနာ​ရှေ့က ဖဿ နေရာမှာတွင် နှလုံးသွင်း သ​ဘော​ပေါက်ထားရင် …. ​ဝေဒနာ မှာ ငါမပါ​တော့ဘူး …. တဏှာဆီကိုလည်း မဆက်​တော့ဘူး

♦️ မြင်စရာ​ကြောင့် မြင်စိတ်​ပေါ်တယ် ၊ ကြားစရာ​​ကြောင့် ကြားစိတ်​ပေါ်တယ်လို့ သိသွားရင် …. သက္ကာယဒိဌိ ပြုတ်တယ်လို့​ခေါ်တယ်

♦️ ကိုယ်မှာ​ပေါ်​သောရုပ်သ​ဘော နဲ့ စိတ်မှာ​ပေါ်​သော သိစိတ် ၊ ​ဝေဒနာ တို့ကို ​ကျေ​ကျေ ညက်ညက် ​လေ့ကျင့်ပြီးရင် …. အပြင်အာရုံနဲ့ ထိ​တွေ့မှု​တွေမှာလည်း ​လေ့ကျင့်ပါ

♦️ ကိုယ့်စိတ်မှာ ကြားတဲ့သ​ဘော​လေး ၊ မြင်တဲ့သ​ဘော​လေး ဖြစ်သွားတယ် ၊ ကြိုက်တဲ့သ​ဘော​လေး ၊ မကြိုက်တဲ့ သ​ဘော​လေး ဖြစ်သွားတာကို နှလုံးသွင်းမိသွားရင် …. အ​​ကြောင်း​ကြောင့် အကျိုးဖြစ်တယ် ၊ ရုပ်သ​ဘော နာမ်သ​ဘောသာလျှင် ရှိတယ်လို့ သ​ဘော​ပေါက်သွားမယ်

♦️ ဒီလိုသ​ဘော​ပေါက်​သွားရင် ( ဖြစ်တာ ၊ ပျက်တာကို မမြင်​သေးရင်​တောင် ) …. သက္ကာယဒိဌိ ပြုတ်တဲ့ အချိန် ၊ ပဋိစ္စသမုပ္ပါဒ် ရပ်​နေတဲ့ အချိန်ဖြစ်တယ်

🙏 အခု လက်ရှိ ရှုကျင့်​နေတဲ့ နည်းက …. ​ပေါ်တဲ့ အရာက​နေ စပြီး​တော့ တရားဖြစ်​အောင် ရှု​နေတဲ့ နည်း

🙏 ​ပေါ်တဲ့ အရာက ဘာသ​ဘောလဲ …. ပူသ​ဘော ၊ တိုးသ​ဘော စသည်ဖြင့် အရှုခံကို ​ရောက်လာ​အောင် ချဥ်းကပ်ပြီး …. ဘာကို ဘယ်လိုရှုရမလဲလို့ ကြိမ်ဖန်များစွာ သင်ကြားရင်းမှ …. အပြင်အာရုံ နဲ့ ​တွေ့တဲ့အခါ စိတ်ထဲမှာ ဘယ်လို ဖြစ်ရင် ( ပဋိစ္စသမုပ္ပါဒ် လည်တယ် ) ဘယ်စိတ်ထဲမှာ ဘယ်လို ရှုရင် ( ပဋိစ္စသမုပ္ပါဒ် ပြတ်တယ် ) ဆိုတာကို သိဖို့ …. လက်​တွေ့ အားထုတ်ပြီး စာ​တွေ့နဲ့ ကိုက်တာကို …. သင်​ပေး​နေတာ

🙏 အပြင်အာရုံ နဲ့ ​တွေ့တဲ့အခါ ( ဥပမာ မြင်စရာနဲ့ ​တွေ့တဲ့အခါ ) …. အစ ပထမမှာ အပြင်က အာရုံကို သတိထားမိမယ် …. ​နောက် ဒုတိယအ​နေနဲ့ ကိုယ့်စိတ်ထဲမှာ ဖြစ်သွားတဲ့ သ​ဘောကို သတိထားလိုက်ပါ

🙏 ကိုယ့်စိတ်ထဲမှာ ​ပေါ်လာတဲ့ သ​ဘော​တွေဟာ …. ကိုယ့်စိတ်မှာ ဖြစ်​ပေါ်လာ​သော အရှုခံ သ​ဘော​တွေပါဘဲ

🙏 ဒီလို နည်းစနစ်နဲ့သွားရင် …. လွယ်ကူတယ် ၊ အမှားအယွင်း နည်းတယ် ၊ သ​ဘော​ပေါက်တာ မြန်တယ် ( ​နောက်ဆုံး ဘုရား​ဟောတဲ့ စာနဲ့ အတိအကျ ကိုက်ညီတယ် )

🔸️ အာရုံ ရယ် ၊ ဒွါရ ရယ် ၊ သိတာ ရယ်လို့ ( သုံးခု ) အစဥ်မှာ …. ဒွါရကို မသိနိုင်ဘူး ၊ ရှုကွက်မှာ မ​ပေါ်နိုင်ဘူး ( ဉာဏ်နိမ့်တဲ့ အတွက်​ကြောင့် )

🔸️ ရှုကွက်မှာ …. အာရုံကို အရင်​တွေ့မယ် ၊ ပြီး​တော့သိစိတ်ကို သိလာမယ် ( အာရုံ ၊ ဒွါရ ၊ သိစိတ် သုံးခုမှာ …. ဒီ​လောက်သိရင် ရပြီး )

🔸️ အာရုံကို​ တွေ့တဲ့အခါ …. အာရုံကို သိတဲ့စိတ်ဖြစ်သွားတာကို သတိထားမိရင် …. ​နောက်ဆက်တွဲဖြစ်လာမယ့် မ​ကျေနပ်တဲ့စိတ် ၊ တုံ့ပြန်ချင်တဲ့စိတ်​တွေ မ​ပေါက်ဖွားနိုင် ၊ မကြီးထွားနိုင်​တော့ဘူး

🔸️ အာရုံ​ကြောင့် …. စိတ်ဖြစ်တယ် ( အာရုံ မရှိရင် …. စိတ် မဖြစ် )

🔸️ အပြင်အာရုံ ( အဆင်း ၊ အသံ ၊ အနံ့ စသည် ) ကို …. ရှုရမှာ မဟုတ်

🔸️ ရှုရမှာက …. အာရုံနဲ့​တွေ့ဆုံလို့ မိမိ စိတ်မှာ ဖြစ်သွားတဲ့သ​ဘော ( မိမိ ကိုယ်မှာ ဆိုရင် …. ပူ ၊ တိုး ၊ တင်း သ​ဘော )

🔸️ မြင် သ​ဘော ၊ တိုး သ​ဘော ​တွေဟာ …. တရားရှုရမယ့် ခန္ဓာ​တွေပါဘဲ

🔸️ ထိုင်ပြီး​တော့ ရှုမှတ်တဲ့အခါ အရှုခံရုပ်ကို ​တွေ့ဖို့ …. နည်းနည်း အချိန်​ပေးရ​သေးတယ်

🔸️ လှုပ်ရှား သွားလာလို့ အပြင်အာရုံနဲ့​ တွေ့ဆုံရတဲ့အခါ …. မြင်တဲ့ အခိုက်မှာ မြင်စိတ်ဖြစ်တာသိဖို့ အချိန်မ​ပေးရဘူး ( သတိကို​ ကောင်းစွာထားရမည် )

🔸️ ရုပ်ကို ရှုတာ နဲ့ စိတ်ကိုရှုတဲ့အခါမှာ …. သတိထားတတ်ရင် …. စိတ်ကို ရှုရတာ လွယ်တယ်

🔸️ အပြင် အာရုံ နဲ့ ​လေ့ကျင့်တဲ့အခါမှာ …. သတိလည်း ပို​ကောင်းတယ် ၊ ပစ္စုပ္ပန်လည်း ပိုတည့်တယ် ၊ သိသ​ဘော တုံ့ပြန်ချင်တဲ့သ​ဘောကို ချက်ချင်းမြင်တယ်

🔸️ ဒါ​ပေမယ့် …. သမာဓိ အားနည်း တတ်တယ် ၊ သတိကို ပိုပြီးထားရမယ် ( သတိပိုမထားရင် …. အ​တွေးဝင်မယ် ၊ ကိ​လေသာဝင်မယ် )

🔸️ ​နေ့စဥ် လှုပ်ရှား သွားလာမှု​တွေမှာ သတိ​လေးထား​နေရင် …. တရားအားထုတ်​နေတာပါဘဲ

🔸️ အလုပ်မှန်ရင် …. အသိဉာဏ်​ ပေါ်ကို …. ​ပေါ်တယ်

🔸️ မြင်စရာ နဲ့ ​တွေ့တဲ့အခါ …. မြင်စရာ​နောက် မလိုက်သွားချင်ရင် …. မြင်တဲ့ သ​ဘောပါလားလို့ နှလုံးသွင်း​လေး ထည့်ရမယ် ( ​ယောနိ​သော မနသိကာရ )

🔸️ ကိုယ့်စိတ် ကိုယ်ရှုသလို …. တခြားသူမှာ ဖြစ်​နေတဲ့စိတ်ကိုလည်း နှလုံးသွင်းနိုင်တယ် ( သူ့ရဲ့စိတ်မှာ ​လောဘ​တွေဖြစ်​နေပါလား ၊ ​ဒေါသ​တွေဖြစ်​နေပါလား လို့ နှလုံးသွင်းရမယ် )

———————————–

🙏 ယ​နေ့ ဆရာကြီး၏ တရား​ဆွေး​နွေးမှုတွင် ” ဖဿ၏ သ​ဘော နှင့် ဖဿကို ရှုပုံ ” တို့အပြင် ” ပဋိစ္စသမုပ္ပါဒ်လည်ပုံ ပြတ်ပုံ ” အ​ကြောင်းအရာများစွာကို ​​ဆွေး​နွေးထားသဖြင့် ဓမ္မမိတ်​ဆွေ​ ယောဂီ သူ​တော်​ကောင်းများအ​နေဖြင့် ဓမ္မအသိထူးများသိမြင်နိုင်​စေဖို့ …. ဆရာကြီး၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်း နှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4584621131603164&id=100001659663162


🌟 ( ၂၂ . ၁၁ . ၂၀၂၁ ) ရက်​နေ့ 🌟ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

🙏 ကုသိုလ်​တွေထဲမှာ အမြတ်ဆုံး ကုသိုလ်က …. ဝိပဿနာ ဘာဝနာကုသိုလ်ပါ

🙏 ဘုရားပွင့်တဲ့ကာလနဲ့ကြုံမှ …. ခန္ဓာဉာဏ်​ရောက် တရား​တွေ နာကြား အားထုတ်လို့ရပါတယ်

🙏 ဘုရားက တရားကို …. တစ်လံမျှ​လောက်​သော မိမိရဲ့ ခန္ဓာထဲမှာဘဲ ရှာရမယ်လို့​ ဟောကြားခဲ့ပါတယ်

🙏 ခန္ဓာကိုယ်​မှာ ​ပေါ်​နေ​ ​​​သော အရှုခံ အများကြီးထဲမှာ ဘာကိုရှုရမယ်လို့ မသိကြဘူး …. ကိုယ် နဲ့ စိတ်ကို အာရုံပြု ၊ သတိထားပြီး ” ထင်ရှားရာ ” ကို ရှုရမယ်🙏 ​နောက်ပြီး ထင်ရှားရာ​နေရာမှာ ဘာသ​ဘော​တွေရှိလဲဆိုတာ​ တွေ့ဖို့ …. သမာဓိရှိမှ ​တွေ့နိုင်ပါမယ် ( စိတ်မပျံ့လွင့်​အောင် သတိထားပါ )

🙏 ထင်ရှားတဲ့နေရာမှာ ရှုရင်း ရုပ်သ​ဘောကို ​တွေ့သွားပြီး​နောက် …. ဘယ်​နေရာကြည့်ကြည့် တစ်ကိုယ်လုံးမှာ ဒီရုပ်သ​ဘော​တွေသာလျှင်ရှိတယ် ၊ အတူတူပါဘဲ ဆိုတာ သိသွားမယ်

🙏 ” သွား​နေတာက ရုပ် ၊ ခိုင်း ( သိ ) ​နေတာက နာမ် ” ဆိုတဲ့​နေရာမှာ …. လှုပ်ရှားမှု ​တွေကို သတိထားရင်း သတိ​ကောင်းလာတဲ့အခါ …. ( ပူ ၊ တိုး ၊ တင်း စတဲ့ ) ရုပ်သ​ဘော​တွေကို ​တွေ့သွားမယ်

🙏 ရုပ်သ​ဘော​တွေကို ရှုရင်း …. သတိအဆက်မပြတ်​ကောင်းလာတဲ့ အခါ …. ခိုင်း​​နေတဲ့ ၊ သိ​နေတဲ့ စိတ်ကို ​တွေ့သွားမယ်

🙏 သိ​နေတဲ့ စိတ်ကို​​တွေ့ပြီး ဆက်ရှုရင် …. သွားချင်စိတ် ၊ လှုပ်ချင် စိတ် ၊ ကြွချင် စိတ် ၊ လှမ်းချင် စိတ် ၊ ချချင် စိတ်​တွေကို တစ်ခုပြီးတစ်ခု ​တွေ့သွားမယ်

🙏 လမ်း​လျောက်တဲ့ အခါ …. လမ်း​လျောက်​နေတာကို သတိမထားဘဲ …. လမ်း​လျောက်ချင်တဲ့စိတ်ကို ရှာ​နေရင် …. ရှာ​နေတာကို မ​တွေ့ဘဲ ဖြစ်တတ်တယ် ( မှားတတ်တယ် )

🙏 လမ်း​လျောက်​နေဆဲမှာ စိတ်တစ်ခုက ခိုင်း​နေတာကို …. ​တွေ့ကို မ​တွေ့ဘူး

🙏 ဘာ​ကြောင့်လဲ …. အဲ့ဒီစိတ်ကို ​တွေ့နိုင်တဲ့ …. သတိ ၊ ဝီရိယ ၊ သမာဓိ ၊ ပညာ မရှိလို့

🙏 သတိ ၊ ဝိရိယ ၊ သမာဓိ ၊ ပညာတွေ ရှိ​အောင် ဘယ်လိုလုပ်မလဲ …. ​ရှေ့မှာပြ​နေ​သော ၊ ထင်ရှား​နေတဲ့ သ​ဘော ( ​ခြေ​တွေ လက်​တွေ ​ရွေ့လျားလှုပ်ရှား​နေတဲ့ သ​ဘော ၊ ပူ သ​ဘော ၊ တိုးသ​ဘော ၊ တင်းသ​ဘော ) ကို သိရင်းမှ …. သတိ ၊ သမာဓိ ​ကောင်း​အောင် ​လေ့ကျင့်ရမယ်

🙏 တစ်ဆင့်ချင်း ​လေ့ကျင့်​တော့မှ …. ရုပ် ၊ နာမ် ကို ​တွေ့ပါတယ်

🙏 လွယ် မလိုလို နဲ့ ခက်တယ် …. ခက် မလိုလို နဲ့ ​တွေ့သွားပြန်​တော့လည်း လွယ်သွားပြန်​ရော

🙏 သွားချင်တဲ့ စိတ်​ကြောင့် သွားတာမှန်​သော်လည်း …. တကယ် လက်​တွေ့ရှုတဲ့အခါ ” သွား​နေဟန် ရုပ် ” ကို အရင်​ တွေ့ရမယ်

🙏 ရုပ်ကို ​တွေ့ပြီး​တော့မှ …. ခိုင်း​နေတဲ့ စိတ် ( နာမ် ) ကို ​တွေ့လာလိမ့်မယ်

♦️ ဝိသုဒ္ဓိမဂ်မှာ …. ဝိပဿနာကို တိုက်ရိုက်ရှုတဲ့သူဟာ …. နာမ်က​နေ စရှုလို့ မလွယ်ဘူးဆိုတာ ​တွေ့ရတယ်

♦️ သမထယာနိကသမား​တွေ မှာ သမာဓိထူ​ထောင်ပြီး …. ပထမစျာန် အနည်းဆုံး ရထားတဲ့သူက နာမ်ဖြစ်​စေ ၊ ရုပ်ဖြစ်​စေ ကြိုက်ရာကို ရှုလို့ရတယ်

♦️ ဝိပဿနာယာနိက သမား​တွေက …. ရုပ်ကဘဲ စပြီး ရှုရပါမယ်

♦️ ​နောက်ပိုင်း ကျွမ်းကျင်စွာ ရှုနိုင်သွားရင် …. ရုပ်ကိုရှုရင်း နာမ်ကို တစ်ခါထည်း ​တွေ့ပါတယ် …. နာမ်ကိုသတိထားလိုက်ရင်လည်း ရုပ်​တွေကို ခိုင်း​နေတဲ့ သ​ဘော​လေးကို ​တွေ့ပါတယ်

🔹️ အပြင်အာရုံနဲ့ ​လေ့ကျင့်တဲ့အခါ ( ဥပမာ အဆင်းအာရုံ ) …. ပထမဦးဆုံး အရာဝတ္ထု သက်ရှိ ၊ သက်မဲ့​တွေကို မြင်မယ် …. မြင်တာကို သတိထားလိုက်ရင် …. သတိအား​ကောင်းလာတဲ့အခါ …. ကိုယ့်စိတ်မှာ မြင်တဲ့သ​ဘော​လေးဖြစ်သွားတာကို ​တွေ့မယ် ( မြင်တာက အဆင်းရုပ် ၊ အဆင်းရုပ်​ကြောင့် မြင်စိတ်​ပေါ်တယ် )

🔹️ ကိုယ့်ရဲ့ အရှုခံသ​ဘော​လေးကို​ မှန်မှန်ကန်ကန် တွေ့ဖို့ …. အရှုခံ​တွေအ​ပေါ်ချဥ်းကပ်ပုံ ချဥ်းကပ်နည်းက အ​ရေးကြီးပါတယ်

🔹️ ( ချဥ်းကပ်ပုံ ) …. ထင်ရှားရာ ရှုပါ ၊ သတိထားပါ ၊ စိတ်ကို ငြိမ်​အောင်ထားပါ ၊ ​ပေါ်လာတဲ့ သ​ဘော​တွေကို ဆက်ရှုပါ

🔹️ ဘာဘဲ​ပေါ်​ပေါ် ဒီ​နေရာမှာ ရုပ်သ​ဘော​တွေရှိတယ်လို့ သိထားရင် …. ​နောက်တစ်​နေရာမှာ ( အရှုခံ ) ကို မရှာ​တော့ဘူး

🔹️ အကယ်၍ မူလရှု​နေဆဲနေရာမှာ ရှုရင်း …. အရှုခံ မထင်ရှား​တော့ဘဲ ​ပျောက်သွားရင် ( သို့မဟုတ် ) စိတ်ကမ​နေ​တော့ဘဲ အခြားတစ်​နေရာ ( အရှုခံ ) ကို ကူး​နေရင် …. စိတ်က အသာက​လေး ၊ အလိုက်သင့်က​လေး လိုက်သွားပြီး …. ​နောက်ထပ်​စိတ်​ရောက်​သော​နေရာ ထင်ရှားရာကိုဘဲ ဆက်ပြီးရှုသွားရင် …. စိတ်က မပင်ပန်း​တော့ဘဲ ၊ သက်​သက် သာသာဘဲ ရှုလို့ ရသွားလိမ့်မယ်

🔹️ အရှုခံ အာရုံကို အလိုက်သင့်က​လေး ရှုတတ်သွားရင် …. လူမပင်ပန်းဘူး ၊ ရှုကွက် ( ရှုစရာ အာရုံ ) ကိုလည်း ​တွေ့ရလွယ်ကူမယ်

🔹️ ကိုယ့်စိတ်မှာ ​ပေါ်ရာ​လေး​တွေကို သတိ​လေးထားပြီး သုံးသပ်သွားမယ်ဆိုရင် …. မြင်မြင်သမျှ ၊ ကြားကြားသမျှ ၊ လှုပ်လှုပ်သမျှ ​တွေကို …. ရှု တတ်သွားမယ်

🔹️ အရှုခံအာရုံ တစ် အာရုံထည်းကိုဘဲ ​ကျောက်ချပြီး ရှု​နေတာထက်စာရင် …. ​ပေါ်လာသမျှ အာရုံ​အ​ပေါ်မှာ သတိထားတဲ့ အကျင့်​လေးလုပ်ရင် …. တရားနဲ့ ​နေတတ်သွားတာ ဖြစ်သွားလိမ့်မယ် ၊ တရားသ​ဘောကို​တွေ့ဖို့ သိပ်ပြီး မခဲယဥ်း​တော့ဘူး

🔹️ အရှုခံ အာရုံ​တွေကို သတိထားရင်း …. စိတ်ကို​တွေ့လိုက် ၊ ရုပ်သ​ဘောကို​တွေ့လိုက် ၊ တစ်ခါတ​လေ စိတ်နဲ့ရုပ်ကို အတွဲလိုက် ​တွေ့သွားပါလိမ့်မယ်

🔹️ သတိလက်လွတ်​နေမယ့်အစား …. သွားလာ ၊ လှုပ်ရှား ၊ မြင် ကြား ၊ စား​သောက် မှု​တွေမှာ …. သတိနဲ့ ​နေသွားရင် …. တရားသ​ဘော​တွေကို ​တွေ့လာမှာ ဖြစ်ပါတယ်

~~~~~~~~~~~~~~~~~~~~~~~~~( ဝင်​လေ ထွက်​လေ ရှုရာမှာ ) ….

🔸️ နှာသီးဝကို သတိထားရင်း …. ထိ သ​ဘော ၊ ပူ သ​ဘော ၊ တိုး သ​ဘော စတာ​တွေကို အာရုံမပြုဘဲ ” ( ဝင်​လေ ) ဝင်တယ် ဝင်​လေလည်း ဆုံးသွား​ရော …. ဝင်​လေ မရှိ​တော့ဘူး ၊ ( ထွက်​လေ ) ထွက်တယ် ၊ ထွက်​လေလည်း ဆုံးသွား​ရော ထွက်​လေ မရှိ​တော့ဘူး ” လို့ …. ရှုမှတ်​နေတတ်ကြတယ်

🔸️ သ​ဘော​တွေကို မ​တွေ့​သေးဘဲ …. ” မရှိ​တော့ဘူး ” ဆိုပြီး ရှုမှတ်တတ်ကြတယ် ( သ​ဘောကို အရင်​တွေ့ဖို့ လိုတယ် …. တစ်ခု​ကျော်​နေသလိုဖြစ်​နေတယ် )

🔸️ ရုပ်ရဲ့သ​ဘော​တွေကို မ​တွေ့​သေးဘဲ …. ​လေရဲ့ ဝင် ၊ ထွက် လမ်း​ကြောင်း​တွေကိုသာ ရှုမှတ်​နေတာ ဖြစ်တယ်

🔸️ ​လေရဲ့ လမ်း​ကြောင်းကို ရှုမှတ်​နေတာက …. သမထ ၊ သမာဓိ ဖြစ်တယ်

🔸️ သ​ဘောကို ​တွေ့မှသာ …. ဝိပဿနာ ဖြစ်မယ်

🔸️ ဝင်​လေ ၊ ထွက်​လေ မရှိတာကို ရှုမှတ် ရတာမဟုတ်ပါ …. ဝင်​လေ ၊ ထွက်​လေ ​ကြောင့် ​ပေါ်လာ​သော ( ပူ ၊ တိုး ၊ တင်း စတဲ့ ) သ​ဘော​တွေ ​ပေါ်လိုက် ၊ ​ပျောက်လိုက် ဖြစ်​နေတာကို ရှုမှတ်ရတာပါ ( ဒီ အ​​ခြေခံကို ​ကျေညက်​အောင် …. ရှု ရပါမယ် )

🔸️ သတိပဌာန်မှာ အဓိက အနှစ်သာရ အကျဆုံးက …. ” သိကာမျှသိ ” ပါဘဲ

🔸️ သိကာမျှသိရင် …. စွဲလမ်းခြင်း ၊ တွယ်တာခြင်း​တွေ မရှိ​ဘူး

🔸️ သိကာမျှမသိလိုက်ဘဲ အာရုံ​နောက်ကို လိုက်သွားရင် …. ကြိုက်တာ ၊ မကြိုက်တာ ​တွေဖြစ်လာပါတယ်

🔸️ မြင်တဲ့အချိန်မှာ ကိုယ့်စိတ်ကို သတိထားလိုက်ပါ …. ကိုယ့်စိတ်မှာ ထင်ရှား​နေတာဟာ …. ကိုယ့်ရဲ့ အရှုခံပါဘဲ

~~~~~~~~~~~~~~~~~~~~~~~~~~

🌷 ယ​နေ့ တရား​ဆွေး​နွေးမှုတွင် ” ဆရာကြီး၏ တရားအားထုတ်မှု အ​တွေ့အကြုံများအပြင် ဓမ္မမိတ်​ဆွေများအဖို့ တရားရှုမှတ်ပုံ အဆင့်ဆင့် ” ကိုလည်း ဓမ္မအသိထူးများရရှိ​အောင် ​ဆွေး​နွေး​​​ပေးထားပါသဖြင့် ဆရာကြီး၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်း နှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ့ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4590918027640141&id=100001659663162


🍀 ( ၂၃ . ၁၁ . ၂၀၂၁ ) ရက်​နေ့ 🍀ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
***************************

🔸️ ခန္ဓာ ဉာဏ်​ရောက် အားထုတ်တဲ့အခါမှာ …. အ​ခြေခံ​ ကျေညက်ဖို့ လိုတယ်

🔸️ အ​ခြေခံ​ ကျေညက်ဖို့ …. အဓိက အချက် နှစ် ချက် လိုတယ် …. ( ၁ ) ဝိပဿနာ အရှုခံမှန်ဖို့ ( ၂ ) စိတ်ထား မှန်ဖို့ပါ

🔸️ ဝိပဿနာ အရှုခံမမှန်ဘဲ ​ပေါ်သမျှအားလုံးကို …. ရှု​နေရင်လည်း …. ဝိပဿနာမဖြစ်ဘူး

🔸️ ဝိပဿနာ အရှုခံဆိုသည်မှာ …. ကိုယ်မှာ​ပေါ်​သော သ​ဘောသဘာဝ နဲ့ စိတ်မှာ​ပေါ်​သော သ​ဘောသဘာဝ သာဖြစ်တယ်

🔸️ လက်​တွေ့အားထုတ်တဲ့အခါ …. ကိုယ်မှာ​ပေါ်​သော သ​ဘော နှစ်ခုကို​ တွေ့ရတယ် ( ပထမ တစ်ခုက ) မျက်စိနဲ့ မြင်နိုင်တဲ့ ကိုယ်အဖွဲ့အစည်း ( ဒုတိယ တစ်ခုက ) စိတ်နဲ့သာ အာရုံပြုနိုင်​သော ပူ ၊ တိုး ၊ တင်း စ​သော သ​ဘော​တွေ ဖြစ်တယ်

🔸️ သတိ ၊ ဝီရိယ ထားပြီး သမာဓိ​တွေ တည်ငြိမ်လာတဲ့ အခါ စိတ်နဲ့သာ အာရုံပြုနိုင်​သော ပူ ၊ တိုး ၊ တင်း စ​သော သ​ဘော​တွေကို ရှင်းရှင်းလင်းလင်း မြင်လာပါလိမ့်မယ်

🔸️ စိတ်မှာ​ပေါ်​သော သ​ဘော သဘာဝ​တွေဟာ မျက်စိနဲ့ မမြင်နိုင် …. စိတ်နဲ့ဘဲ မြင်နိုင် ၊ သိနိုင် ပါမယ် ( စိတ်မှာ ဖြစ်​သော သိသ​ဘော ၊ ခံစားသ​ဘော ၊ မှတ်သားသ​ဘော ၊ တိုက်တွန်း တုံ့ပြန်တဲ့ သ​ဘော စသည် )

🔹️ တရားစတင်အားထုတ် စ မှာ ကိုယ်​ပေါ်မှာ​ပေါ်​သောသ​ဘော ၊ စိတ်မှာဖြစ်​သော သ​ဘော​တွေကို …. နာမည်​တွေ တပ်ပြီး ရှု​လေ့ရှိကြတယ် ( ဥပမာ …. နှာသီးဝ ၊ ဗိုက် ၊ ဝင်​လေ ထွက်​လေ ၊ ပိန်တယ် ​ဖောင်းတယ် ၊ မြင်စိတ် ၊ ကြားစိတ် ၊ မ​ကျေနပ်စိတ် ၊ ​လှုပ်ချင် ပြောင်းချင် စိတ် စသည် )

🔹️ အ​လေ့အကျင့်များလာတဲ့အခါ သတိ​​တွေ ၊ အာရုံစူးစိုက်မှုတွေ​ ကောင်းလာရင် …. အရှုခံအာရုံ​တွေအ​ပေါ်မှာ နာမည်တပ်တဲ့ အလုပ်​ကို ပြန်ဖြုတ်ရမယ်

🔹️ ​နောက်ဆုံး ” အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ” ကိုလည်း နာမည်မတပ်ဘဲ ရှုရမယ် ( တဖြည်းဖြည်းနဲ့ နာမည်မတပ်ဘဲ ရှုနိုင်သွားတဲ့အထိ …. အ​လေ့အကျင့်ကို လုပ်ရမယ် )

🔹️ နာမည်တပ်လိုက်ခြင်းဖြင့် …. အလုပ်တစ်ခုကို ပိုလုပ်​နေရသလိုဖြစ်​နေတယ်

🔹️ အလုပ်တစ်ခု ပိုလုပ်​နေရတဲ့အတွက် …. စိတ်က​နေပြီး သ​ဘော​တွေအ​ပေါ်မှာထား​သော သတိ အားနည်းသွားတယ်

🔹️​နောက်ပိုင်း ရှုတဲ့အခါ …. ​ပေါ်တာနဲ့ သိ ၊ သိရုံမျှဘဲသိ လို့ တဖြည်းဖြည်းနဲ့ ​လေ့ကျင့်သွားရမယ်

🔹️ တကယ် ပရမတ်စစ်စစ် ၊ ဝိပဿနာ အရှုခံစစ်စစ် ကို ရှုချင်ရင် …. ပုံသဏ္ဍာန်လည်းကင်းရမယ် ၊ နာမည်မတပ်ဘဲ သိနိုင်တဲ့ ဉာဏ်မျိုးဖြစ်​အောင်လည်း …. ကြိုးစားပါ

🔹️ တရားအားထုတ်ရင်း ရှုစိတ်ရဲ့ စွမ်းအား မြင့်လာရမယ် …. မ မြင့်လာရင် အရှုခံ​ပေါ် တဖြည်းဖြည်း ငြီး​ငွေ့သွားမယ် ၊ ပျင်းရိသွားတတ်တယ်

🔹️ ဝိပဿနာ ဉာဏ်ဖြစ်ချင်ရင် …. ဝိပဿနာ အရှုခံ မှန်ဖို့လိုတယ် ၊ ရှု​နေတဲ့စိတ်လည်း မှန်ကန်ဖို့လိုတယ်

🙏 ဘာလာလာ ဖြစ် ပျက် ရှုဖို့ …. ဝိပဿနာ အရှုခံ ခန္ဓာ ငါးပါး ကို ( ပိုင်းပိုင်းခြားခြား ၊ ပိုင်ပိုင်နိုင်နိုင် ၊ ပြတ်ပြတ်သားသား ၊ ​သေ​သေချာချာ ၊ သန့်သန့်​လေး ) ​တွေ့သွားပြီးမှ …. ဖြစ်ခြင်း ၊ ပျက်ခြင်းကို ရှုရပါမယ်

🙏 ဉာတပရိညာ ဆိုသည်မှာ …. သင်ကြားတာ ၊ ဆင်ခြင်တာ​လောက်နဲ့ ကိုယ်​တွေ့ ပီပီပြင်ပြင် မ​တွေ့​သေးဘဲ သိတာ​မဟုတ်​သေးဘူး ( ရုပ်သ​ဘော ၊ နာမ်သ​ဘောကို ကိုယ်​တွေ့ ရှင်းရှင်းလင်းလင်း ဉာဏ်မှာ ပိုင်းခြားပြီး သိတာဖြစ်ရပါမယ် )

🙏 ကိုယ့်ရဲ့ အတ္တ​ဖြင့် …. စိတ်က အပိုအလုပ်မလုပ်ရင် ​အေးချမ်းတယ်

🙏 အာရုံကို ရှာ​နေခြင်း ၊ အာရုံကို မ​ပျောက်သွား​အောင် အားစိုက်​ထားခြင်း တို့က …. စိတ်ကို ပင်ပန်း​စေတယ် ( အပိုအလုပ်​တွေကို လုပ်​စေတယ် )

🙏 သိကာမျှသိ ဆိုတာ …. အပို​တွေမလုပ်နဲ့ ၊ သိတာ တစ်ခု ထည်းကိုဘဲ လုပ်တာကို​ ခေါ်တာ

🙏 သူပြတာကို ကြည့်​နေမယ် ၊ သိ​နေမယ် ၊ နှလုံးသွင်းမှန်​နေမယ် ဆိုရင် …. ” ငါ ” ကို ခွာ​နေတာပါဘဲ

🙏 ဝိပဿနာ ဉာဏ်ဖြစ်ဖို့ …. အရှုခံလည်း စင်ကြယ်ရမယ် ၊ ရှုစိတ်လည်း စင်ကြယ်ရမယ်

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

ယ​နေ့ ဆရာကြီး၏ တရား​ဆွေး​နွေးမှုတွင် ♦️ ” အရှုခံအာရုံ​တွေအ​ပေါ် အမည်နာမ မတပ်ဘဲ လေ့ကျင့်ရှုမှတ်ရပုံ နှင့် ဘာလာလာ ဖြစ်ပျက်ရှုဖို့ထက် အ​ခြေခံရုပ်သ​ဘော ၊ နာမ်သ​ဘောများကို ဉာဏ်၌ စင်ကြယ်စွာ ပိုင်းခြားသိနိုင်ဖို့ ပထမဦးစွာ အ​ရေးကြီးပုံ ” ♦️ တို့ကို အ​သေးစိပ်​ဆွေး​နွေးထားသဖြင့် တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်းနှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4594141483984462&id=100001659663162


🍁 ( ၂၄ . ၁၁ . ၂၀၂၁ ) ရက်​နေ့ 🍁ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း

~~~~~~~~~~~~~~~~~~~~~~~~~~

🔹️ ပူသ​ဘော ၊ တိုးသ​ဘော စ​သောရုပ်သ​ဘော​တွေကို ​တောက်​လျောက်သိ​နေရုံဖြင့် ဝိပဿနာ ဖြစ်ပြီလား …. အရှုခံသ​ဘော​ တွေ့ရုံဖြင့် ဝိပဿနာမဖြစ်​သေးပါ

🔹️ ဝိပဿနာဖြစ်ဖို့ ​နောက်ထပ် သ​ဘောတစ်ခု ( မမြဲသ​ဘော ၊ ​ပြောင်းလဲ​နေ​သောသ​ဘော ) ကို …. ထပ်​တွေ့ရပါမယ်

🔹️ ပူတဲ့သ​ဘော ၊ တိုးတဲ့သ​ဘော​လေးကို အကြာကြီး တဆက်တည်း ကြည့်​နေတာထက် …. ” ပူတယ် ၊ စူးစမ်းတယ် ၊ မမြဲတာ​လေး ​တွေ့တယ် ” လို့ ရှု​နေရင် ​တွေ့​နေရင် ဝိပဿနာဟာ အချိန်တိုင်းဖြစ်​နေမယ်

🔹️ ပူတာ တစ်ချက်​တွေ့တယ် ၊ မမြဲတာ တစ်ချက်သိတယ် …. ဒါမှ ဝိပဿနာလို့​ခေါ်တယ်

🔹️ ပူ​တဲ့သ​ဘောကို တွေ့ရက်သားနဲ့ ဝိပဿနာ မဖြစ်ဘူးဆိုရင် …. ​တော်​တော်ဆုံးရှုံးတယ်

🔹️ ရုပ်ခန္ဓာ ၊ နာမ်ခန္ဓာ​တွေကို​တွေ့တဲ့ တစ်ချက်တိုင်း တစ်ချက်တိုင်းမှာ …. မမြဲဘူးဆိုတာ​လေးကို ကပ်လိုက်​ပေးရမယ်

♦️️ ​တွေ့​နေတဲ့ အာရုံ​တွေကို မလွတ်​အောင် ​သေ​သေ​ချာချာ စူးစူးစိုက်စိုက်ကြည့်ရင် …. သမာဓိ ရလာမယ် ( စျာန်အဂ်ါ​တွေ ရလာတယ် )

♦️️ အာရုံတစ်ခုထည်းမှာဘဲ တည်ငြိမ်​အေးချမ်းပြီး ထင်ရှားလာရင် ( အဲ့ဒီအာရုံ​ပေါ်မှာ သမာဓိရလာရင် ) …. အာရမ္မဏူပစျာန်

♦️ ပူတဲ့သ​ဘောကိုဘဲ​​တွေ့​နေ​သေးရင် …. သမာဓိဘဲ ဖြစ်​သေးတယ်

♦️ ​နောက်လက္ခဏာတစ်ခုဖြစ်တဲ့ …. မမြဲဘူးဆိုတဲ့ လက္ခဏာနဲ့ ပြည့်စုံမှ …. ဝိပနာဖြစ်တယ်

♦️ မမြဲဘူးဆိုတဲ့လက္ခဏာ ​တွေ့တဲ့အချိန်မှာ …. လက္ခဏူပစျာန် ဖြစ်တယ်

♦️ သမာဓိ ( နှစ် ) မျိုးရှိတယ် …. ( ၁ ) ပူတာကို သိတဲ့ သမာဓိ ( ၂ ) ပူတာရဲ့ ပျက်တာ မမြဲတာကို ​တွေ့တဲ့အချိန်မှာရှိတဲ့ သမာဓိ

♦️ အာရုံတစ်ခုတည်းကိုဘဲ စိုက်စိုက်စူးစူး ရှု​နေရင် …. သမထ သမာဓိ ( အပ္ပနာသမာဓိ )

♦️ ​ပေါ်လာတဲ့ အာရုံမှန်သမျှကို သတိထား ၊ ဝီရိယစိုက်ပြီး ပညာနဲ့ သုံးသပ်​နေရင် …. ဝိပဿနာ သမာဓိ ( ခဏိက သမာဓိ )

♦️ ဝိပဿနာ သမာဓိ ( ခဏိက သမာဓိ ) အား​ကောင်းပြီး မလွတ်တမ်း သိနိုင်ရင် …. ဥပစာရ သမာဓိ လို့​ခေါ်တယ် ( အပ္ပနာသမာဓိ ​လောက်မဖြစ်​သော​ကြောင့် )

🔸️ သမာဓိသည် ဝိပဿနာဉာဏ်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်​သော တရားတစ်ခုဖြစ်တယ်

🔸️ ခဏိက သမာဓိ ၊ ဥပစာရသမာဓိ​လောက်မှမရှိရင် …. ဝိပဿနာဉာဏ် မဖြစ်

🔸️ သမာဓိလွန်ပြီး အာရုံ​ပေါ်မှာ စူးစိုက်သွားရင် …. ဝိပဿနာမဖြစ်ဘဲ သမထဖြစ်ပြီး …. မမြဲသ​ဘောကို မ​တွေ့နိုင်

🔸️ ဝိပဿနာ သမာဓိသာလျှင် …. ဝိပဿနာ ဉာဏ်ကို ဖြစ်​စေတယ်

🔸️ အစပိုင်း သမ္မသနဉာဏ်မှာ …. ပူတာ​တွေ့တယ် ၊ မမြဲဘူးစဥ်းစားတယ်

🔸️ ​နောက်ပိုင်း ရှုမှတ်မှု​တွေအား​ကောင်းလာရင် …. မမြဲဘူးလို့ စဥ်းစားစရာမလိုဘဲ …. မမြဲဘူးလို့ အလို​လျောက် သိသွားတယ်

🔸️ အဲ့ဒီလို သိဖို့ …. သတိဟာ​ တော်​တော်​လေး ပါးပါးနပ်နပ် ရှိရတယ်

🔸️ ဘာ​ကြောင့်လဲဆို​တော့ …. ဒီအရှုခံမှာ မမြဲတဲ့သ​ဘော​လေးကို မြင်နိုင်တဲ့ သတိမျိုးရှိဖို့လိုတယ်

🔸️ ပူတဲ့သ​ဘော​တွေကို အစဥ်အတန်းအ​နေနဲ့ သိ​နေတဲ့အခါ …. ပူတဲ့သ​ဘောဟာ မမြဲဘူးဆိုတာမြင်ဖို့ သတိထားပြီး ဉာဏ်​လေးကူ​ပေးရတယ် ( ပူတာသိလိုက်တာ နဲ့ မမြဲဘူးဆိုတာကို )

🔸️ ​နောက်ပိုင်း ကူတဲ့ဉာဏ်ကို ဖြုတ်လိုက်ရင် …. ပူတာ​တွေ့တယ် မမြဲဘူးဆိုတာ​ပေါ်လာတယ်

🔸️ စိတ်မှာ​ပေါ်​သော သ​ဘော​တွေအတွက်တော့ …. အကူဉာဏ် မလိုဘူး ( ဥပမာ – ကြားလိုက်တာနဲ့ သတိထားလိုက်တဲ့အခါ …. ​ပျောက်သွားတယ်လို့ သိသွားတယ် )

🙏 တစ်​ယောက် နဲ့ တစ်​ယောက် အနိစ္စကို မြင်ပုံချင်း မတူကြဘူး …. တစ်​ယောက်က ရုပ်မှာ မြင်တယ် ၊ တစ်​ယောက်က စိတ် ၊ ​ဝေဒနာ​တွေမှာ မြင်တယ်

🙏 ဖြစ်ပျက် ( အနိစ္စ ) သ​ဘောကို​တွေ့ဖို့အတွက်…. သတိ​ကောင်းဖို့ ( သတိ​တွေ နိုးကြား​နေဖို့ ) လိုတယ် ၊ သမာဓိ​ ကောင်းဖို့လိုတယ်

🙏 ဝိပဿနာရှု​​နေရက်သားနဲ့ …. ဘာရှုရမှန်းမသိရင် …. ​တော်​တော်နစ်နာတယ်

🙏 အရှုခံ​ကို တွေ့ရက်သားနဲ့ ဉာဏ်ဖြစ်​​အောင် နှလုံးမသွင်းတတ်ရင်လည်း …. ​တော်​တော်နစ်နာတယ်

🙏 ဝိပဿနာဖြစ်ဖို့ …. ဝိပဿနာ အရှုခံ​တွေ့ရမယ် ၊ ဝိပဿနာဉာဏ်ဖြစ်ရမယ်

🙏 အရှုခံမှန်ဖို့ ရှုစိတ်မှန်ဖို့ ဘာအ​ရေးကြီးလဲ …. သတိထားတတ်ဖို့ အ​ရေးကြီးပါတယ်

🙏 ဘာ​ကြောင့် သတိမထားတတ်လဲ …. သတိထားတဲ့ အလုပ်မှလွဲလို့ အပိုအလုပ်​တွေ လုပ်​နေလို့

🙏 သတိထားတတ်ဖို့ …. ပစ္စုပ္ပန်တည့်ရမယ် ၊ ကိုယ့်အတ္တလည်း မပါရဘူး ၊ အပိုအလုပ်​တွေ မလုပ်ရဘူး

🙏 ဉာဏ်ဟာ ဘယ်အာရုံ နဲ့ ဘယ်အချိန်မှာ ပွင့်မယ်ဆိုတာ …. ဘယ်သူမှမသိနိုင်ပါဘူး

🙏 သို့​သော် အားထုတ်​နေရင်​တော့ …. တချိန်ချိန်မှာပွင့်မယ်ဆိုတာ ​သေချာပါတယ်

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

🌷 ယ​နေ့ တရား​ဆွေး​နွေးမှုတွင် ” သမထ သမာဓိ နှင့် ဝိပဿနာ သမာဓိ အ​ကြောင်း ၊ အနိစ္စ လက္ခဏာ နှင့် အနိစ္စ မြင်​အောင်ရှုမှတ်ပုံ ” စသည့် အ​ကြောင်းအရာများကို ဓမ္မမိတ်​ဆွေများအတွက် ဓမ္မအသိတိုးဖွယ် ​ဆွေး​နွေးထားပါသဖြင့် …. ဆရာကြီး၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်းနှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏 ​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4597490070316270&id=100001659663162


✅ ( ၂၅ . ၁၁ . ၂၀၂၁ ) ရက်​နေ့ ✅ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
~~~~~~~~~~~~~~~~~~~~~~~~~

🔸️ လှမ်းချင်တဲ့ စိတ်ကို မ​တွေ့ဘဲ ” လှမ်းချင်တယ် ” လို့ မှတ်​​နေရင် …. စိတ်ကို တကယ် မ​တွေ့​သေးဘဲ ရှုမှတ်​နေတာ ဖြစ်​တယ်

🔸️ လှမ်းချင်တယ်လို့ဆို​နေတာက …. သတိ​ကောင်းလာ​အောင် ၊ သတိထားတတ်​လာအောင် ပံ့ပိုး​ပေးတဲ့ သ​ဘောဘဲရှိ​သေးတယ်

🔸️ လှမ်းလိုက်လို့ …. ​ရွေ့သွား ၊ လှုပ်သွားတာကို ​တော်ရုံ သတိ​လောက်နဲ့ သိနိုင်ပါတယ်

🔸️ သို့​သော် လှမ်းချင်တဲ့ စိတ်ကို​တွေ့ဖို့က …. ရုပ်သ​ဘောကို​တွေ့ဖို့ထက် …. ပိုပြီး သတိရှိဖို့ ၊ သတိထားတတ်ဖို့ လိုတယ်

🔸️ လှမ်း​နေဆဲမှာ …. လှမ်း​နေတဲ့ စိတ်ကိုမ​တွေ့တတ်ဘူး ( ဘာ​ကြောင့်လဲဆို​တော့ ) …. လှမ်း​နေတဲ့ ကိုယ်အမူအယာက ထင်ရှား​နေလို့

🔸️ လှမ်း​နေတဲ့ ကိုယ်အမူအယာကို သတိ​ကောင်း​ကောင်းထားမှ …. ကိုယ်အမူအယာကိုဖြစ်​စေ​သော …. တွန်း​နေ​သော သ​ဘော ၊ တိုး​နေ​သော သ​ဘောကို​ တွေ့မယ်

🔸️ လှမ်းချင်​သော စိတ်ကို ​တွေ့ချင်ရင် …. လှမ်း​နေ​သောကိုယ်အမူအယာကို သတိထားရင်း သတိ​ကောင်းလာတဲ့အခါ …. လှမ်းချင်စိတ်က​လေး ” ဖျတ်ခနဲ့ ” ​ပေါ်လာတာကို ​တွေ့သွားမယ်

🔸️ လှမ်းချင်တယ်လို့ ရွတ်ဆိုခြင်းဟာ …. သတိ​ကောင်းလာဖို့ အ​ထောက်အကူပြုတယ်

🔸️ သတိ​ကောင်းလာရင် …. မရွတ်ပါနဲ့ ( သတိ​ကောင်း​ကောင်းထားပြီး ​စောင့်ကြည့်ရင် …. လှမ်းချင်စိတ်ကို ​တွေ့သွားမှာပါ )

🔹️ အရှုခံသ​ဘောကို ​တွေ့ပြီး …. အရှုခံ​လေး ” ရိပ်ခနဲ့ ” မမြဲဘူးဆိုတာ သ​ဘော​ပေါက်မှ ဝိပဿနာ ဖြစ်တယ်

🔹️ ဝိပဿနာ အရှုခံကို​တွေ့ဖို့ …. သတိကို အဆင့်ဆင့်​ကောင်းလာ​အောင် ၊ တည်ငြိမ်လာ​အောင် ကြိုးစားတဲ့နည်း တစ်နည်းဘဲရှိတယ်

🔹️ ပရမတ်သ​ဘောကို​တွေ့ဖို့ …. ပစ္စုပ္ပန်တည့်တည့်မှာ သတိ​ ကောင်း​ကောင်းထားဖို့လိုတယ်

🔹️ တရားရှုမှတ်တဲ့အခါ တချို့​သောသူ​တွေက …. ဝိပဿနာ အရှုခံ ( ပူ ၊ တိုး ၊ တင်း ) သ​ဘော​တွေကို အကြာကြီးကြည့်​နေ​ပေမယ့် မမြဲတဲ့သ​ဘောကို မ​တွေ့တတ်ကြဘူး ( အာရုံ မထားမိလို့ )

🔹️ တချို့​သောသူ​တွေက ( ပူ ၊ တိုး ၊ တင်း ) သ​ဘော​တွေကို ​တွေ့လိုက်တာနဲ့ မမြဲဘူးလို့ စိတ်ထဲက အလို​လျောက် သိသွားတယ်

🔹️ ( ပူ ၊ တိုး ၊ တင်း ) သ​ဘော​တွေကို ​တွေ့ရင် …. ပိုပြီး သတိထာ ၊ စူးစမ်းကြည့်​တဲ့အခါ …. ​ပြောင်းလဲ​နေ​သော ၊ မတည်ငြိမ်​သော ၊ ​ဖောက်ပြန်​နေ​သော ၊ မမြဲ​သော သ​ဘော​တွေကို ထပ်ပြီး​တွေ့ပါမယ် ( ရူပက္ခန္ဓာ အနိစ္စ )

🔹️ အနိစ္စလို့ ​ပြော​သော်လည်း ….မမြဲဘူး ၊ ​ဖောက်ပြန်​နေတယ် ၊ မတည်ငြိမ်ဘူး ၊ ​ပြောင်း​လဲ​နေတယ်လို့လည်း သ​ဘော​ပေါက်ကြပါတယ် ( တစ်​ယောက် နဲ့ တစ်​ယောက် နားလည် သ​ဘော​ပေါက်ပုံခြင်း မတူနိုင်ပါ )

🔹️ ပူတဲ့သ​ဘောကို သိ​နေတာသည် သမာဓိ …. မမြဲတဲ့သ​ဘောကို သိ​နေတာသည် …. ဝိပဿနာဉာဏ်

🔹️ ဝိပဿနာဉာဏ်ကို အား​ကောင်း​အောင် ကြည့်ရှုနိုင်ဖို့ …. သမာဓိဘက်ကို အားမစိုက်ဘဲ …. ​ပေါ်ချင်တာ​ပေါ် ​ပေါ်လာတဲ့ သ​ဘော​တွေဟာ မမြဲဘူးလို့ သိ​ပေးရမယ် ( ပူတယ် ၊ တိုးတယ် ၊ တင်းတယ် လို့ စကားလုံး မတပ်ဘဲ )

🔹️ ရှုမှတ်မှု အစပိုင်းမှာ …. ပူတယ် အနိစ္စ ၊ တိုးတယ် အနိစ္စလို့ မှတ်တတ်ကြတယ်

🔹️ ​နောက်ပိုင်းမှာ ပူ တယ် ၊ တိုး တယ် ဆိုတဲ့ စကားလုံးမပါဘဲ …. ​တွေ့တယ် အနိစ္စ ၊ သ​ဘော​ပေါ်တယ် အနိစ္စ လို့ သိသွားရမယ် ( အဲဒီ အခိုက်အတန့်မှာ ကိ​လေသာလည်း မဝင်ပါဘူး )🙏 အရှုဉာဏ် အား​ကောင်းလာ​တော့မှ …. ဒုက္ခသစ္စာကို စ​တွေ့မယ်🙏 ဒုက္ခသစ္စာ အား​ကောင်းလာရင် …. သမုဒယသစ္စာကို ဖယ်ခွာနိုင်မယ်

——————————

🌷 ယ​နေ့ တရား​ဆွေး​နွေးမှုတွင် ” လှမ်းချင်စိတ်ကို ဥပမာထားကာ စိတ်ကို​တွေ့​အောင်ရှုမှတ်ပုံ နှင့် ဝိပဿနာဉာဏ်ဖြစ်​အောင် ရှုမှတ်ပုံနည်းစနစ် ” တို့ကို ​ဆွေး​နွေးထားသဖြင့် …. ဆရာကြီး​၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်းနှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4600956326636311&id=100001659663162


🌿 ( ၂၆ . ၁၁ . ၂၀၂၁ ) ရက်​နေ့ 🌿ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
———————————-

🔹️ သတိပဌာန် အားထုတ်ရာမှာ အ​ခြေခံကျရမယ့် အချက်က …. ပစ္စုပ္ပန် တည့်ရမယ်

🔹️ ပစ္စုပ္ပန်တည့်တယ်ဆိုတာ …. မိမိအာရုံပြု​နေ​သော သ​ဘောအာရုံက ပစ္စုပ္ပန်တည့်တည့်မှာ ရှိ​နေသော အာရုံဖြစ်ရမယ်

🔹️ သတိ နဲ့ သမာဓိက တစ်ခု နဲ့ တစ်ခု …. မျှမျှတတ သွား​နေတယ် ( သတိထားလိုက် တည်ငြိမ်လာလိုက် … တည်ငြိမ်လာရင် သတိ​လေး ပိုထားလိုက် စသဖြင့် )

🔹️ ဝီရိယက​တော့ …. သတိထားဖို့​ရော ၊ သမာဓိဖြစ်ဖို့ကို​ရော …. တွန်း​ပေးတယ် ၊ ကပ်ထား​ပေးတယ် ( ဝီရိယ လွန်သွားပြန်ရင်လည်း …. သတိက​နေပြီး ပြန်​လျော့​ပေးတယ် )

♦️ < သမာဓိ မဂ္ဂင် မှာ > …. သတိ ၊ ဝီရိယ ၊ သမာဓိ သုံးခုဟာ တစ်ခု နဲ့ တစ်ခု ထိမ်းကျောင်းရင်း …. သမာဓိ​ကောင်းလာ​အောင် ၊ တည်ငြိမ်လာ​အောင် ပံ့ပိုး​ပေးတယ်

♦️ သမာဓိ ရလာရင် …. တချို့က အရှုခံ သ​ဘောကို တန်းပြီး​တွေ့တယ်

♦️ တချို့ကျ​တော့ အရှုခံကို ပုံရိပ်​တွေနဲ့​ ရောပြီး ​တွေ့တယ်

♦️ ပုံရိပ်​တွေနဲ့ ​ရောပြီး ​တွေ့ရင် …. သမ္မာသင်္ကပ္ပ ( ​တွေးလုံး​လေး ) နဲ့ ကူ​ပေးရတယ် ( ပုံရိပ်ကို မရှုရဘူး ၊ သ​ဘောကိုသာ ရှုရမယ် စသဖြင့် )

♦️ တရားအားထုတ်ရာမှာ ….၁ ။ သမာဓိ ဖြစ်ရမယ် ( သမာဓိ မဂ္ဂင် သုံးပါး )၂ ။ အသိဉာဏ် ဖြစ်ရမယ် ( ပညာ မဂ္ဂင် နှစ်ပါး )

♦️ < ပညာ မဂ္ဂင် မှာ > …. သမ္မာသင်္ကပ္ပ ( ​တွေးလုံးသိ ) နဲ့ သမ္မာဒိဌိ ( တည့်တည့်သိ ) နှစ်ခုဟာ …. တစ်ခု နဲ့ တစ်ခု အ​ဖော်သဟဲ ပြု​နေကြတယ်

♦️ ဒီနှစ်ခုကို မျှမျှတတ နဲ့ ထိမ်းကျောင်း သွားရမယ်

♦️ မဂ္ဂင် ငါးပါး ( သမာဓိ မဂ္ဂင် နှင့် ပညာ မဂ္ဂင် ) နဲ့ အလုပ်လုပ်လာရင် ၊ မဂ္ဂင် ငါးပါး အား​ကောင်းလာရင် …. သီလ မဂ္ဂင် သုံးပါး ပြည့်လာမယ် ( သီလ မဂ္ဂင် ​ပေတံ သုံးခု နဲ့ တိုင်းပါ )

♦️ < သီလ မဂ္ဂင် သုံးပါး >၁။ ​ပြောတာ၊ ဆိုတာ​တွေဟာ သမာသမတ်ကျလာမယ် ၊ ကိ​လေသာနဲ့စပ်ယှဥ်​သော စကား​တွေသိပ်မ​ပြော​တော့ဘူး ( သမ္မာဝါစာ )၂ ။ မှန်ကန်​သောအလုပ်သာ ​ရွေးချယ်ပြီး လုပ်​ဆောင်လာမယ် ( သမ္မာကမ္မန္တ )၃ ။ မှန်ကန်​သော အသက်​မွေးမှုသာ ပြုလာ​တော့မယ် ( သမ္မာအာဇီဝ )

♦️ ​နောက်ဆုံး တရားသ​ဘောကို အမြင့်မြတ်ဆုံး သ​ဘော​ပေါက်လာတဲ့အခါမှာ …. မဂ္ဂင် ရှစ်ပါးဟာ အကုန်ပြည့်သွားတယ်

♦️ ကိုယ့်ကိုယ်ကို သတိထားဆန်းစစ်ပါ …. တရားသ​ဘော​ပေါက်မှုကို တကယ် သိမြင်လာတာလား ၊ ထင်​ယောင် ထင်မှား သိ​နေတာလား ၊ ကိုယ့်ရဲ့ အ​နေအထား ​ပြောင်းလဲ လာသလား

🔸️ ဝိပဿနာ အားထုတ်တဲ့ အခါမှာ …. သမာဓိထူ​​ထောင်ပြီး စျာန်ဖြစ်မှ အားထုတ်ရမှာလား ၊ ဒီအတိုင်း သတိ​လေးထားပြီး အားထုတ်ရမှာလား …. နှစ်ခုလုံး အားထုတ်လို့ရပါတယ်

🔸️ သမထ ကမ္မဌာန်းက …. ကိ​လေသာကို အထိုက်အ​လျောက် ငြိမ်​ စေပါတယ် ၊ အားထုတ်ဆဲ အခိုက်အတန့်မှာ ပယ် နိုင်ပါတယ်

🔸️ ဝိပဿနာ ကမ္မဌာန်းကို ပို၍ ( ပို၍ ) အားထုတ်ပါ …. ကိ​လေသာ ပယ် နိုင်စွမ်းပိုများတယ် ၊ အကြီးဆုံး ကိ​လေသာဖြစ်တဲ့ အဝိဇ္ဇာကိုလည်း ပယ် နိုင်တယ်

🔸️ သ​ဘော​ပေါက်​အောင်ရှုရမယ် …. သ​ဘောပါ​အောင်ရှုရမယ် …. ဘယ်အချိန်ကြည့်ကြည့် ၊ ဘယ်​နေရာကြည့်ကြည့် ဒီသ​ဘောသာလျှင်ရှိတယ် လို့ သိ​အောင် ရှုရမယ်

~~~~~~~~~~~~~~~~~~~~~~~~~~

🌷 ယ​နေ့ တရား​ဆွေး​နွေးမှုတွင် ” မဂ္ဂင် ငါးပါး နှင့် ရှုမှတ်ရင်းဖြင့် မဂ္ဂင် ရှစ်ပါး ပြည့်စုံသွားပုံ ” ကို အ​သေးစိပ် ​ဆွေး​နွေးထားပါသဖြင့် …. ဓမ္မမိတ်​ဆွေများ ဓမ္မအသိတိုးပွား​စေဖို့ ဆရာကြီး၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်းနှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://www.facebook.com/100207382416122/videos/858810468096532/


🧘‍♂️ ( ၂၇ . ၁၁ . ၂၀၂၁ ) ရက်​နေ့ 🧘‍♂️ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
————————————

♦️ အရှုခံကို ​တွေ့​နေရင် …. ပုံရိပ်​တွေ​နောက်ကို …. မလိုက်ပါနဲ့ ၊ သ​ဘော​နောက်ကို …. လိုက်ပါ

♦️ သ​ဘောကို ​တွေ့​နေပြန်ရင်လည်း ….​​မျှောပြီး မလိုက်ပါနဲ့ ၊ သုံးသပ်ချက်​လေး​တွေ ထည့်​ပေးပါ

♦️ ​​မျှောလိုက်လို့ ကြာရင် ….သတိအားနည်းပြီး အိပ်​ပျော်သွားတတ်တယ် ၊ အရှုခံ ​ပျောက်သွားတတ်တယ်

♦️ သုံးသပ်ချက်​တွေနဲ့ လိုက်မှ …. အသိဉာဏ်က အမြဲတမ်း ဖွံ့ဖြိုး​နေမှာ

♦️ ကိုယ်တွေ့တဲ့ သ​ဘောကို ​တွေ့တာနဲ့ သုံးသပ်တတ်ဖို့ …. အ​ရေးကြီးပါတယ်

♦️ သူက ဘာသ​ဘောလဲလို့ နိုးနိုးကြားကြား သတိထားပြီး စူးစမ်းပါမှ …. ဉာဏ်ဖြစ်ပါတယ် ( ဒီအတိုင်း ထိုင်ကြည့်​နေလို့ …. ဉာဏ်မဖြစ် )

♦️ သတိ နဲ့ အသိ ၊ အသိ နဲ့ သတိ တို့ဟာ တွဲပြီးသွားမှ …. ဝိပဿနာ ဖြစ်မယ်

♦️ သတိ သက်သက်သာထား​နေရင် …. သမာဓိသာဖြစ်ပြီး …. ဝိပဿနာ မဖြစ်နိုင်​သေးဘူး

🔹️ ဥပမာ …. နာကျင်ကိုက်ခဲတာကို သည်ခံပြီးကြည့်လို့ စိတ်ထဲမှာ ​အေးချမ်း​နေရင် …. သမာဓိ​တော့ ဖြစ်​ပေမယ့် …. ဉာဏ်​တော့ မဖြစ်​သေးဘူး

🔹️ ဉာဏ်ဆိုသည်ကား …. အရှုခံကို သ​ဘော​ပေါက်​သော အသိကိုသာ ဉာဏ်လို့ ​ခေါ်တာ

🔹️ ဉာဏ်ဖြစ်ဖို့ …. ပစ္စုပ္ပန်တည့်ရမယ် ၊ အရှုခံမှန်ရမယ် ၊ အရှုခံရဲ့ သ​ဘောကို သိရမယ် ၊ သုံးသပ်နိုင်ရမယ်

🔹️ ဝိပဿနာ ရှုပွားဖို့ မိမိကိုယ် နဲ့ မိမိစိတ်ကို သတိထားပါ …. ဘာကိုဘဲ သိသိ ၊ ဘာကိုဘဲ ​တွေ့​တွေ့ သတိထားလိုက်ပါ

🔹️ စပြီး သတိထားလိုက်တဲ့ အချိန်မှ သမာဓိဖြစ်တဲ့ အချိန်အထိ ဘာမှအပိုအလုပ်​တွေကို မလုပ်ဘဲ …. ​စောင့်ကြည့်ရပါမယ်( ပစ္စုပ္ပန် တည့်ရမယ် ၊ မရှာရဘူး ၊ မ​တွေးရဘူး )

🔹️ သတိ​တွေစွဲမြဲလာလို့ သမာဓိရလာရင် …. ကိုယ်​ပေါ်မှာ ရုပ်သ​ဘော ၊ စိတ်​ပေါ်မှာ နာမ်သ​ဘော​တွေ ​ပေါ်လာမယ် ( ဝိပဿနာ အရှုခံ )

🔹️ ဝိပဿနာ အရှုခံ​တွေ့ရင် …. အရှုခံကိုဘဲ သတိဆက်ပြီး ထားရမယ်

🔹️ အဲဒီအချိန်မှာ ထားတဲ့ သတိက ပညာပါရမယ် …. အတင်းကပ်မကြည့် နဲ့ အတင်းလည်း ခွါမကြည့်နဲ့ ၊ လိုချင်စိတ်နဲ့ မရှာရဘူး ၊ ပါးပါးနပ်နပ်​လေး သိရမယ်

🔹️ အရှုခံ​တွေ့လို့ အတင်းကပ်ပြီး ကြည့်ရင် …. အရှုခံရဲ့ ​နောက်ထပ် သ​ဘောတစ်ခုဖြစ်တဲ့ မတည်ငြိမ်သ​ဘော ၊ မမြဲသ​ဘော ကို မ​တွေ့နိုင်ဘူး

🔸️ ​နောက်ပိုင်း အသိဉာဏ် အသစ်​လေး​တွေ ​ပေါ်လာရင် ( တိုးတက်လာရင် ) …. တုန်လှုပ်တတ်တယ် ၊ ဝမ်းသာ ဝမ်းနည်းမှု ​တွေ ​ပေါ်လာတတ်တယ် ( အဲဒါ​တွေကို သတိနဲ့ ပြန်ထိန်းပြီး …. အရှုခံ​တွေကိုဘဲ သတိဆက်ထားရပါမယ် )

🔸️ ဖြစ်ပျက် မြင်တဲ့ အထိ ၊ အပျက်​တွေကြီးဘဲ မြင်တဲ့အထိ …. တုန်လှုပ်မှု​တွေ ရှိ​နေ​သေးတယ်

🔸️ ဝိပဿနာ ညစ်ငြူးကြောင်း ဆယ်ပါး ရှိတယ် …. ဥပကိ​လေသာ ဆယ်ပါး ( မဂ်တု )

🔸️ ကာယကိုရှု​သော သူမှာ …. ဤကာယမှာ ဤသို့​သော ကြိမ်ဖန်များစွာ ​တွေ့ရ​သော ရုပ်​ဖောက်ပြန်မှု များသာလျှင် ရှိတယ် ၊ ရုပ်​ဖောက်ပြန်မှုများနှင့်သာ ဖွဲ့စည်းထား​သော အဖွဲ့အစည်း တစ်ခုသာဖြစ်တယ် လို့ သ​ဘော​ပေါက်သွားမှ ဥပေက္ခာ ​​​ဖြစ်တယ် ( အတ္ထိ ကာ​ယောတိ – ကာယ အစုအ​ပေါင်းသာလျှင်ရှိ၏ )

🔸️ ဒီသ​ဘောသာလျှင် ရှတယ်လို့ သ​ဘော​ပေါက်သွားတဲ့ အချိန်ကျမှ …. တုန်လှုပ်မှု​တွေ မရှိ​တော့ဘူး

🔸️ အဲဒီ​တော့မှ ဉာဏ် ဥပေက္ခာ ဖြစ်တယ် ( အစပိုင်းထားတဲ့ ဥပေက္ခာ က လုပ်ယူတဲ့ ဥပေက္ခာ )

🔸️ ဥပေက္ခာ ရင့်သွား​တော့မှ …. သင်္ခါရ သ​ဘော​တွေကို ဥပေက္ခာ ဖြစ်သွားမယ် ( သင်္ခါရု‌ပေက္ခာဉာဏ် )

~~~~~~~~~~~~~~~~~~~~~~~~~~

ယ​နေ့ တရား​ဆွေး​နွေးမှုတွင် ” ဝိပဿနာဉာဏ် နှင့် ဝိပဿနာ ရှုရာတွင် ​တွေ့ကြုံ​ရမည့် သ​ဘောသဘာဝ တရားများ ” အ​ကြောင်းကို ​ဆွေး​နွေးထားပါသဖြင့် …. ဓမ္မမိတ်​ဆွေများ ဆရာကြီး၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်း နှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4607364689328808&id=100001659663162


🌹 ( ၂၉ . ၁၁ . ၂၀၂၁ ) ရက်​နေ့ 🌹ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
——–‐—————————

🔸️ ချဥ်းကပ်မှု မှန်ရင် …. သ​​ဘော​ပေါက်မှု မြန်တယ်

🔸️ သတိထား သ​ဘောသိ ၊ သ​ဘောသိရင် သတိဆက်ထား …. တစ်ဆက်ထည်းသွားရမယ်

🔸️ သတိထားတတ်လာတဲ့သူက …. သ​ဘောကို ​တွေ့ဖို့ မခက်ခဲဘူး

🔸️ ရုပ်က ” ကြိုက်၏ မကြိုက်၏ ” ဘာမှမ​ပြောဘူး …. သူက​တော့ သူ့သ​ဘော သက်သက်ကိုသာပြ​နေတာပါ ( သူပြ​နေတဲ့ သ​ဘောတစ်ခုတည်းကိုသာကြည့်​နေပါ ၊ သိ​နေပါ )

🔸️ ရှင်းရှင်းကြည့်တတ်တဲ့သူက ရှင်းရှင်း​ တွေ့မှာဘဲ ၊ ရှုပ်ရှုပ်ကြည့်တဲ့သူက ရှုပ်ရှုပ်ကိုဘဲ​ တွေ့မှာပါ

🔸️ ဒီသ​ဘောသာလျှင်ရှိတယ်လို့ သိ​နေ​ရင် …. သက္ကာယ ဒိဌိပြုတ်​နေတဲ့ အချိန် ဖြစ်တယ်

🔸️ မှတ်ဖို့ကို အရင်ဦးစားမ​ပေးနဲ့ …. အရင်ဆုံး သတိထား ​စောင့်ကြည့်ပါ

🔸️ ​​စောင့်ကြည့်မှ …. ငြိမ်သက်လာမယ်

🔸️ ငြိမ်လာမှ …. သမာဓိရတယ်

🔸️ သမာဓိ ရလာမှ …. သူ့သ​ဘောကို သုံးသပ်လို့ရမှာဖြစ်တယ်

🔹️ ( စက်ြန် ) လမ်း​လျောက်တဲ့ အခါ …. ” ကြွ ၊ လှမ်း ၊ ချ ” လို့ ဆိုပြီး​တော့ ​လျောက်ကြည့်ပါ …. နာရီဝက်​လောက်ဆို ​​တော်​တော် ​မောသွားပြီး

🔹️ မဆိုဘဲ ​လျောက်ကြည့်ပါ …. နာရီဝက်​လောက်ဆိုရင် သတိ ​တော်​တော်​ကောင်းသွားပြီး

🔹️ ရွတ်ဆို​နေရတဲ့ အလုပ်တစ်ခုက ပိုသွားတဲ့အတွက်​ကြောင့် …. သိ​ တဲ့အလုပ်က အားနည်းသွားတာ

🔹️ အလုပ်​အပို တွေကို​လျော့ …. သတိကို ပိုထားပါ

🔹️ ပစ္စုပ္ပန်တည့်တည့်မှာ …. သတိ နဲ့ သိ​နေဖို့ အ​ရေးကြီးပါတယ်

🔹️ ပစ္စုပ္ပန်တည့်တည့်မှာ စိတ်က မ​ရောက်​သေးရင် ၊ သတိထားလို့ မရ​သေးရင် …. ရွတ်ဆိုတာ​လေး နဲ့ သတိထားနိုင်​အောင် ကူ​ပေးလို့ရပါတယ်—————‐—————- ( ဓမ္မာနုပဿနာ ) ဓမ္မာနုပဿနာ ကို နှလုံးသွင်းဖို့ ….

♦️ ကိုယ် နဲ့ စိတ် ကို သ​ဘော​ပေါက်သွား​တော့မှ …. ဓမ္မသက်သက်သာလျှင်ဖြစ်တယ် ဆိုတဲ့ အသိ တစ်ချက် ရမယ်

♦️ ဓမ္မာနုပဿနာ စစ်စစ်ကို သိချင်ရင် …. တကယ်တမ်း ရုပ် ၊ နာမ် ( ခန္ဓာ ) ကို ပိုင်ပိုင် နိုင်နိုင် သိမှရမယ်

♦️ လက်​တွေ့ ဓမ္မာနုပဿနာကို အားထုတ်ချင်တယ် ၊ သ​ဘော​ပေါက်ချင်တယ်ဆိုရင် …. ရုပ် ၊ နာမ်ကို ​ကျေညက်​အောင် အားထုတ်ရမယ် ၊ သိရမယ်

♦️ ကိုယ့်ရဲ့စိတ်မှာ ​လောဘဖြစ်​နေလား ၊ ​ဒေါသဖြစ်​နေလား …. ဒါကိုကြည့်တာ ဓမ္မသ​ဘောကို ရှုတာပါဘဲ ( ဓမ္မာနုပဿနာ နီဝရဏအပိုင်း )

♦️ စာ နဲ့ ချဥ်းကပ်တာရှိမယ် …. အကျင့် နဲ့ ချဥ်းကပ်တာရှိမယ်

♦️ လွယ်လွယ်​ လေ့ကျင့်ချင်ရင် …. စိတ် ကို ​လေ့ကျင့်​ပေးပါ ( စိတ်မှာ ​လေ့ကျင့်ရင် …. ဓမ္မာနုပဿနာ က ပိုပြီး ​တွေ့ လွယ်တယ် )

♦️ စိတ်မှာ …. ဓမ္မာနုပဿနာ ပိုင်းက ပိုပြီး ထင်ရှားတယ်

♦️ ဥပမာ …. ​ဒေါသစိတ်ဖြစ်ရင် ကြမ်းတမ်းတယ် ၊ ပူ​လောင်တယ်

♦️ ​ဒေါသစိတ်ဆိုတာ …. စိတ် မှာ ​ဒေါသ ဆိုတဲ့ ကိ​လေသာ ( ​စေတသိတ် ) က လာကပ်​နေလို့

♦️ စိတ် သက်သက်မှာ ​​လောဘ ၊ ​ဒေါသဆိုတာမရှိဘူး …. စိတ်က သိရုံ သက်သက်ဘဲ သိတာ

♦️ အသံ တစ်ခုကြားလိုက်လို့ရှိရင် …. စိတ်က သိရုံကလွဲလို့ ဘာမှ မလုပ်တတ်ဘူး

♦️ သူ့မှာ ( စိတ် မှာ ) ကပ်ငြိ​နေတဲ့ ကိ​လေသာ ( သို့မဟုတ် ) ဉာဏ်​တွေက ပူး​ပေါင်းပြီး​တော့ ဓမ္မသ​ဘော​ကို ဆောင်​နေတာ

♦️ ​​ဒေါသစိတ်မှာ ( ဗျာပါဒ နီဝရဏ ) …. ကပ်ငြိ​နေ​သော ​ဒေါသ ကိ​လေသာ ( ​စေတသိတ် ) က​နေပြီး …. ပူကနဲ့ ၊ တင်းကနဲ့ ဖြစ်သွား​စေတယ်

♦️ အဲ့ဒီ​ ဒေါသကဘဲ စိတ်ကို တုန့်ပြန်ဖို့ လှုပ်​ဆော်တာဖြစ်တယ်

♦️ ​ဒေါသ စိတ် ( စိတ် နဲ့ ​ဒေါသ​ စေတသိတ် အပေါင်း ) ဖြစ်သွားရင် …. စိတ်ကို​တွေ့ဖို့ နည်းနည်း ခဲယဥ်းသွားတယ်

♦️ စိတ်မှာ ​ဒေါသကပ်သွားတဲ့အခါ …. ​ဒေါသရဲ့ သ​ဘောက ပူ​လောင်တယ်

♦️ ​ဒေါသ က ” ပူ ပါလား ၊ ပူ​နေတဲ့ သ​ဘော​လေး ပါလား ” လို့ …. ပူတဲ့ သ​ဘောကို ကြည့်ရမယ် ( ဓမ္မာနုပဿနာ ဗျာပါဒ နီဝရဏ အပိုင်း )

♦️ ထွက်​နေ​သော ​ဒေါသကို မကြည့်ရဘူး …. ပူတဲ့ သ​ဘောကို ကြည့်ရမယ် ( ဓမ္မာနုပဿနာ )

♦️ ထွက်​နေတဲ့ ​ဒေါသ ( ​ဒေါသစိတ် ) ကို ကြည့်ရင် …. စိတ္တာနုပဿနာ

♦️အဲဒီ ​ဒေါသစိတ်မှာဘဲ …. စိတ္တာနုပဿနာ ​ရော ၊ ဓမ္မာနုပဿနာ​​ ရော …. နှစ်ခုလုံး တွဲ​နေတယ်

♦️ထိုနည်းလည်း​ကောင်း ​လောဘ စိတ် ( ကာမစ္ဆန္ဒနီဝရဏ ) ဖြစ်ရင် …. လိုချင်စိတ်ကို သတိထားတာ … စိတ္တာနုပဿနာလိုချင်တဲ့ သ​ဘောကို သတိထားရင် …. ဓမ္မာနုပဿနာ\

♦️ ဓမ္မာနုပဿနာ ရဲ့ အ​ခြေခံ အချက်က …. ဓမ္မသ​ဘော သက်သက်ကို ​တွေ့ရမယ် ၊ ဥပေက္ခာ နဲ့ ရှုရမယ် ( ဓမ္မသ​ဘောကို သိရမယ် ၊ ဥပေက္ခာ ဖြစ်ရမယ် )

♦️ဥပေက္ခာ အား​ကောင်းမှ …. ဓမ္မာနုပဿနာကို သ​ဘော​ပေါက်မယ်

♦️ဥပေက္ခာ ​အားကောင်း​လေ​လေ …. ဓမ္မာနုပဿနာ ဖြစ်​လေ​လေ ( ဓမ္မာနုပဿနာ ဖြစ်​လေ​လေ …. ဥပေက္ခာ အား​ကောင်း​လေ​လေ )

♦️ သူ့သ​ဘောသာလျှင် ရှိတယ် ( ဓမ္မသ​ဘော သာလျှင် ရှိတယ် ) လို့ သ​ဘော​ပေါက်သွားရင် …. ဓမ္မာနုပဿနာကို သ​ဘော​ပေါက်သွားတယ်

♦️ ကိုယ့်ဘက်က ရှုအား​ရော ၊ စိတ်ထား​ရော မှန်ရင် …. ဓမ္မာနုပဿနာ ​ရောက်တာ မြန်မယ်

♦️ ဓမ္မကို အနုပဿနာ ( အကြိမ်ကြိမ် အ​တွေ့များ​ခြင်း ) ဖြစ်​အောင် မစွမ်း​ဆောင်နိုင်​သေးရင် …. ဓမ္မာနုပဿနာ မဖြစ်​သေးဘူး

♦️ ဓမ္မကိုလည်း ​တွေ့ရမယ် …. အနုပဿနာလည်း ဖြစ်ရမယ် ( ကာယာနုပဿနာ ၊ စိတ္တာနုပဿနာ ၊ ​ဝေဒနာနုပဿနာ သည်လည်း ထိုနည်းလည်း​ကောင်း ပါဘဲ )

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪

︎ယ​နေ့ တရား​ဆွေး​နွေးမှုတွင် ” သ​ဘော​တွေကို အနုပဿနာ ဖြစ်​အောင် ရှုမှတ်ရပုံ နှင့် ဓမ္မာနုပဿနာ အ​ကြောင်း ” ကို ​ဆွေး​နွေးထားပါသဖြင့် …. ဓမ္မမိတ်​ဆွေများ အဖို့ ဆရာကြီး၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်း နှိုး​ဆော် ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4613775635354380&id=100001659663162


🪴 ( ၃၀ . ၁၁ . ၂၀၂၁ ) ရက်​နေ့ 🪴ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
———————————-

🔹️ ( ရုပ် ၊ နာမ် ၊ ခန္ဓာ သ​ဘော ) အရှိ​တွေ တူကြတယ် …. အ​တွေ့ မတူကြဘူး

🔹️ ဘာ​ကြောင့် မတူကြလဲဆို​တော့ …. ချဥ်းကပ်ပုံ မတူလို့ ၊ အားထုတ်ပုံ မတူလို့ ၊ စိတ်ထား မတူလို့

🔹️ အားထုတ်ပုံ မတူရခြင်းအ​ကြောင်းအရင်းကို ကြည့်လိုက်ရင် …. အဓိက တစ်ချက်ဘဲ ​တွေ့တယ် …. ကိုယ့်အတ္တနဲ့ ရှုတဲ့သူနဲ့ ၊ သူပြတာကိုဘဲ ပြတဲ့အတိုင်း ရှုတဲ့သူဆိုပြီး ​တွေ့တယ်

🔹️ ဝိပဿနာ အားထုတ်တဲ့သူက …. အရှုခံ​ ကို တွေ့ဖို့လိုတယ်

🔹️ အရှုခံ ကို ​တွေ့ဖို့ …. သတိ ၊ ဝီရိယ ၊ သမာဓိ ၊ ပညာ လိုတယ်

🔹️ သတိထား​နေတဲ့ အရှုခံအာရုံဟာ …. ဝိပဿနာ အာရုံ မဟုတ်ရင် …. ဝိပဿနာ မဖြစ်ပါဘူး

🔹️ ဝိပဿနာအာရုံ ( သ​ဘော ) ကို …. အတင်း ကပ်ထားရင် ၊ အ​တွေး​တွေနဲ့ သတိထား​နေရင် …. သတိထားနည်း မမှန်ပါ

🔸️ စိတ် ရဲ့ သ​ဘောက အာရုံကို သိရုံဘဲ သိတာ …. ရုပ်ရဲ့ သ​ဘောကလည်း ​ဖောက်ပြန် ပြရုံဘဲ ပြတာ

🔸️ ပြရုံဘဲ ပြတဲ့သူနဲ့ ၊ သိရုံဘဲ သိတဲ့သူရဲ့ ကြားထဲမှာ …. ဘာ​ကြောင့်များ ဝင်ရှုပ်​နေကြမှာတုန်း

🔸️ သူပြတာ ကိုယ်က သိ​နေမယ်ဆိုရင် …. တာဝန် ​ကျေပါပြီး ( သတိ ၊ သမာဓိ ​တွေ ​ကောင်းလာရင် သူပြတာကို ပိုပြီး သိ လာမယ် )

🔸️ သ​ဘော​တွေကို တကယ်​တွေ့ပြီဆိုရင် …. မ​တွေးနဲ့​တော့ ၊ မဆင်ခြင်နဲ့​တော့

🔸️ တကယ်မ​တွေ့​သေးခင်မှာ …. နည်းနည်း ဆင်ခြင်​ပေးရတယ်

🔸️ ဥပမာ …. ကိုယ်မှာဖြစ်​သော ​ဝေဒနာ ​ပေါ်လာရင် ( သ​ဘောကို မ​တွေ့​သေးခင် ) ” ​နာတယ်ဆိုတာ သူ့သ​ဘောဘဲ ၊ တရားရှုဖို့ ​ပေါ်လာတာဘဲ ၊ သူ့မှာ တရားသ​ဘော​တွေရှိမှာဘဲ ” စသဖြင့် ဆင်ခြင်​ပေးရတယ်

🔸️ နာတဲ့သ​ဘော မှာ ပူတဲ့သ​ဘော​လေး ” ရိပ်ခနဲ့ ” ၊ တိုးတဲ့သ​ဘော​လေး ” ရိပ်ခနဲ့ ” ​တွေ့လိုက်ရင် …. ဘာမှ မဆင်ခြင်နဲ့​တော့ သူပြ​နေတဲ့သ​ဘောကို အဆက်မပြတ် သိ​နေ​အောင်သာ …. ဆက်ပြီး သိ​ပေးပါ

🔸️ ကိုယ်ပိုင် ဉာဏ်ဖြစ်ချင်ရင် …. ​တွေးတာကို​ လျော့ပါ

🔸️ မိမိ ရှုမှတ်​နေ​သော အရှုခံအာရုံ မှာ စွဲစွဲမြဲမြဲ သမာဓိတည်ချင်ရင် …. သတိထားပြီး ၊ အပိုအလုပ်မလုပ်ဘဲ ​စောင့်ကြည့်ပါ

♦️ ပတ်ဝန်းကျင်က အသံအ​နှောက်အယှက်များကို ကြား​နေရ​သောအခါ …. ဒီအ​သံ အ​ပေါ် မှာ မိမိက မ​ကျေနပ်​သော စိတ်ဖြင့် တုန့်ပြန်​နေရင် ​သော်လည်း​ကောင်း ၊ ဒါမှမဟုတ် ကြိုက်နှစ်သက်​သော စိတ်ဖြင့် စွဲလမ်း ဆုပ်ကိုင်ထားရင် ​သော်လည်း​ကောင်း …. မိမိက ​ဒေါသစွန်း ၊ ​လောဘစွန်း တို့ဖြင့် အာရုံတစ်ခုကို လက်ခံ​နေသလို ဖြစ်​နေတယ်

♦️ သူ့ဟာသူ အ​ကြောင်းတိုက်ဆိုင်လို့ ​ပေါ်လာတဲ့ အသံတစ်ခု ( သ​ဘောတစ်ခု ) ကို …. ဥပေက္ခာ လမ်း​ကြောင်း နဲ့ သွားတတ်ရမယ် ( ရှုတတ်ရမယ် )

♦️ သူ့ဟာသူ ​ပေါ်လာတာဘဲလို့ ( ကြိုက်ခြင်း ၊ မကြိုက်ခြင်း မရှိဘဲ ) လက်ခံလိုက်ပါ …. စိတ်သက်သာရာရသွားပါလိမ့်မယ်

~~~~~~~~~~~~~~~~~~~~~~~~~

ယ​နေ့ တရား​ဆွေး​နွေးမှုတွင် ” အာရုံ​တွေအ​ပေါ် မှာ ဉာဏ်ဖြစ်​အောင် ရှုမှတ်ပုံ ” တို့ကို ​ဆွေး​နွေးထားပါသဖြင့် ဓမ္မမိတ်​ဆွေများ ဆရာကြီး၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်း နှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4617051508360126&id=100001659663162


♦️ ( ၁ . ၁၂ . ၂၀၂၁ ) ရက်​နေ့ ♦️ ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
———————————-

🔹️ အ​ဖြေကို သိပ်မ​မျှော်နဲ့ …. သတိဆက်ဖို့ကို ဂရုစိုက်​ပေး

🔹️ ကိုယ်က အ​ဖြေ​တွေ့ချင်​ဇောနဲ့ တအားလုပ်​နေရင် ၊ ရှာ​နေရင် …. ပင်ပန်းတယ်

🔹️ သတိကို မှန်မှန်​လေးထားပြီး …. သူပြ​နေ​သော သူ့သ​ဘော​လေးကို မှန်မှန် သိ​ပေး

🔹️ အဲဒီ ( မမြဲခြင်း ) သ​ဘော​တွေကို တအားစိုက်ကြည့်လို့ မရဘူး ၊ သ​​ဘောဘဲ လို့ ဆို​နေရင်လည်း မ​တွေ့ဘူး …. မှန်မှန်​လေးကြည့်မှ မြင်တယ်

🔹️ မမြဲသ​ဘော​လေးကို ​တွေ့ချင်တယ်ဆိုရင် …. ထားရှိရမယ့် သတိက …. ပုံမှန်​လေး ဖြစ်​နေဖို့လိုတယ် ~~~~~~~~~~~~~~~~~~~~~~

♦️ ခန္ဓာကိုယ်မှာ ​ဖောက်ပြန်မှု​တွေ ၊ နာကျင်မှု​တွေ ကြမ်းတမ်းလာလို့ …. တုန့်ပြန်ချင်စိတ် ၊ မ​ကျေနပ်စိတ်​တွေ များ​နေရင် …. ဘယ်လို လုပ်ရမလဲ ( ၁ ) ကိုယ့်စိတ်ကို ကိုယ်ပြန်ပြီး သတိထားတဲ့နည်း ( ၂ ) ​ဝေဒနာအ​ပေါ် ဆင်ခြင်မှု နဲ့ ချဥ်းကပ်တဲ့နည်း ( ၃ ) ကိုယ်ရှုခဲ့ဖူး​သော ကမ္မဌာန်း တစ်ခုခုကို ပြန်ရှုတဲ့နည်း

~~~~~~~~~~~~~~~~~~~~~~~

️ ( ၁ ) ကိုယ့်စိတ်ကို ကိုယ်ပြန်ပြီးသတိထားတဲ့နည်း

🔸️ ခန္ဓာကို မှာ ဖြစ်​နေတဲ့ နာကျင် ကိုက်ခဲခြင်းကို ရှု​နေတာ ခဏထားပြီး …. စိတ်မှာ ဖြစ်​နေတဲ့သ​ဘောကို ပြန်ကြည့်ရင် …. စိတ်ထဲမှာ မ​ကျေမနပ်ဖြစ်​နေတဲ့သ​ဘော ၊ တင်း​နေတဲ့ သ​ဘော​လေးကို ​ပြန်တွေ့မယ်

🔸️ စိတ်ထဲမှာ ဖြစ်​နေတဲ့ ( မ​ကျေနပ် ၊ တင်း ) သ​ဘော​လေး​တွေကို …. ပါးစပ်ကလည်း မဆို ၊ စိတ်ကလည်း မဆိုဘဲ တည့်တည့်က​လေး သူ့သ​ဘောအတိုင်း သိသွားရင် …. ဓမ္မာနုပဿနာ စာရင်းထဲ တန်းဝင်သွားတယ်

🔸️ ဝိပဿနာလည်း ဖြစ်တယ် …. စိတ်မှာ တင်း​နေတာ​တွေလည်း ​လျော့ကျသွားတယ်

🔸️ စိတ်ထဲမှာဖြစ်​နေတဲ့ မ​ကျေနပ်မှု ၊ မကြိုက်မှု ( ​ဒေါမနဿ ) သ​ဘော​တွေကို ကြည့်​နေရင်လည်း …. ​ဝေဒနာနုပဿနာ ဖြစ်သွားတယ်

🔸️ ​​ဒေါသစိတ် ဖြစ်​နေပါလားလို့ သိလိုက်ရင်လည်း …. စိတ္တာနုပဿနာ ဖြစ်သွားတယ်

🔸️ စိတ်ထဲမှာ ဖြစ်​နေတဲ့ သ​ဘော​တွေကို ဆက်ပြီး သတိထားတဲ့အခါ …. ထိုသ​ဘော​တွေရဲ့ ​ဖောက်ပြန် ၊ မမြဲ ၊ ဆင်းရဲ ၊ အစိုးမရဘူး ဆိုတဲ့ သ​ဘောကို နှလုံးသွင်းမိရင် …. ဝိပဿနာ ဖြစ်သွားတယ်

🔸️ နာကျင် ကိုက်ခဲတဲ့ ​ဝေဒနာ​တွေကို …. ​ပျောက်သွား​အောင် ၊ ​ကျော်သွား​အောင် ၊ ချုပ်သွား​အောင် ရှုတာမဟုတ်ဘူး …. ​သ​ဘော​တွေကို အမှန်အတိုင်း ​တွေ့ချင်လို့ ရှု​နေတာ

🔸️ ကိုယ့်စိတ်ထဲမှာ မ​​ကျေမနပ်ဖြစ်​နေတဲ့ ​ဒေါသ​တွေနဲ့ ရှု​နေရင် …. အဲဒီ ​ဝေဒနာသ​ဘောကို အမှန်အတိုင်း မမြင်နိုင်ဘူး

🔸️ ကိုယ့်ရဲ့စိတ် တည်ငြိမ်​အောင် ၊ ​အေးချမ်း​အောင် ပြုလုပ်​ပြီးမှ …. ခုဏကပြ​သော ​ဝေဒနာကို ပြန်လည် ရှုမှတ်ရတာ ဖြစ်တယ်

♦️ ( ၂ ) ​ဝေဒနာအ​ပေါ် ဆင်ခြင်မှုနဲ့ ချဥ်းကပ်တဲ့နည်း

🔸️ တရားရှုမှတ်ရင်း ခန္ဓာမှာ မခံနိုင်​သော ​ဝေဒနာဖြစ်လာရင် …. ” ကိုယ်မှာရှိ​သော သဘာဝဘဲ ၊ သူ့ဟာသူ အ​ကြောင်းတိုက်ဆိုင်လို့ ​ပေါ်လာတာဘဲ ၊ ​ပေါ်​နေတဲ့ အခိုက်က​လေးကို ကြည့်မှဘဲ ၊ ရုပ်​တွေ ​ဖောက်ပြန်​နေတာဘဲ ၊ သည်းခံပြီး ရှုမှဘဲ ” လို့ ဆင်ခြင်လိုက်ခြင်းဖြင့် …. စိတ်မှာ တင်း​နေတာ​တွေကို ​သက်သာ​ လျော့ကျ​စေတယ် ( ကြားဖူးနားဝ ရှိခဲ့တဲ့ သုတမယဉာဏ်ကို ပြန်ပြီး အသုံးချတာဖြစ်တယ် )

♦️ ( ၃ ) ကိုယ်ရှုခဲဖူး​သော ကမ္မဌာန်း တစ်ခုခုကို ပြန်ရှုတဲ့နည်း

🔸️ နာကျင်ကိုက်ခဲ​သော ​ဝေဒနာကို ခဏဖယ်ခွာ၍ …. အခြား ကမ္မဌာန်း တစ်ခုခု ကို ရှုနိုင်ပါတယ် ( မေတ္တာဘာဝနာ ၊ ဗုဒ္ဓါနုဿတိ ၊ ဓမ္မာနုဿတိ ၊ သံဃာနုဿတိ ၊ ​သီလာနုဿတိ ၊ စာဂါနုဿတိ ၊ အာနာပါန ကမ္မဌာန်း စသဖြင့် )

🔸️ ကမ္မဌာန်းတစ်ခုခုကို ပြန်ပြီး ဆင်ခြင် ရှုတဲ့အခါ …. စိတ်​အေးချမ်း တည်ငြိမ်လာ၍ ရှု​နေဆဲ ကမ္မဌာန်း​ကို ​ကျေနပ်သွားပြီး …. ကိုယ့်ခန္ဓာမှာ ဖြစ်​ပေါ်​နေ​သော သ​ဘော​တွေကို ပြန်ကြည့်ဖို့ …. မကြည့်နိုင်ဘူး ဖြစ်​နေတတ်တယ် ( သာယာ သွားတတ်တယ် )

🔸️ သို့​သော် ဗုဒ္ဓါနုဿတိ ၊ ​မေတ္တာဘာဝနာ ( သို့မဟုတ် ) အခြား​သော ကမ္မဌာန်းတစ်ခုခု ပွားများ၍ ဖြစ်​ပေါ်လာ​သော ပီတိ ကို ရှုတတ်ရင် …. ဝိပဿနာ ဖြစ်တယ် ( ဥပမာ ​ပေါင်ကျိုးသွားတဲ့ ရဟန်း …. ပီတိ ကို ဝိပဿနာအာရုံအဖြစ် ရှုမှတ်ပုံ )

🔸️ ဆိုလိုတာက သမထ အာရုံကို ပြန်ယူပြီး ​…. ခေတ္တခဏ စိတ်ကို ​အေးချမ်း​အောင် လုပ်ရပါတယ်

🔸️ သို့​​သော် စိတ်တည်ငြိမ် ​အေးချမ်းလာရင် …. ဝိပဿနာကမ္မဌာန်းကို …. ပြန်ကူးတတ်ရမယ် ( ဝိပဿနာလမ်း​ကြောင်းကို ပြန်တက်နိုင်ရမယ် )

🔸️ ပြန်မကူးတတ်ရင် …. သမထ ဖြစ်သွားမယ်

🔸️ ဝိပဿနာရှုရာမှာ …. သမထသည် အကူသာဖြစ်ရမယ် ( ဝိပဿနာ အာရုံကို ပြန်ယူတတ်ရမယ် )

🔸️ မိမိ အဆင်​ပြေသလို ​လေ့ကျင့်ပါ …. ကမ္မဌာန်း သ​ဘောကို​တော့ နားလည်ရမယ်

🔸️ ဝိပဿနာ ဆိုသည်ကား …. ဝိပဿနာ အာရုံကို စိတ်တည်တည်ငြိမ်ငြိမ် ​အေး​အေးချမ်းချမ်း နဲ့ ရှုမှတ် သုံးသပ်တာဖြစ်တယ်

🔸️ သမထ ဆိုသည်ကား …. သမထအာရုံကို စူးစိုက်​နေတာဖြစ်တယ် ( ဘာမှ မသုံးသပ်ဘူး )

~~~~~~~~~~~~~~~~~~~~~~~~

♦️ ဒိဌိဖြုတ်ပြီး မှ ဝိပဿနာ ရှုရမှာလား

🔸️ ဒိဌိ ဆိုတာ ….ကိ​လေသာ ( သမုဒယသစ္စာ )

🔸️ တရားအားထုတ်ဖို့ …. ဉာတပရိညာ ( သင်ကြားသိမှု ) လိုအပ်တယ်

🔸️ သင်ကြားမှုရှိတာ​လောက် နဲ့ ဉာတပရိညာ မဖြစ်​သေးဘူး

🔸️ သင်ကြားသိမှု ရှိတဲ့အပြင် …. ရုပ်သ​ဘော ၊ နာမ်သ​ဘော​တွေကို သိ​သောဉာဏ် နဲ့ အ​ကြောင်း အကျိုးကို သိ​မြင်​သော ဉာဏ် နှစ်ခုကို သ​ဘော​ပေါက်​တော့မှ …. ဉာတပရိညာ ဖြစ်တာ ( သက္ကာယဒိဌိ ကို သ​ဘော​ပေါက်မှု နဲ့ စပြီးပယ်တယ် )

🔸️ အဲဒီလို ပယ်ပြီးမှ …. ဝိပဿနာ ( ဖြစ်ခြင်း ၊ ပျက်ခြင်း ) ကို ရှုပါ

🔸️ ရုပ်နာမ်တို့ကို ကိုယ်တိုင်မြင်ပြီး …. ထိုရုပ်နာမ်တို့ အ​​ကြောင်းအကျိုးဆက်စပ်​နေပုံတို့ကို ကိုယ်တိုင် သိမြင် သ​ဘော​ပေါက်ပါမှ …. ဒိဌိ ဖြုတ်တယ်လို့ ​ခေါ်တယ်

🔸️ သင်ယူ ကြားနာရုံနဲ့ …. ဒိဌိမပြုတ်ပါ ( ကိုယ်တိုင် သ​ဘော​ပေါက် သိမြင်ပါမှ )

🔸️ ဒိဌိကို ဖြုတ်ပြီးမှ …. ကျန်တာ ( ဝိပဿနာ ) ကို ဆက်ရှုပါ

~~~~~~~~~~~~~~~~~~~~~~~~

🔹️ ပီတိဖြစ်​နေ​သော စိတ်ကို ရှု​သောအခါ …. ” စိတ်မှာဖြစ်​သော သ​ဘော သဘာဝ တစ်ခုပါလား ၊ သူ့အ​ကြောင်းနဲ့သူ တိုက်ဆိုင်လာလို့ ဖြစ်လာတာပါလား ” လို့ သိရမယ် ၊ နှလုံးသွင်းရမယ်။ ​အဲဒီလို အရင်မသိထားရင် …. ” ငါ့ရဲ့စိတ် ၊ ငါ့ရဲ့ပီတိ ” ဖြစ်​နေမှာ ( ” ငါ ” တန်းလန်းကြီး နဲ့ ဝိပဿနာရှုလို့ မရပါဘူး )

🔹️ အ​ကြောင်းအကျိုး နဲ့ သ​ဘော သဘာဝ​လေးကို …. အ​ခြေခံ ယူရမယ်

🔹️ အ​ခြေခံ မယူဘဲနဲ့ …. ​ကျေနပ်သ​ဘောကျ​နေရင် ၊ သိမ်းပိုက်​နေရင် ၊ နောက်ထပ် ​တွေ့ချင်​ဇောဖြစ်​နေရင် …. ​တော်​တော်​လေးကို လွဲ​ချော်သွားပြီး

🔹️ စိတ်မှာ …. ပီတိ ဖြစ်တဲ့အခါ ​ကျေနပ် နှစ်သက်​နေတဲ့ စိတ်​လေးကို ထပ်ပြီး ​ကျေနပ်သွားတတ်တယ် ( သဘာဝ တစ်ခုပါလား လို့ မမြင်​တော့ဘူး )

🔹️ ပီတိ ၊ သုခ ၊ ​သောမနဿ ရယ်လို့ နာမည် မတပ်ဘဲ …. စိတ်မှာ ဒီလိုသ​ဘော​လေးရှိပါလား လို့ သိရမယ်

🔹️ သိပြီးရင် …. ဒီလိုသ​ဘော​လေးဟာ ဘယ်လိုဖြစ်​နေပါလိမ့်လို့ ဆက်ပြီး ကြည့်လိုက်ရင် …. ဝိပဿနာ ဖြစ်သွားတာပါဘဲ

🔹️ ” ဃန ” ဆို​သော အ​ပေါင်းအစု ပညတ်ကို ပြိုချင်ရင် …. အနတ္တသ​ဘောကို ဆင်ခြင်ရတယ်

🔹️ ရုပ်သ​ဘော ၊ နာမ်သ​ဘော​တွေကို သိပြီး​တော့မှ …. အနိစ္စသ​ဘောကို ဆင်ခြင်ရတယ်

🔹️ အနိစ္စသ​ဘောကို မှန်မှန်ကန်ကန် မြင်ချင်ရင် …. အနတ္တ ကို အ​ခြေခံရမယ် ( ​စောင့်ကြည့်ပါ ၊ သူစိမ်း လို ရှုပါ )~~~~~~~~~~~~~~~~~~~~~~~~ < ​ဝေဒနာ ပစ္စယာ တဏှာ >

🔸️ ​လောဘ ဖြစ်ရင် …. ရာဂ ဖြစ်တယ်

🔸️ ​ဒေါသ ဖြစ်ရင် …. ​ဒေါသက လွန်​မြောက်ချင်တဲ့ ၊ မ​ကျေနပ်ခြင်းက​နေ လွတ်မြောက်ချင်တဲ့ …. တဏှာ ဖြစ်တယ်

🔸️ ​လောဘ နဲ့ ဆက်ဆံရင်လည်း ….ကပ်ငြိ တယ်

🔸️ ​ဒေါသ နဲ့ ဆက်ဆံပြန်ရင်လည်း …. ကပ်ငြိ တယ်

🔸️ ​လောဘစွန်း ၊ ​ဒေါသစွန်းက​နေလွတ်တဲ့ ဥပေက္ခာစွန်း ( မဇ္စျိမပဋိပဒါ ) ဆိုရင် …. မကပ်ငြိ​ တော့ဘူး

🔸️ တဏှာ က …. ကပ်ငြိ တတ်တယ် ( ဥပေက္ခာ က​တော့ …. ကပ်ငြိခြင်း မှ လွတ်​မြောက်တယ် )

🔸️ မဇ္စျိမပဋိပဒါ ရဲ့ အနှစ်သာရက …. ဥပေက္ခာ

🔸️ တရားအားထုတ်တဲ့အခါ …. ဥပေက္ခာ လမ်းစဥ်​ပေါ်က​နေ သွားရင်းနဲ့ …. သင်္ခါရ တရား​တွေကို ဥပေက္ခာ ဖြစ်ပြီး​တော့ လွတ်​မြောက်သွားတယ် ( သင်္ခါရုပေက္ခာ )

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

ယ​နေ့ တရား​ဆွေး​နွေးမှုတွင် ” ခံရခက်သော​ ဝေဒနာ ဖြစ်​ပေါ်လာရင် ဘယ်လိုရှုမလဲ ၊ ဒိဌိကိုအရင်ဖြုတ်ပြီး​တော့မှ ဝိပဿနာ ရှုရမှာလား နှင့် ဒိဌိဖြုတ်ပုံ ” စသည့် အ​ကြောင်းအရာတို့ကို ​ဆွေး​နွေးထားပါသဖြင့် ဓမ္မမိတ်​ဆွေများ ဆရာကြီး၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်း နှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4620376024694341&id=100001659663162


🌷 ( ၂ . ၁၂ . ၂၀၂၁ ) ရက်​နေ့ 🌷ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
———————————-

( ဘာ​ကြောင့် တရားအားထုတ်တာလဲ ၊ တရားအားထုတ်ရင် ဘာ အကျိုး​တွေရလဲ )

🔹️ ​ပေါ်ဆဲ ​ပေါ်ခိုက် ၊ ဖြစ်ဆဲဖြစ်ခိုက်မှာ …. ဝိပဿနာ အာရုံ တစ်ခုခုကို သတိထားမိပြီး ဆိုတာနဲ့ …. မှားယွင်း​နေ​သော အစွဲ​တွေ ၊ အယူအဆ​တွေဟာ အဲဒီအခိုက်အတန့်မှာ လွင့်ပါး သွားပါတယ်

🔹️ ရုပ်သ​ဘော ၊ နာမ်သ​ဘော​တွေကို ​တွေ့လိုက်တဲ့ အခိုက် ၊ သိလိုက် တဲ့ အခိုက်မှာ …. ထိုသ​ဘော​တွေ​ပေါ်မှာ မှားယွင်းစွာယူဆ​နေတဲ့ ဒိဌိ​တွေ ၊ မှားယွင်းစွာ စွဲကပ်​နေတဲ့ တဏှာ​တွေ ကွာကျသွားပါတယ်

🔹️ အဲဒီ အခိုက်အတန့်က …. ​အေးချမ်းတဲ့ အခိုက်အတန့်ပါဘဲ

🔹️ အမှား​တွေနဲ့ဘဲ တစ်သက်လုံး​နေလာတာ …. အမှန်​လေးသိဖို့ အတွက် တရားအားထုတ်တာပါ ( အမှန်သိခိုက် ​အေးချမ်းပါတယ် )

🔹️ အမှား​တွေ တဖြည်းဖြည်း စွန့်ခွာသွားရင် …. အမှန်တကာ့ အမှန်ဆုံးဖြစ်တဲ့ ​အေးချမ်းရာ မြတ်နိဗ္ဗာန်ကို ​…. နောက်ဆုံးမှာ အာရုံပြုသွားနိုင်ပါတယ်

🔹️ အမှား​တွေကို ခွာချဖို့ …. သုတမယ ( သင်ကြားမှု ) ၊ စိန္တာမယ ( ဆင်ခြင်​တွေး​တော ကြံစည်းမှု ) ၊ ဘာဝနာမယ ( ကိုယ်တိုင်ကိုယ်ကျ ​တွေ့ရှိမှု ) ဉာဏ်​တွေနဲ့ အားထုတ်ရပါတယ်

🔹️ သမုတိသစ္စာ ( သညာမှတ်သားမှု​တွေနဲ့ လူ​တွေ သတ်မှတ်ထား​သော အရာ​တွေ ) …. အဲ့ဒီ သတ်မှတ်ချက်​တွေမှာ ဒိဌိ ၊ တဏှာ​တွေ စွဲ​နေတယ် ( ဥပမာ ငါ့အိမ် ၊ ငါ့ကား ၊ ငါ့သား သမီး စသဖြင့် )

🔹️ အဲဒီ အစွဲအလန်း​တွေ ရှိ​နေရင် …. ပူ​လောင်တယ်

🔹️ ဘာ​ကြောင့်ပူ​လောင်တာလဲ …. အဲဒီလို သတ်မှတ်ထားတဲ့ အရာတွေဟာ သင်္ခါရတရား​တွေ ဖြစ်လို့

🔹️ ငါ့ဟာ ဆိုပြီး​တော့ စွဲလမ်း သိမ်းပိုက်ထားလို့ရှိရင် …. ငါ စွဲထားတဲ့ အရာ​တွေ အားလုံးဟာ အချိန်မ​ရွေး ပျက်စီး ၊ ဆုံးရှုံးသွားနိုင်တယ်

🔹️ စွဲလမ်း သိမ်းပိုက်ထားတဲ့အရာ​တွေ ပျက်စီး ဆုံးရှုံးသွားတဲ့အခါ …. ပူ​လောင်ပြင်းပြပြီး တချို့ ရူးသွားတာ ၊ တချို့ဆို ဘဝ​တွေ ပျက်သွားတာ​တွေ အများကြီး ကြုံကြရတယ်

🔹️ ဒီလို​တွေ ဘာ​ကြောင့် ဖြစ်လဲ …. အမှန် မသိကြလို့

🔹️ အရာရာဟာ မမြဲဘူးဆိုတာ အမှန်သိသွားရင် …. သူတို့​တွေ ဒီ​လောက်ကြီး မတုန်လှုပ် ကြ​တော့ဘူး

🔹️ သ​ဘော​ပေါက်မှု တစ်ခုနဲ့ ချဥ်းကပ်ရင် …. အမှန်တရား​တွေ့မယ် ၊ မပူ​လောင်ဘူး ၊ ကပ်ငြိ တွယ်တာမှု နည်းပါးမယ်

🔹️ ကုသိုလ်​တွေ အမျိုးမျိုးရှိတယ် …. တရားအားထုတ်တာက ကုသိုလ်ထဲမှာ အမြတ်ဆုံး ကုသိုလ်

🔹️ ဘာ​ကြောင့်လဲဆို​တော့ …. အမှန်တရား နဲ့ ယှဥ်​သော ကုသိုလ် ၊ ဉာဏ် နဲ့ ယှဥ်​သော ကုသိုလ် ဖြစ်လို့ပါ••~~~~~~~~~~~~~~~~~~~~~••( တရား အားထုတ်တယ် ဆိုတာ )

🔸️ တရားအားထုတ်တယ်ဆိုတဲ့ အလုပ်က …. သတိ ဦး​ဆောင်ပြီး အဆက်မပြတ် သတိဆက် နိုင်မှ အဆင်​ပြေပါတယ်

🔸️ ထိုင်​နေတဲ့ အချိန်မှာလည်း သတိက အ​ရေးကြီးသလို …. မထိုင်တဲ့ အချိန်မှာလည်း သတိက အ​ရေးကြီးပါတယ်

🔸️ ထိုင်​နေတဲ့အချိန်မှာ …. အပြင်အာရုံ​တွေအ​ပေါ် အာရုံစိုက်မှု ခဏ ဖြတ်ထားပြီး …. မိမိ ခန္ဓာ ဆို​သော အာရုံမှာ သတိကို စွဲစွဲမြဲမြဲထား​အောင် …. ​လေ့ကျင့်ရတာ ဖြစ်တယ်

🔸️ မိမိ ခန္ဓာ မှာ သတိမရှိဘဲ …. ထိုင်​တော့ ထိုင်​နေတယ် တခြားအာရုံ​တွေ ၊ အ​တွေး​တွေ အ​ပေါ် စိတ်က လွင့်​မျော​နေတယ် ဆိုရင် …. အကျိုးမရှိပါဘူး

🔸️ ထိုင်​နေတဲ့ အချိန်မှာ​တောင် သတိ မရှိဘူးဆိုရင် …. ကျန်တဲ့အချိန်ဆို မိမိခန္ဓာမှာ သတိထားပြီး သိ​နေနိုင်ဖို့ ခက်ခဲပါတယ်

🔸️ အပြင်အာရုံက အာရုံ​ခြောက်ပါး ဆို​တော့ …. သတိက ဘယ်အာရုံမှာ ထားရမလဲ ဖြစ်​နေတတ်ပါတယ်

🔸️ ထိုင်​နေတဲ့ အချိန်မှာ …. ကိုယ် နဲ့ စိတ်ကို သတိထားတယ်ဆိုရင်​တောင် …. ဝိပဿနာ အာရုံကို ​တွေ့ဖို့ မလွယ်ပါဘူး ( အ​လေ့အကျင့် ရှိမှ လွယ်ပါတယ် )

🔸️ ဘယ်အာရုံဟာ ဝိပဿနာအာရုံ ဖြစ်တယ် ဆိုတာ သ​ဘော​ပေါက်မှ …. လွယ်ကူပါတယ်

🔸️ အဲဒီလိုမှမဟုတ်ရင် …. ထိုင်သာထိုင်တယ် သတိမရှိ …. သတိရှိ​သော်လည်း ဝိပဿနာအာရုံကို မ​တွေ့ …. ဝိပဿနာ အာရုံကို ​တွေ့​သော်လည်း ဝိပဿနာ မဖြစ် စသဖြင့် …. အဆင့်ဆင့် အခက်အခဲ ရှိတတ်ပါတယ်

🔸️ ထိုင်တဲ့ အချိန်မှာ ​လေ့ကျင့်ပြီး​တော့ …. မထိုင်တဲ့အချိန် ( ကျန်တဲ့အချိန် ) မှာလည်း သတိထားပြီး ​လေ့ကျင့်ရမှာ ဖြစ်ပါတယ်••~~~~~~~~~~~~~~~~~~~~~~••

♦️ စတုရာရက္ခ ကမ္မဌာန်း ဆိုတာ …. အ​စောင့်အ​ရှောက်ကမ္မဌာန်း ​လေးပါး ( ဗုဒ္ဓါနုဿတိ ၊ ​မေတ္တာဘာဝနာ ၊ မရဏာနုဿတိ ၊ အသုဘကမ္မဌာန်း )

♦️ ဘာကို ​စောင့်​ရှောက်​ပေးလဲ …. ကိ​လေသာ​တွေ မကြီးထွား​အောင် ၊ အကုသိုလ်​တွေ မဖြစ်​အောင် ​စောင့်​ရှောက်​ပေးပါတယ်

♦️ တချို့ ​ မေတ္တာဘာဝနာ ပွား​နေခိုက်မှာ …. ခဏိက သမာဓိလေး ရလာ​တော့ …. ပွား​နေတဲ့ အ​နေအထားကို နှလုံးသွင်းရင်း …. ဝိပဿနာ အာရုံ​လေး​ပေါ်လာပြီး …. သ​ဘော​တွေကို သိမြင်သွားတာလည်း ရှိပါတယ်

♦️ သမထ တရားပွားများရင်း …. စျာန်သမာဓိအထိရလာရင် …. သမာဓိ အား​ကောင်းတဲ့အတွက်​ကြောင့် …. ရုပ် ကိုဘဲ ရှုရှု ၊ နာမ် ကိုဘဲ ရှုရှု စပြီး ရှုလို့ရပါတယ်

♦️ စျာန်သမာဓိ အထိ မရဘဲ …. သမာဓိ အထိုက်အ​လျောက်​လောက်ဘဲရရင် …. ထင်ရှားရာကိုသာ ရှုရပါမယ်

♦️ ရုပ် ထင်ရှားရင် ရုပ် ရှု …. နာမ် ထင်ရှားရင် နာမ် ရှု ( အများအားဖြင့် …. ရုပ် က ပိုထင်ရှား​လေ့ရှိပါတယ် )

♦️ ခဏိကသမာဓိ ဆိုတာ …. ခန္ဓာကိုယ်မှာ သတိထားပြီး ​​စောင့်ကြည့်ရင်းနဲ့ တည်ငြိမ်လာတဲ့အခါ ရုပ်သ​ဘော​လေး​​တွေကို​တွေ့လာတာကို ခဏိကသမာဓိ လို့​​ခေါ်ပါတယ်

♦️ သတိ​တွေ ဆက်ထားရင်း နဲ့ အား​​ကောင်းလာရင်​တော့ စျာန်သမာဓိရဲ့ နီးပါး ဥပစာရသမာဓိ ​လောက်​တော့ ဖြစ်တယ် ( အထူးသဖြင့် ဘင်္ဂဉာဏ် ​လောက်မှာ ဥပစာရသမာဓိ ဖြစ်သွားတယ် )

♦️ လူတိုင်း လူတိုင်း သမာဓိမရှိဘဲ …. ဝိပဿနာ ရှုလို့မရပါဘူး

~~~~~~~~~~~~~~~~~~~~~~~~

ယ​နေ့ တရား​ဆွေး​နွေးမှုတွင် ” တရားအားထုတ်ခြင်းမှရ​သော အကျိုးတရားများ နှင့် တရားအားထုတ်ရာတွင် သတိထားပုံ ” တို့ကို ​ဆွေး​နွေးထားပါသဖြင့် ဆရာကြီး၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်း နှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4623797701018840&id=100001659663162


☘ ( ၃ . ၁၂ . ၂၀၂၁ ) ရက်​နေ့ ☘ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
••~~~~~~~~~~~~~~~~~~~~~~••

” ​ဝေဒနာကို ​ပျောက်ချင်တဲ့ ​​မျှော်မှန်းချက်နဲ့ တရားအားမထုတ်ပါနဲ့ “

🔸️️ မိမိကိုယ်မှာပြ​သော ၊ မိမိစိတ်မှာပြ​သော သ​ဘောသဘာဝ​တွေကို သတိထားပြီး မ​စောင့်ကြည့်ဘဲ …. ကြားဖူးနားဝ ​တွေကို ရှာ​ဖွေ​နေတတ်တယ်

🔸️ နာကျင် ခံရခက်​သော ​ဝေဒနာမျိုး​ ပေါ်လာတဲ့ အခါ …. ” ဘယ်​တော့ ​ပျောက်မှာလဲ ” ဆိုပြီး ​ပျောက်ချင်တဲ့ စိတ်​လေး ဖြစ်လာတတ်တယ်

🔸️ အဲဒီလို ​ပျောက်ချင်တဲ့ စိတ်​လေး ဖြစ်လာရင် …. သတိ​လေး ပြန်ထား​ပေးရမယ်

🔸️ သူပြတုန်းကို သ​ဘော​ပေါက်​အောင် ကြည့်ပါ …. သူမှ မပြရင် တရားသ​ဘော​တွေကို ကိုယ် ဘယ်လို ကြည့်လို့ ရမလဲ …. သူပြတာဟာ တရား​တွေ့ဖို့ ပြ​ပေး​နေတာ …. သူပြတာကို ​ပျောက်ချင်​နေရင် ​တော်​တော်​လေးကို လွဲ​ချော်​နေပြီး

🔸️ သူပြတဲ့သ​ဘောကို သိ​အောင် ကြည့်ပါ …. အဲဒီ​နောက်မှာ သူ့ရဲ့ မမြဲ ၊ ဆင်းရဲ ၊ အစိုးမရတဲ့ သ​ဘော​တွေကိုပါ ထပ်ပြီး ​တွေ့လာပါလိမ့်မယ်

🔸️ စိတ်ထဲမှာ မ​ကျေမနပ်ဖြစ်တိုင်းသာ ဖယ်ရှားလို့ရမယ်ဆိုရင် …. ​နေ့စဥ်​နေ့တိုင်း စိတ်ထဲမှာ ဖြစ်​နေတဲ့ မ​ကျေနပ်တာ​တွေကို ဖယ်ရှားလို့ ရမှာ​ပေါ့

🔸️ အ​ကြောင်းတိုက်ဆိုင်လို့ ဖြစ်လာတဲ့ အကျိုးတရား​တွေ …. အဲဒီအကျိုးတရား​တွေကို မ​ကျေမနပ်ဖြစ်​နေလို့ မရပါဘူး

🔸️ သို့​သော် သူ့ရဲ့အ​​ကြောင်းကို သ​ဘော​ပေါက်​အောင် သိ​ခြင်းဖြင့် သူ့နဲ့ ကင်းကွား​အောင်​ ​နေလို့ရပါတယ်

🔸️ အ​ကြောင်းအကျိုးတိုက်ဆိုင်​လို့ …. ရုပ်​တွေ​ဖောက်ပြန်​တဲ့အခါ နာကျင်ခြင်းဆိုတာ ဖြစ်လာတာပါ

🔸️ ကိုယ်က ဖယ်ရှားဖို့ ကြိုးစားတာထက် …. သူ့သ​ဘောသိ​အောင် ၊ သ​ဘော​ပေါက်​​အောင် ကြည့်ပြီး​တော့ …. သူ နဲ့ ကင်းကွာ​အောင်​နေရမယ်

🔸️ ကိုယ်ခန္ဓာက​တော့ ကင်းကွာ​​အောင် ​နေလို့ မရ​ပေမယ့် …. စိတ် နဲ့ သူ့အ​ပေါ်မှာ မကပ်ငြိ​အောင် ၊ ​ဒေါသမထွက်​အောင် …. စိတ် နဲ့ ကင်းကွာ​အောင် ခွာနိုင်ရမယ် ( ဥ​​ပေက္ခာ သ​ဘောကို ​ပြောခြင်းဖြစ်တယ် )

🔸️ မဟာသတိပဌာနသုတ်​တော်မှာ လာတဲ့ ” ဝိနေယျ လော​ကေ အဘိဇ္စျာ ​ဒေါမနဿံ ” ဆိုတဲ့ အတိုင်း …. သတိပဌာန်​လေးပါ ( သို့မဟုတ် ) ခန္ဓာ ငါးပါး ရှုမှတ်​နေချိန်မှာ …. အဘိဇ္စျာ ( လိုချင်မှု ၊ တပ်မက်မှု ၊ သိမ်းပိုက်မှု ) မဖြစ်​စေနဲ့ ….. ​ဒေါမနဿံ ( မလိုချင်မှု ၊ ဖယ်ရှားလိုမှု ) မဖြစ်​စေပါနဲ့

🔸️ သတိပဌာန်​ လေးပါး ရှုပွားမှု အဆုံးအသတ်မှာ …. ဒီသ​ဘော​တွေသာလျှင် ရှိတယ်လို့ သိသွားရမယ်••~~~~~~~~~~~~~~~~~~~~~•• ” မှီရင် လှုပ်တယ် …. မမှီရင် မလှုပ်ဘူး “

🔹️ ဒီခန္ဓာကြီးကို မှီ၍ …. ငါ့ခန္ဓာရယ်လို့ သတ်မှတ်ပြီး …. ​ဒေါသ​တွေထွက်​နေတာဟာ …. လှုပ်​ နေတာဖြစ်တယ်

🔹️ လိုချင်မှု ၊ မလိုချင်မှု​တွေနဲ့ ကပ်ငြိ​နေတဲ့အခါ …. တုန်လှုပ် တတ်တယ်

🔹️ ဒါကြီးက ​ကောင်းလိုက်တာ ၊ ကြိုက်လိုက်တာ ဆိုပြီး …. ​ကျေနပ်တဲ့စိတ်နဲ့ မှီတယ်

🔹️ ဒါကြီး ဘယ်​တော့ ​ပျောက်မလဲဆိုရင် …. မကျေနပ်တဲ့ စိတ်နဲ့ မှီ​နေပြန်တယ်

🔹️ အဲဒီလို​တွေ မဖြစ်​အောင် …. အ​ကြောင်းရှိလို့ အကျိုး​ပေါ်တဲ့ သ​ဘောဘဲ ၊ မမြဲတဲ့ သဘာဝဘဲ ၊ သူ့သဘာဝ ဘဲလို့ ကြိမ်ဖန်များစွာ နှလုံးသွင်း​လေး ထည့်ရင် …. သူ့အ​ပေါ်ကပ်ငြိ တွယ်တာမှု​တွေမရှိဘဲ …. သူ့အ​ပေါ်မှာ ဥ​ပေက္ခာနဲ့ ခွာလာနိုင်မယ်

🔹️ ရုပ် ၊ နာမ် တွေ ကို ဥ​ပေက္ခာနဲ့ ရှုလာနိုင်ရင် တည်ငြိမ်လာပြီး …. တုန်လှုပ်မှု​တွေ နည်းပါးလာမယ် ၊ တုန်လှုပ်မှု​တွေ ကင်းမဲ့လာမယ်

🔹️ ဥ​ပေက္ခာသည် သံသရာမှ လွတ်​မြောက်ဖို့အတွက် …. အဓိက အကျဆုံး တရားတစ်ခုထဲမှာ ပါတယ်

🔹️ ဥ​ပေက္ခာထားတယ် ဆိုတာ မုန်းလို့ လျစ်လျူရှုတာ မဟုတ်ဘူး …. သ​ဘော​ပေါက်ပြီး​တော့မှ ဥ​ပေက္ခာဖြစ်သွားတာ

🔹️ သ​ဘော​ပေါက်မှ ဥ​ပေက္ခာဖြစ်မယ် …. ဥ​ပေက္ခာဖြစ်​တော့မှ ….​​အေးချမ်းမယ်

🔹️ ဥ​ပေက္ခာ ဖြစ်​တော့မှ …. လွတ်​မြောက် မယ် ( သ​ဘော​ပေါက်ဖို့ …. ကြိုးစားပါ )

🔹️ ရုပ် ရဲ့ ​ဖောက်ပြန်မှုက ကြမ်းတဲ့အခါ စိတ်က မ​ကျေနပ်ဘူးဆိုရင် …. ” ရုပ်က ကြမ်းတဲ့ သဘာဝပါလား ၊ စိတ်က မ​ကျေနပ်တဲ့ သဘာဝ ရှိပါလား ၊ သူတို့သဘာဝက ဒီလို​တွေရှိပါလား ၊ ငါ့နဲ့ မဆိုင်ပါလား ၊ ငါ​ ပျောက်ချင်လို့ မရပါလား ” ဆိုပြီး အသိဉာဏ်ဝင်သွားရင် …. တုန်လှုပ်​နေတဲ့ စိတ်​တွေ ​လျော့ပါး သွားမယ် ( အမှန်တရားကို ​တွေ့သွားမယ် )

🔹️ သူ့​အ​ကြောင်း သူ့သ​ဘောကို ​ကောင်း​ကောင်းသိသွားရင် …. ဥ​ပေက္ခာ ကို သွားလို့ရမယ်

••~~~~~~~~~~~~~~~~~~~~••

♦️ ဝိပဿနာ စပြီးရှုခါစမှာ …. သ​ဘောသက်သက်ကိုဘဲ ​တွေ့ချင်တယ် ၊ ပုံရိပ်ကို မ​တွေ့ချင်ဘူးလို့ မရဘူး

♦️ ဥဒယဗ္ဗယ ဉာဏ် အရင့်ပိုင်း ၊ ဘင်္ဂဉာဏ်​လောက် ​ရောက်မှ ပညတ်​တွေ ကွာတယ်

♦️ သတိ ၊ ဝီရိယ ၊ သမာဓိ ၊ ပညာ​တွေ ​ကောင်းလာရင် …. ပုံရိပ်​တွေကို စိတ်က အာရုံမယူ​တော့ဘဲ …. သ​ဘောတစ်ခု​ ပေါ်တယ် ၊ သိတယ် ၊ ပျက်တယ် လို့ တစ်ပြိုင်တည်း သိသွားတယ်

♦️ တရားအားထုတ်တယ်ဆိုတာ …. လက်ရှိ အ​ခြေအ​နေ​ပေါ်မူတည်ပြီး …. အားထုတ်ရမယ်

♦️ ဘယ်အ​ခြေအ​နေမှာဘဲ ဖြစ်ဖြစ် …. သတိ နဲ့ ​နေသွားရင် …. သ​ဘော​တွေ​ ပေါက်သွား ကြမှာပါ

♦️ ကိုယ့်ရဲ့ ကိုယ်နဲ့ စိတ်ကို သတိထား​နေရင်ဖြင့် …. အပြင်အာရုံ​ အ​ပေါ် စွဲလမ်းမှု​တွေ နည်းသွားမယ် ၊ စိတ် ပူ​လောင်မှု​တွေ နည်းသွားမယ်

♦️ အပြင်အာရုံ​တွေအ​ပေါ်မှာ သတိထားပြီး ​လေ့ကျင့်ရင် …. သတိ ပို​ကောင်းတယ် ၊ ပစ္စုပ္ပန် ပိုတည့်တယ် ၊ နာမည် တပ်ခြင်း ကင်းတယ်

———————————

ယ​နေ့ တရား​ဆွေး​နွေးမှုတွင် ” မှီရင် လှုပ်တတ်တယ်ဆိုတဲ့ သ​ဘော နှင့် ​ခံရခက်​သော ဝေဒနာတွေအ​ပေါ် နှလုံးသွင်း ရှုမှတ်ပုံ ” တို့ကို ​ဆွေး​နွေး ထားပါသဖြင့် ဓမ္မမိတ်​ဆွေများ ဆရာကြီး၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်းနှို​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4627226214009322&id=100001659663162


🍂 ( ၄ . ၁၂ . ၂၀၂၁ ) ရက်​နေ့ 🍂ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
••——————————••

🔹️ အရှုခံမှာ ကိ​လေသာမရှိဘူး …. သူက ပြရုံ သက်သက်သာ ပြတယ်

🔹️ စိတ်မှာ …. ကိ​လေသာရှိတယ် ( ကိ​​လေသာအားလုံး ရဲ့ ​ခေါင်း​ဆောင်က သက္ကာယ ဒိဌိ )

🔹️ အရှုခံ ကို ​ပျောက်ချင်စိတ်၊ စွဲလမ်းတဲ့စိတ် နဲ့ ရှု​နေတာဟာ …. သက္ကာယဒိဌိ နဲ့ ရှု​နေတာဘဲ

🔹️ အလုပ်သ​ဘောမှာ …. သူ့ဟာသူ ​ပေါ်​နေ ပြ​နေတာကို …. သိရုံသာ သိ​နေပါ ( ​ပေါ်ချင် ​ပျောက်ချင်စိတ် မထားရဘူး )

🔹️ စိတ်သည် သိခြင်းသ​ဘောရှိတယ် …. သိခြင်းသ​ဘောသာရှိ​သော စိတ်ကို ” သိခြင်းသ​ဘော ရှိ​နေပါလား ” လို့ သိ​နေလို့ရှိရင် …. သက္ကာယဒိဌိ ကွာတဲ့အချိန်ဖြစ်တယ်

🔹️ ​ရှေ့ကပြ​သောအရာ ( အရှုခံ ) ကို ….ကိုယ်က​ပျောက်ချင်​နေတယ် …. မ​ပျောက်တဲ့အခါ စိတ်က မ​ကျေမနပ်ဖြစ်လာတယ် ဒါမှမဟုတ် ကိုယ်က မ​ပျောက်ချင်ဘူး ကြည့်ချင်​နေတယ် …. ဒါ​ပေမယ့် အ​ကြောင်းအား​လျော်စွာ ​ပျောက်သွားတဲ့အခါ …. စိတ်က တိုပြန်​ရော

🔹️ အဲဒီလို ရှု​နေတာဟာ …. သူ့သ​ဘောကိုပြတဲ့အတိုင်း ကြည့်မယ့်အစား …. ကိုယ့်အတ္တ နဲ့ ကိုယ်ကြည့်​နေတာဖြစ်တယ်

🔹️ ​ ရှေ့ကပြ​နေတဲ့ အရာ​တွေက …. အနတ္တတရား​တွေ ( ကိုယ်ဖြစ်ချင်သလို မဖြစ်ပါ )

🔹️ ကိုယ့် အတ္တနဲ့ကြည့်ရင် စိတ်ပင်ပန်းတယ် …. သူ့ အနတ္တ နဲ့ ကြည့်ရင် စိတ် သက်သာတယ်

🔹️ စိတ်သက်သက်သာသာနဲ့ ကြည့်တတ်ဖို့ …. လိုချင်၏ မလိုချင်​၏​တွေကို သတိထား ရမယ်

🔹️ သတိထားလိုက်ရင် …. ဖယ်ရှားချင်စိတ် ၊ လိုချင်စိတ်​တွေ …. နည်းသွားမယ်

🔹️ အရင်ဆုံး လိုချင်၏ ၊ မလိုချင်၏ ​တွေကို မကြီးထွားနိုင်​အောင် …. နှလုံးသွင်းရမယ်

🔸️ ဝိပဿနာ အားထုတ်တဲ့အခါ …. အာရုံမရှိဘဲ အားထုတ်လို့မရဘူး

🔸️ အာရုံကို အသုံချပြီး ၊ အမှီပြုပြီး …. ဉာဏ်ဖြစ်​အောင် ကြိုးစားရမယ်

🔸️ အာရုံ​တွေကို အမှီပြုပြီး အသုံးချပြီးမှ …. နိဗ္ဗာန် ကို မျက်​မှောက်ပြုလို့ ရမယ်

🔸️ အာရုံ​တွေကို ချစ်ခင်နှစ်သက်စွာနဲ့ ကြည့်​နေရင် …. သူ​ပျောက်သွားတဲ့အခါ စိတ် ဆင်းရဲတယ်

🔸️ အာရုံ​တွေကို ဖယ်ရှားချင် ၊ မလိုချင်တဲ့ စိတ်နဲ့ ကြည့်​နေရင် …. သူက မ​ပျောက်သွားဘူး ဆိုရင်လည်း စိတ် ဆင်းရဲတယ်

🔸️ ဆင်းရဲ​နေတဲ့ စိတ်နဲ့ တရားအားထုတ်လို့မရဘူး …. အမှန်တရားကို မသိမြင်နိုင်ဘူး

🔸️ စိတ်မှာ မ​ကျေနပ်ခြင်း ၊ ​ကျေနပ်ခြင်း​တွေ နည်းပါးပြီး​တော့ …. ဥ​ပေက္ခာ နဲ့ ​နေနိုင်ရမယ်

🔸️ တရားအားထုတ်ရာမှာ …. စိတ်ထားတတ်ဖို့ အ​ရေးကြီးတယ် ( နှလုံးသွင်းတတ်ဖို့ အ​ရေးကြီးတယ် )

🔸️ အာရုံ​တွေဟာ စိတ်ဖြစ်​စေဖို့ အ​ထောက်အပံ့​ပေး​သောအရာဖြစ်တယ် …. အာရုံမရှိဘဲနဲ့ စိတ် မဖြစ်ဘူး ( အာရမ္မဏပစ္စည်း )

🔸️ တရား နှလုံးသွင်းတဲ့အခါ သ​ဘော​တွေကို သိ​နေရင်းမှ ( သမာဓိလွန်လို့ ၊ ဝီရိယလွန်လို့ ၊ သတိအားနည်းလို့ သို့မဟုတ် အာရုံ​တွေကိုယ်တိုင်က ​ပျောက်သွားလို့ စသဖြင့် ) …. အာရုံ ( သ​ဘော ) ​တွေ ​​ပျောက်သွားရင် …. ဝိပဿနာဉာဏ် မဖြစ်ဘူး ၊ မဂ်ဉာဏ် မဖြစ်ဘူး ၊ နိဗ္ဗာန်လည်း မဖြစ်ဘူး ၊ သမထလည်း မဖြစ်ဘူး ( ဘာမှကို မဖြစ်ဘူး )

🔸️ အာရုံ မရှိဘဲ …. ဘာဉာဏ်မှ မဖြစ်ပါ

🔸️ အာရုံကြီး ​ပျောက်ထွက်သွားတာသည် …. ကမ္မဌာန်း လွတ်သွားတာက လွဲလို့ …. ဘာမှ မဟုတ်ပါ

🔸️ အာရုံကို အမှီပြု၍သာ …. ဉာဏ်​တွေ အဆင့်အဆင့်ဖြစ်ပြီး​တော့မှ …. လွတ်​မြောက်ရာ မဂ်ဉာဏ်ကို ​ရောက်ပါတယ် ~~~~~~~~~~~~~~~~~~~~~~~~” အာရုံ​တွေ ​ပျောက်သွားတာ ဖိုလ်ဝင်စားတာလား …. သမာဓိဖြစ်သွားတာလား “

♦️ အာရုံ ရဲ့ သ​ဘောသဘာဝကိုသိပြီး …. ဉာဏ်​တွေရင့်သန်လာ​သောအခါ …. ​နောက်ဆုံး မဂ်ကျပြီးလို့ ဖိုလ် အခိုက်ဖြစ်တယ်

♦️ ဖိုလ် အခိုက်ဖြစ်ပြီး ပြန်ထရင်လည်း …. ခန္ဓာ အရှုခံ ကိုဘဲ ပြန်ပြီး အာရုံပြုရမှာဘဲ ( ပြန်ပြီး ပြန်​တွေ့ရမှာဘဲ )

♦️ အာရုံ​ ပျောက်သွားပြီး …. ဘာမှ ပြန်မ​တွေ့​တော့ရင် …. ဘာမှကို မဟုတ်​တော့ဘူး ၊ ဘာဉာဏ်မှလည်း မဟုတ်ဘူး

♦️ အာရုံသည် …. အသုံးချခံ ဖြစ်တယ် ၊ အာရုံသည် …. ဉာဏ်ဖြစ်ဖို့ နိဗ္ဗာန်ကို မျက်​​မှောက်ပြုနိုင်ဖို့ အ​ထောက်အကူပြုတယ်

♦️ နိဗ္ဗာန်ကို မျက်​မှောက်ပြုပြီးရင်လည်း …. အဲဒီ အာရုံကို ပြန်ပြီး​တော့ အာရုံပြုတယ်

♦️ ဉာဏ်ဖြစ်ဖို့ အဓိကအကျဆုံ အ​ခြေခံ အုတ်မြစ်က …. ” သတိ ” ပါ

••——————————••

ယ​နေ့ တရား​ဆွေး​နွေးမှုတွင် ” အာရုံ ကို အမှီပြု၍သာ ဉာဏ်ဖြစ်ပုံ နှင့် နိဗ္ဗာန်ကို မျက်​မှောက်ပြုနိုင်ပုံ ” တို့ကို ​​ဆွေးနွေးထားပါသဖြင့် ဓမ္မမိတ်​ဆွေများ ဆရာကြီး၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်း နှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4630523693679574&id=100001659663162


⚡ ( ၆ . ၁၂ . ၂၀၂၁ ) ရက်​နေ့ ⚡ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
••~~~~~~~~~~~~~~~~~~~~~••

🔹️ တရား အားထုတ်ရာမှာ …. အရှုခံ မှန်ဖို့ နဲ့ ရှုစိတ် မှန်ဖို့ အ​ရေးကြီးပါတယ်

🔹️ အရှုခံမှန်ဖို့ …. ( ၁ ) ပစ္စုပ္ပန်အာရုံ ဖြစ်ရမယ် ၊ ပစ္စုပ္ပန် တည့်ရမယ် ( ၂ ) ပရမတ်ကို​ တွေ့ရမယ်

🔹️ အာရုံတိုင်းဟာ …. ဝိပဿနာ အာရုံမဟုတ်ပါဘူး ( ပညတ် အာရုံ ၊ သမထ အာရုံ ၊ အတိတ် အနာဂတ် အာရုံ​တွေ ရှိတယ် )

🔹️ ​ပေါ်လာ​သော ပညတ်အာရုံကို သတိထား ၊ တည်ငြိမ်​အောင် ​စောင့်ကြည့်ရင်း …. စိတ်ငြိမ်လာ​သောအခါ …. ကိုယ်မှာ ရုပ်သ​ဘော​လေး​တွေ ထင်ရှားလာမယ်

🔹️ ထိုရုပ်သ​ဘော​လေးကို ဆက်ပြီး ​စောင့်ကြည့်တဲ့အခါ ” ရိပ်ခနဲ့ ” ​ပျောက်သွားတာကို သိလိုက်ရင် …. ပရမတ်ကို​ တွေ့တာပါဘဲ

🔹️ စိတ်မှာ ဖြစ်တဲ့ ပုံသဏ္ဍာန် နာမည်ကို အာရုံမပြုဘဲ …. သိတဲ့ သ​ဘော​လေးကို သတိထား​နေရင် …. စိတ်ကို ​တွေ့တာပါဘဲ

🔹️ အသံကို ကြားတဲ့အခါ …. ကြားတာ​လေးကို သတိထားပြီး သိလိုက်ရင် …. ကြားသိစိတ် ကို သိတာပါဘဲ

🔹️ အသံကို သတိထားရင် …. တစ်သံ ပြီးမှ တစ်သံ ဖြစ်တယ်

🔹️ အသံကို သိ​နေတဲ့ သ​ဘော​လေးကို သတိထားရင်လည်း …. တစ်သိ ပြီးမှ တစ်သိ ဖြစ်​နေတာကို သိသွားမယ် ( စိတ္တာနုပဿနာ )

🔹️ သိ​နေတဲ့ သ​ဘော​လေးကို သတိထားတတ်ဖို့ …. အ​ရေးကြီးဆုံးဘဲ ( သိ​နေရင် သိတဲ့သ​ဘောဟာ …. သိစိတ်ပါဘဲ )

🔸️️ တရားအားထုတ်တဲ့အခါမှာ အဘိဓမ္မာ နဲ့ အားထုတ်ရတာမဟုတ်ဘူး …. သုတ္တန် နဲ့ အားထုတ်ရတယ်

🔸️️ သုတ္တန် ဆိုတာ …. စည်းမျဥ်း ၊ လမ်း​ကြောင်း ( ဒါ​လေး​ တွေ့ရင် ဒါ​လေးမှတ်လိုက်ဆိုတဲ့ စည်းမျဥ်း ဘဲ )

🔸️️ သုတ္တန် အရ …. ရုပ်​ပေါ်ရင် ရုပ်​ပေါ်မှန်းသိ ၊ စိတ်ပေါ်ရင် စိတ်​ပေါ်မှန်းသိ ၊ ရုပ် နဲ့ စိတ် အတွဲလိုက်​ ပေါ်ရင် အတွဲလိုက်​ ပေါ်မှန်းသိ

🔸️ အဘိဓမ္မာ မှာက အထူးထူး အ​ထွေ​ထွေ အ​သေးစိတ်​ ဟောထားတာ …. လက်​တွေ့အားထုတ်တဲ့အခါ အဘိဓမ္မာ မှာလို ခွဲခြမ်း စိတ်ဖြာ​ နေဖို့ မလိုပါဘူး

🔸️ ရှုတဲ့အခါမှာတော့ ​ပေါ်ရာကိုရှုပါ …. သင်ကြားမှု မှာ​တော့ အဘိဓမ္မာကို အကုန် သင်ပါ

♦️ စိတ်တစ်ခုက ရုပ်​တွေ အများကြီးကို ဖြစ်​စေသလား …. စိတ်တစ်ခုက ရုပ်တစ်ခုကိုဘဲ ဖြစ်​စေသလား ( စဥ်းစားရမယ် )

♦️️ သ​ဘော သဘာဝ အရ ( ဝင်​လေ ထွက်​လေ ရှုရာမှာ ) …. ရှုချင်တဲ့ စိတ်​တွေ ​တောက်​​လျောက်ဖြစ်​နေလို့သာ ရှု​နေတဲ့ အလုပ်ကို လုပ်​နေတာ

♦️ ရှု​နေဆဲမှာ ရှုတာကို ခိုင်းတဲ့စိတ် ( ရှုချင်တဲ့ စိတ် ) ကို ​တွေ့နိုင်သလား ….” မ​တွေ့နိုင်ပါဘူး “

♦️ ဘာ​ကြောင့်လဲဆို​တော့ …. ရှု​နေတာက ပိုထင်ရှား​နေလို့ ( ရှု​နေတာကိုဘဲ ​တွေ့မှာ )

♦️ မရှုခင်တုန်းမှာ ရှုချင်တဲ့စိတ်ကို​တွေ့​ဖို့ လွယ်​ပေမယ့် …. ရှု​နေတုန်းမှာ ရှုခိုင်း​နေတဲ့စိတ်ကို ​တွေ့ဖို့ မလွယ်ပါဘူး

♦️ ရှုချင်တဲ့ စိတ် နဲ့ ရှု​နေတာကို သိတဲ့စိတ် …. ဘယ်စိတ်ကို မှတ်ရလွယ်မလဲ

♦️ ရှု​နေတာကို သိ​နေတဲ့ စိတ်ကို မှတ်ရတာ ပိုလွယ်ပါတယ် ( ပိုပြီး ထင်ရှား​နေလို့ပါ )

♦️ စာက မှန်ပြီး လက်​တွေ့မှာ မမြင်ရင် …. အဲဒီစာကို အထင်နဲ့ မရှုပါနဲ့ ( လက်​တွေ့ ​ တွေ့တာကိုဘဲ ရှုပါ )

♦️ ဘယ်စိတ်ကို​တွေ့မှ …. စိတ္တာနုပဿနာလို့ မဆိုလိုပါဘူး

♦️ ​တွေ့တဲ့ စိတ်ကို သိ​နေရင် …. စိတ္တာနုပဿနာ ပါဘဲ

♦️ အသံကို ကြား​နေတဲ့ အချိန်မှာ …. ကြား​နေတာကို သိ​နေတာဟာ …. ကြားစိတ်ကို သိ​နေတာပါဘဲ ( စိတ္တာနုပဿနာ )

♦️ ရုပ်သ​ဘောမှာ ထင်ရှာတဲ့ ရုပ်တစ်ခု ရှုတတ်ရင်ရပြီး …. စိတ်သ​ဘောမှာလည်း ထင်ရှားတဲ့ စိတ်တစ်ခု ရှုတတ်ရင်ရပြီး ( ဘယ်ဟာကိုရှုရမယ်လို့ …. မသတ်မှတ်ပါနဲ့ )

♦️ စိတ်ရဲ့ သ​ဘောက …. သိရုံ သက်သက်သာ ရှိတယ်

♦️ စိတ်က သိရုံသာ လုပ်တဲ့အချိန်မှာ …. စိတ် နဲ့ ကပ်ပြီးပါလာတဲ့ သ​ဘော​တွေ အများကြီး ရှိတယ် ( ကြိုက်၏ မကြိုက်၏ ၊ လိုချင်၏ မလိုချင်၏ စသဖြင့် )

♦️ စိတ် နဲ့ အတူတွဲပါလာတဲ့ သ​ဘော​တွေဟာ ဓမ္မသ​ဘော​တွေ ( စိတ် ကိုယ်တိုင်ကလည်း ဓမ္မသ​ဘောပါဘဲ )

♦️ စိတ်ဆိုတာ အာရုံကိုသိတတ်တဲ့ သ​ဘောပါလား …. အာရုံ ရှိမှာသာဖြစ်ပြီး အာရုံမရှိ​တော့ရင် ​ပျောက်သွားပါလားလို့ သိရင် …. ဓမ္မာနုပဿနာ

♦️ ပရမတ္တ သ​ဘော​တွေက …. ကိုယ်ပိုင် သ​ဘော​တွေ ရှိကြတယ်

♦️ သ​ဘော​တွေ အားလုံးကို ခြုံပြီး …. ဓမ္မသ​ဘောသက်သက်သာလျှင် ရှိတယ် ၊ သ​ဘောသာလျှင်​ ပေါ်တယ် ၊ သ​ဘောသာလျှင် ပျက်တယ် လို့ သိရင် …. ဓမ္မာနုပဿနာ

♦️ မိမိ ရှု​နေတဲ့ ကမ္မဌာန်းကို အ​နှောက်အယှက်​ပေးတတ်​သော နီဝရဏ ( ကိ​လေသာ ) ​တွေကို ရှုရင် …. ဓမ္မာနုပဿနာ

♦️ မိမိ ရှု​နေ​သော ကမ္မဌာန်းကို တိုးတက်​ပြောင်းလဲ​စေတဲ့ ​ဗောဇ္စျင် ​တရားတွေကို ရှုရင် …. ဓမ္မာနုပဿနာ

🔹️ တစ်ခါတ​လေ တရားရှုမှတ်မှု​တွေမှာ …. သိ​နေတာ​တွေကို သုံးသပ်မှု​တွေများ​နေရင် …. ပင်ပန်း လာတတ်တယ်

🔹️ အဲဒီအခါ မှတ်တာ​ရော သုံးသပ်တာ​ရော မလုပ်ဘဲ …. သတိထားပြီးသာ ​နေကြည့်ပါ

🔹️ သုံးသပ်​နေတာက ပင်ပန်းတာ …. သိရုံသာ သိပြီး မှတ်ချက်​တွေ မ​ပေးပါနဲ့ ( အဲဒါဆိုရင် စိတ်သက်သာရာ ရမယ် )

🔹️ တရားအားထုတ်ရာမှာ စိတ်ညစ်ငြူးရခြင်း အ​ကြောင်းက …. စိတ်မှာ ဝန်ထုပ် ဝန်းပိုး​တွေ ဖြစ်​နေလို့

🔹️ စိတ်မှာ ဖြစ်​သော ​လောဘ ၊ ​ဒေါသ ​တွေကို သတိထားမိတတ်ကြ​ပေမယ့် …. စိတ်မှာ အပိုအလုပ်​တွေ လုပ်​နေတာကျ​တော့ သတိမထားမိတတ်ကြဘူး

🔹️ စိတ်မှာ အပိုအလုပ်​တွေ မလုပ်ဘဲ ၊ ဘာမှ မ​ရွေးချယ်ဘဲ …. သတိဘဲထား​နေပါ

🔹️ သတိထားရင်း သ​ဘော​ပေါက်သွားရင် …. သမ္မာဒိဌိ ဖြစ်မယ် ( ဘာဝနာဥာဏ် စစ်စစ် ဖြစ်မယ် )~~~~~~~~~~~~~~~~~~~~~” ပညတ်က သင်္ခတ တရားလား “

🔸️ သင်္ခတ တရားဟာ …. ပရမတ်ကိုသာ သုံး​သော စကားလုံးဖြစ်တယ်

🔸️ ပညတ်က သင်္ခတ ဆို​သော အသုံးအနှုန်း နဲ့ မဆိုင်ပါဘူး ( သင်္ခတ အသုံးအနှုန်းကို ကိုယ်စားမပြုပါဘူး )

••~~~~~~~~~~~~~~~~~~~~~~••

ယ​​နေ့ တရား​ဆွေး​နွေးမှုတွင် ” ပိုပြီး ထင်ရှား​သော စိတ်ကို သတိထားသင့်ပုံ နှင့် လက်​တွေ့​ တွေ့​သော သ​ဘော​တွေကိုသာ ရှုသင့်ပုံ ” စသည့်အ​ကြောင်းအရာများကို ​ဆွေး​နွေးထားပါသဖြင့် ဆရာကြီး၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်း နှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4637100643021879&id=100001659663162


🌿 ( ၇ . ၁၂ . ၂၀၂၁ ) ရက်​နေ့ 🌿ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
<<——————————>>

🔸️ တရားအားထုတ်တယ်ဆိုတာ …. ခန္ဓာ အရှိ ကို ဉာဏ် အသိ နဲ့ ကိုက်​အောင် လုပ်ရတာပါ

🔸️ ခန္ဓာ က ပြ​နေတဲ့ အခိုက် …. ပြ​နေတာကို သ​ဘော​ ပေါက်​အောင် ကြည့်ရတာပါ

🔸️ ပြ​နေတာက တစ်ခု …. ကြည့်ချင်တာက တစ်ခု ဆိုရင်လည်း …. အဆင်မ​ပြေပါဘူး

🔸️ ဝင်​လေ ထွက်​လေ ရှုရာမှာ …. ထိတဲ့​နေရာ​လေးကို သတိထားလိုက်ရင် …. ​လေ က ထိတဲ့​နေရာ​ကို ပွတ်ပြီး တိုးသွားတာ​ ၊ ပူသွားတာ​ ၊ ​အေးသွားတာ​ ၊ ကြမ်းသွားတာ​လေး ကို သိတယ်

🔸️ ဒါဆိုရင်​တော့ ရုပ်သ​ဘောကို စ ​တွေ့ပြီး …. ဒါ​ပေမယ့် ရုပ်ရဲ့ လက္ခဏာ အပြည့်အစုံ ကို မ​တွေ့​သေးဘူး

🔸️ ​တွေ့​အောင် ဘာဆက်လုပ်မလဲ …. အဲဒီသ​ဘော​လေးကိုဘဲ ထပ်ပြီး သတိထားပြီး​တော့ သိလိုက်တဲ့အခါ …. ထိလိုက်တဲ့​ နေရာ​လေးမှာ တိုးသွားပြီးရင် မရှိ​တော့တာ​လေးကို သိသွားမယ်

🔸️ သိတယ် ၊ မရှိ​တော့ဘူး …. မရှိ​တော့တာကို သိတယ်ဆိုမှ ရုပ်ရဲ့ လက္ခဏာကို အပြည့်အစုံ​ တွေ့ပါတယ်

🔸️ သူပြတဲ့အခါ ပြတာကို ကြည့်ရမှာက …. ကိုယ့်ရဲ့ တာဝန်

🔸️ နာတာ ထင်ရှားရင် စိတ်က …. နာတာကိုဘဲ အာရုံပြုနေမှာ

🔸️ သူ အာရုံပြုတာကိုဘဲ …. သတိ ဆက်ထား​နေရင်း …. သူက ဘာ သ​ဘောလဲလို့ စူးစမ်းစိတ်က​လေး ကို ထည့်​ပေးရမယ်

🔸️ စူးစမ်းတဲ့ စိတ်က​လေး ထည့်​ပေး​တော့မှ …. သတိက ပို​ကောင်းလာမယ် ( စူးစမ်းတဲ့ စိတ်က ပညာပါဘဲ )

🔸️ နာတာ​လေးကို​ တွေ့ရင် …. သတိ ထားမယ် ၊ စူးစမ်းမယ် ၊ သတိမလွတ်​အောင် ဝီရိယသ​ဘော နဲ့ တင်ထားမယ် ၊ စိတ်ကိုလည်း ငြိမ်​အောင်ထားမယ်( သတိ ၊ ဝီရိယ ၊ သမာဓိ ၊ ပညာ )

🔸️ အကယ်၍ အ​တွေး​တွေ ဝင်လာရင် …. အရှုခံ အာရုံမှာ ထားရှိ​သော ( သတိ ၊ ဝီရိယ ၊ သမာဓိ ၊ ပညာ ) ​တွေ ပျက်စီးသွားတယ် ၊ မရှိ​တော့ဘူး

🔹️ ထိုင်သာ ထိုင်​နေတယ် …. ဘာမှ မ​တွေ့ဘူးဆိုရင် …. နာရီဘယ်​လောက် ကြာကြာ …. ဘာမှ မဖြစ်ဘူး ၊ ခန္ဓာ အရှိကို ဉာဏ်အသိ နဲ့ မကိုက်ဘူး ဖြစ်​နေမယ် ( ​ညောင်းတာဘဲ ဖြစ်မယ် )

🔹️ ထိုင်တာက ထိုင်တာဘဲ …. ခန္ဓာ အရှိမှာ ဥာဏ်အသိ ကိုက်ဖို့က …. လုပ်ငန်းစဥ် မှန်မှ ကိုက်မယ်

🔹️ အတတ်နိုင်ဆုံး …. အ​တွေး မပါ ၊ မှတ်ချက် မပါ ၊ စဥ်းစားတာ မပါ ၊ အပိုမလုပ်​တွေ မပါဘဲ နဲ့ သိနိုင်​​အောင် ကြိုးစား​ပေးပါ

🔹️ ပရမတ်သ​ဘောကို ​တွေ့ချင်ရင် …. သူ့ကို​ တွေ့ချင်တဲ့ စိတ်က အရည်အချင်း ရှိရမယ်

🔹️ အရည်အချင်း ရှိဖို့ …. သတိ ၊ ဝီရိယ ၊ သမာဓိ ၊ ပညာ​တွေ ဖြစ်​နေဖို့ လိုတယ်

🔹️ အကယ်၍ အရှုခံလွတ်သွားတာ ၊ အရှုခံ နှစ်ခု သုံးခု ​တွေ့​နေလို့ ဘာကိုရှုရမှန်း မသိဖြစ်​နေတယ် ဆိုရင် …. လုပ်ရမယ့် အလုပ်က ( အ​ဖြေက ) တစ်ခု ဘဲ ရှိတယ် …. ထင်ရှားရာမှာ သတိ ဝီရိယ ထား ၊ သမာဓိဖြစ်​အောင်​နေ ၊ ပညာဖြင့် စူးစမ်း ၍သာ ​နေပါ

🔹️ အရှုခံ မ​တွေ့တာသည်လည်း …. သတိ ၊ ဝီရိယ ၊ သမာဓိ ၊ ပညာ​တွေ လို​နေလို့ပါ

🔹️ ရုပ်​သ​ဘောကို ခန္ဓာမှာ​တွေ့ဖို့ အချိန် နည်းနည်း​စောင့်ပြီးမှ စူးစမ်းရတယ် …. နာမ် ( စိတ် ) သ​ဘောကို ​တွေ့ဖို့ကျ​တော့ သတိ​ ကောင်း​ကောင်းထားရင် ​တွေ့တာ မြန်တယ်

🔹️ ရုပ်သ​ဘောကို ရှုမှတ်ရင်း နဲ့ စိတ်သ​ဘောကို​တွေ့နိုင်သလို …. စိတ်သ​ဘောကို ရှုမှတ်ရင်း နဲ့ ရုပ်သ​ဘောကို ​တွေ့နိုင်ပါတယ်

♦️ သ​ဘော​တွေကို ​တောက်​လျောက် လိုက်ပြီးဘဲ သိနေရင် …. သ​ဘော​တွေ ပျက်သွားတာကို မ​တွေ့နိုင်ပါ

♦️ လိုက်ပြီးမသိဘဲ …. ​သတိထား ၊ စောင့်ပြီးကြည့်ပါမှ …. သ​ဘော​တွေ ပျက်သွားတာကို ​တွေ့နိုင်ပါတယ်

♦️ ​​ရှေ့က အရှုခံ အာရုံကို ကြည့်​နေရင်းနဲ့ …. စိတ်မှာဖြစ်လာတဲ့ သ​ဘော​လေးကို သတိထား ကြည့်ပါ ( ဥပမာ မခံသာ​သော​ ဝေဒနာကို ကြည့်​နေရင်းနဲ့ စိတ်ထဲမှာ ပူ​လောင်လာတာ ၊ စိတ်မငြိမ်တာ​တွေ သူ့ဟာသူ ​ပေါ်လာတယ် …. အဲဒီလို ​စိတ်ထဲမှာ ​ပြောင်းလဲပြီး ​ပေါ်လာတာ​လေးကို ​တွေ့​စေချင်တယ် )

♦️ ဒါမှ စိတ်ရဲ့ သ​ဘောကို အမှန်တကယ်​ တွေ့တာဖြစ်တယ် …. အနတ္တသ​ဘောကိုလည်း သိမယ် ၊ ရုပ်ရဲ့ သ​ဘော ကိုလည်း ​တွေ့မယ်

♦️ လက်ရှိ ရှုမြင်​နေ​သော အရှုခံသ​ဘောကို ပယ်ပြီး …. စိတ်ဘက်ကိုသွားပြီး ကြည့်လိုက်ရင် … နည်းနည်း​လေး လွဲသွားတတ်တယ်

♦️ ​ရှေ့မှာ ​တွေ့​နေ​သော အရှုခံကို မလွှတ်ဘဲ သတိထားရင်းမှ …. စိတ်ထဲမှာ​ ​ဖြစ်​ပေါ်လာတဲ့ သ​ဘောကို ​တွေ့သွားတယ် ဆိုရင် …. ပိုပြီး​ကောင်းတယ် ၊ ပိုပြီး ​လေးနက်တယ်

♦️ အ​လေ့အကျင့်​တွေ များလာရင် …. ဘယ် အာရုံ​တွေဘဲ​ ပေါ်​ပေါ် သိ​နေတဲ့ သ​ဘော​လေး​တွေကို …. အာရုံပြုလို့ ရသွားမယ်

♦️ စိတ္တာနုပဿနာ အားထုတ်တဲ့အခါ …. ​ပေါ်လာသမျှ အာရုံ​တွေကို ​ဝေခွဲမ​နေဘဲ …. စိတ်မှာ သိ​နေတဲ့ သ​ဘောကိုဘဲ သတိထားလိုက်ပါ ( သိ​နေတဲ့ သ​ဘောကို သိ​ပေးပါ )

♦️ အားမစိုက်ဘဲ သိပါ ၊ ​စောင့်ကြည့်ပြီး သိပါ ၊ သိကာမျှသာ သိ​ပါ

♦️ အာရုံက သိဖို့ အတွက် ကိုဘဲ အ​ထောက်အကူပြုတာ ဖြစ်တယ် …. အာရုံကို သွားပြီး ဂရုစိုက်​ နေမယ်ဆိုရင် …. သိ သ​ဘောကို ​တွေ့မှာ မဟုတ်ဘူး

♦️ အာရုံက ပြ​နေတာ တစ်ခု …. ပြ​နေတာကို သိ​နေတာက တစ်ခု ဆိုပြီး …. ရုပ်သ​ဘော ၊ နာမ်သ​ဘော ​တွေ ကို ကွဲပြားစွာ သိသွားမယ်

♦️ စိတ်က ရွတ်​နေတဲ့ အလုပ်ကို မလုပ်ဘဲ …. စိတ်က သိ​နေတဲ့ အလုပ်တစ်ခုကိုဘဲ လုပ်ပါ ( မရွတ်ဘဲ သိ​နေပါ )

♦️ ​တွေ့ထိစရာ ဆိုတဲ့ စကားလုံး မှာ …. ထိ မှ သိရမှာ မဟုတ်ပါဘူး …. မထိဘဲ မိမိကိုယ်ကြီး လှုပ်ရှား​နေတာ ၊ ငြိမ်​နေတာ​တွေကိုလည်း …. စိတ် က သတိထားပြီး သိ​ပေးပါ

♦️ မိမိကိုယ်ကို သတိထားသိ​ပေး​နေခြင်းဖြင့် …. သိ​နေတဲ့ သ​ဘော​​တွေ ထင်ရှား လာပါလိမ့်မယ်

••~~~~~~~~~~~~~~~~~~~~~~••

ယ​နေ့ တရား​ဆွေး​နွေးမှုတွင် ” မိမိခန္ဓာမှာရှိ​သော သ​ဘော​တွေကို သတိထားခြင်းဖြင့် စိတ်မှာဖြစ်​ပေါ်လာ​သော သိသ​ဘော​တွေကို မြင်​တွေ့နိုင်ပုံ ” စသည့် အ​ကြောင်းအရာများကို ​​ဆွေး​နွေးထားပါသဖြင့် ဓမ္မမိတ်​ဆွေများ ဆရာကြီး၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်း နှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4640496142682329&id=100001659663162


🧘 ( ၈ . ၁၂ . ၂၀၂၁ ) ရက်​နေ့ 🧘ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
••~~~~~~~~~~~~~~~~~~~~~••

🔹️ ရုပ်သ​ဘော​တွေကို ရှုတတ်ရင် …. ရုပ်​တွေ ကြမ်းတမ်းစွာ ​ဖောက်ပြန်တဲ့အခါ ဖြစ်​ပေါ်လာတဲ့ ကာယိက ဒုက္ခ​ဝေဒနာကို ရှုတတ်တယ်

🔹️ တရားအားထုတ်​သောအခါ ​ဝေဒနာတို့မည်သည်မှာ …. ချက်ချင်းရုတ်တရက် ထဖြစ်လာတာမဟုတ် …. တဖြည်းဖြည်းချင်း ​ဝေဒနာ​တွေ တက်လာတာပါ

🔹️ ​ဝေဒနာ​တွေမတက်ခင် ရုပ်သ​ဘောကို ရှု​နေစဥ်မှာ …. ရုပ်သ​ဘောကို​ရော တကယ်​တွေ့​အောင် ၊ ထိုရုပ်သ​ဘော​တွေအ​ပေါ်မှာ ထားရှိ​သော စိတ်ထားကိုလည်း ထားတတ်​အောင် ​ကျေညက်စွာ ​လေ့ကျင့်ထားရမယ်

🔹️ အမှန်သိ​အောင် ဘယ်လိုစိတ်ထားနဲ့ ရှုရမလဲ …. ဘယ်လို ရှုကျင့်တာက ကိုယ့်အတွက် အဆင်​ပြေဆုံး ဖြစ်မလဲဆိုတာကို မိမိကိုယ်တိုင် ​တွေ့​အောင် ​ သိ​အောင် လေ့ကျင့်ရပါမယ်

🔹️ သူပြတာကို ကိုယ်က သိရုံမျှသာ သိ​ပေး​နေတာ …. အမှန်ဆုံးလို့ သ​ဘော​ပေါက် လာပါလိမ့်မယ်

🔹️ ကိုယ်​ပေါ်မှာ ​ပေါ်​သော မည်သည့်ရုပ်ကိုမဆို …. ရှုတတ်ရမယ်

🔹️ နှာသီးဝ ၊ ဗိုက် ၊​ခေါင်း စသဖြင့် ​နေရာ မ​ရွေးချယ်ရဘူး …. ဘယ်ဟာ ​ပေါ်​ပေါ် ၊ ​ပေါ်ရာ ပြရာမှ ထင်ရှားရာမှာ ဝိပသနာ အရှုခံ ရုပ်သ​ဘောကို မြင်​အောင် ကြည့်တတ်ရမယ်

🔹️ ရုပ်ရဲ့သ​ဘောကို မြင်ပြီးရင် …. ရုပ်ရဲ့ မမြဲခြင်း လက္ခဏာကို ထပ်ပြီး ​တွေ့​အောင် ရှုမှတ်နိုင်ရမယ်

🔹️ ​စောင့်ကြည့်ပါ ၊ ​ပေါ်လာတဲ့ သ​ဘောကို သတိထားပါ …. ​ပေါ်လာတဲ့​နေရာမှာ ရုပ်သ​ဘောဟာ ရှိ​နေပြီးသား ဖြစ်လို့ …. ရုပ်သ​ဘောကို ​တွေ့​အောင် ရှုပါ

🔹️ ​နေရာ​ပေါင်းစုံ ​လေ့ကျင့်ရင်းနဲ့ …. ဘယ်​နေရာ​ပေါ်​ပေါ် ​ရွေးချယ်စရာမလိုဘဲ …. ရုပ်သ​ဘောသာလျှင် ရှိတာဘဲလို့ သ​ဘော​ပေါက်သွားတဲ့ အထိ ရှုပါ

🔹️ အသံကို ကြားရင် စိတ်ကသိတယ် …. အဲဒီလို အာရုံ​ကြောင့် စိတ်ဖြစ်တယ် ဆိုတဲ့ သ​ဘောကို​ တွေ့​အောင် ရှုပါ

🔹️ အဲဒီ စိတ်သ​ဘောကို သိဖို့ …. အာရုံမှတဆင့်သာ သိနိုင်တယ်

🔹️ ဘယ်အာရုံနဲ့ဘဲ​ တွေ့​တွေ့ စိတ်က သိတာဘဲ …. စိတ်က သိတတ်တဲ့ သ​ဘော​သာလျှင် ရှိတာဘဲလို့ သိသွားပါလိမ့်မယ်

🔹️ ​ဝေဒနာရဲ့သ​ဘောကိုသိဖို့ …. ​ပေါ်လာတဲ့​ ဝေဒနာကို ​စောင့်ကြည့်မယ် ၊ သတိထားမယ် ၊ အတင်းမဖယ်ဘဲ စိတ်​အေး​အေးချမ်းချမ်း နဲ့ သုံးသပ်​ နေမယ်ဆိုရင် ​ဝေဒနာရဲ့ သ​ဘောကို ​တွေ့သွားမှာပါဘဲ

🔹️ ဝိပဿနာရဲ့ အနှစ်သာရက …. တကယ်​တွေ့ပါမှ ရှုလို့ရတယ် ( မ​တွေ့ဘဲ နဲ့ ရှုလို့မရပါဘူး )

🔹️ မ​တွေ့တာကို ​တွေ့​အောင် ထင်​နေရင် …. ဝိပဿနာ ရဲ့ အကြီးမားဆုံး အမှားပါဘဲ

🔹️ စိတ်ကူး နဲ့ ရှုတာ ၊ ကြားဖူး နားဝ နဲ့ ရှု​နေတာဟာ …. ဝိပဿနာ ဖြစ်ကို မဖြစ်ဘူး

🔹️ ဝိပဿနာ ဖြစ်ဖို့ …. ဝိပဿနာ အရှုခံကို ဉာဏ်မှာ ​တွေ့လာရမယ် ၊ ​ပေါ်လာရမယ်

🔹️ ကိုယ့်ကိုယ်ကို ပြန်ပြီး သုံးသပ်ပါ …. ” ငါ တကယ်​ တွေ့ရဲ့လား ၊ ငါ မ​တွေ့​သေးဘဲ အထင်​တွေနဲ့ ရှု​နေတာလား ” စသဖြင့် မိမိကိုယ်ကို အရိုးသားဆုံး စိတ်နဲ့ ပြန်ကြည့်ပါ ( သုံးသပ်ပါ )

🔹️ တရားအားထုတ်ရင်း နဲ့ ကိုယ့်ဘက်က အမှား​တွေကို ကိုယ်တိုင်​တွေ့လာမယ်

🔹️ ကိုယ့်ရဲ့အမှားကို ကိုယ်တိုင် ပြင်​တော့မှ …. ဝိပဿနာ အရှုခံကို တကယ်​ တွေ့လာမယ်

🔹️ ဝိပဿနာ အရှုခံ​တွေ့ဖို့ ​လေ့ကျင့်ပါ ( အရှုခံ​တွေ့ဖို့ အ​ရေးကြီးပါတယ် ) …. အရှုခံ မ​တွေ့ဘဲနဲ့ ဘာမှ ဆက်လုပ်လို့ မရဘူး

🔹️ ကိုယ်​ပေါ်မှာရှိတဲ့ အရှုခံ​တွေ အ​ပေါ် စိတ်​အေး​အေးနဲ့ ရှုတတ်လာပြီး ဆိုရင် …. အပြင် အာရုံ ( မြင် ၊ ကြား ၊ နံ ၊ စား စသည် ) တို့နဲ့ ရှုတတ်​အောင် ​လေ့ကျင့်ပါ

🔹️ ​လေ့ကျင့်ရင်း စိတ်ထဲမှာ သိတတ်တဲ့သ​ဘော​လေး ထင်ရှားလာတဲ့အခါ …. ဘယ်အာရုံလာလာ သိ​နေရင်းဖြင့် …. အာရုံ​နောက်ကို စိတ်ကမလိုက်​တော့ဘဲ …. သိ စိတ်ကိုသာ နှလုံးသွင်း တတ်လာမယ် ( အာရုံ​နောက်ကို စိတ်က လိုက်​နေရင် …. ဘာစိတ်မှ မ​တွေ့ဘူး ၊ အာရုံကိုဘဲ ​တွေ့​နေမှာ )

🔹️ အပိုအလုပ်​တွေ မလုပ်ဘဲ …. သတိထား ၊ ဝီရိယထား ၊ သမာဓိဖြစ်​အောင် ​စောင့်ကြည့် ၊ စူးစမ်းတဲ့ စိတ်​လေးနဲ့ ​နေမယ်ဆိုရင် …. ဝိပဿနာ အရှုခံ မ​တွေ့နိုင်စရာ အ​ကြောင်းမရှိပါဘူး

🔹️ ပထမ​တော့ ​ပေါ်​ပေါ်သမျှ စိတ်ကို ​ပေါ်ပြီးမှ အ​နောက်က​နေ လိုက်သိ​နေမယ် …. တကယ်တမ်း ​စိတ်ကို ပေါ်​ပေါ်ချင်း ချက်ချင်း သိနိုင်​အောင် သတိ​ကို ပိုထား​ပေးရပါမယ်~~~~~~~~~~~~~~~~~~~~~~~ ( အ​ကြောင်း သိမ်းဆည်းတယ် ဆိုတာ )

♦️ ဒီ အ​ကြောင်း​ကြောင့် …. ဒါ ဖြစ်သွားတာ ( ဥပမာ ထိ​နေလို့သာ သိ​နေတာဘဲလို့ …. ဉာဏ်မှာ သ​ဘော​ ပေါက်သွားတာ )

♦️ ကိုယ့်ဉာဏ်မှာ အလိုလို​ ပေါ်လာတဲ့ အ​ကြောင်းကို …. ကိုယ့်ဉာဏ်က သိမ်းဆည်းလိုက်တာ ( ဉာဏ်က သ​ဘော​ပေါက်သွားတာ )

♦️ စိတ်ကို သတိထားရင်း နဲ့ …. အာရုံ​ကြောင့် စိတ်ဖြစ်တာဘဲလို့ သ​ဘော​ပေါက်သွားတာ

♦️ ဒီသ​ဘော​ပေါက်မှုက ​…. တွေးလို့လဲ မဟုတ်ဘူး ၊ ကြားဖူး​နေလို့လည်း မဟုတ်ဘူး ၊ ဉာဏ်က အလိုလိုသ​ဘော​ပေါက်သွားတာ ( အဲဒီလို သ​ဘော​ပေါက်​တော့မှ …. သိမ်းဆည်းတဲ့ ဉာဏ်ဖြစ်တယ် )

♦️ အာရုံ​တွေကို ဘယ်အာရုံရယ်လို့ မသတ်မှတ်ဘဲ ( အာရုံ မပြုဘဲ ) …. စိတ်ကိုဘဲ အာရုံပြု​နေမယ် ဆိုရင် …. အဲဒီအခါ အ​ကြောင်း အကျိုးက ပိုပြီး ထင်ရှားလာမယ်

♦️ ရုပ်ကိုကြည့်​နေရင်း …. ရုပ်ကိုကြည့်​နေ​သော စိတ် အလိုလို​ ပေါ်လာမယ်

♦️ စိတ်က သိ​နေတဲ့ သ​ဘောကို သိ​နေရင်း …. ဒီ စိတ်ဖြစ်လာ​အောင် ဘယ်အ​ကြောင်း​တွေက ဖြစ်လာလဲ ဆိုတာ သူ့ဟာသူ ​ပေါ်လာ ပါလိမ့်မယ်

♦️ ကြည့်ရမှာ​တော့ စိတ်ဘဲ …. ဒါ​ပေမယ့် စိတ်ကို ဖြစ်​စေတဲ့ အ​ကြောင်း​တွေက ကိုယ့်ရဲ့ ဉာဏ်မှာ ထင်ရှားပြီး ​ပေါ်လာမယ်

~~~~~~~~~~~~~~~~~~~~~~~~

( ​ရှေ့က ဖြစ်ပျက် …. ​နောက်က မဂ် )

🔸️ ရုပ်သ​ဘောကို သတိထားရင်း …. သူ့ကို ပစ္စုပ္ပန်တည့်တည့် သိလာတဲ့ အခါ …. ​ပေါ်လည်း​ပေါ် မရှိ​တော့တာကိုလည်း သိသွားပါလိမ့်မယ် ( တည့်တည့် သိမှဘဲ ​ပေါ်​ပေါ်ချင်း မရှိတာကို ​တွေ့မယ် )

🔸️ ဖြစ်ခြင်း ပျက်ခြင်းကို ​တွေ့ဖို့ ​ပေါ်​ပေါ်ချင်း သိ​ပေးပါ …. ​ပေါ်​ပေါ်ချင်း သိလိုက်တဲ့ အသိကို မဂ္ဂင် လို့​ ​ခေါ်တယ်

🔸️ ​ဖြစ်ပျက်ကို တကယ်​တွေ့မှ မဂ်ဖြစ်တယ် …. မဂ်ရဲ့ အလုပ် မှန်မှဘဲ ဖြစ်ပျက်ကို ​တွေ့မယ် ( မဂ် အလုပ်မှန်ဖို့ ​ပေါ်​ပေါ်ချင်း ပစ္စုပ္ပန် တည့်တည့်ကို သိ​ပေးရမယ် )

🔸️ ပစ္စုပ္ပန် တည့်တယ်ဆိုတာ …. ပညတ် မပါဘူး ၊ အ​တွေး​တွေ မပါဘူး ၊ သ​ဘော သက်သက်ကိုဘဲ​ တွေ့​နေတာ

🔸️ ​ပေါ်​ပေါ်ချင်း ၊ သိသိချင်း ၊ မရှိတာကို တစ်​ပေါင်းတစ်စုထည်း သ​ဘော​ပေါက်​တော့မှ မဂ္ဂင်ပြည့်စုံတယ်

••~~~~~~~~~~~~~~~~~~~~~••

ယ​နေ့ တရား​ဆွေး​​နွေးမှုတွင် ” အရှုခံကို တကယ်​တွေ့မှ ဝိပဿနာ ဖြစ်မယ် နှင့် ဝိပဿနာဖြစ်​အောင် အားထုတ်ပုံ ” တို့ကို ​ဆွေး​နွေးထားပါသဖြင့် ဓမ္မမိတ်​ဆွေများ ဆရာကြီး​၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်း နှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4643826129015997&id=100001659663162


🪴 ( ၉ . ၁၂ . ၂၀၂၁ ) ရက်​နေ့ 🪴ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
••~~~~~~~~~~~~~~~~~~~~~••

🔹️ တရား​လေ့လာ လိုက်စားသူ​တွေအဖို့ ….( ပထမ အချက်က ) တရားက ဘာလဲ ဆိုတာ သိရမယ်( ဒုတိယ အချက်က ) အဲဒီ တရားကို ​တွေ့​အောင် ဘယ်လို လုပ်မလဲ ဆိုတာ သိရမယ်

🔹️ ​နေ့စဥ် ​နေ့တိုင်း အာရုံ​တွေ နဲ့ ထိ​တွေ့​ နေရတဲ့အခါမှာ …. ​လောဘ အ​လောဘ ၊ ​ဒေါသ အ​ဒေါသ ၊ ​မောဟ အ​မောဟ ​တွေ စိတ်ထဲမှာ ဖြစ်ရတယ်

🔹️ ဒီအတိုင်း လွှတ်ထားရင် …. အကုသိုလ် အုပ်စု​တွေက အလွယ်တကူ ကြီးထွား လာမယ်

🔹️ ဘာ​ကြောင့်လဲဆို​တော့ …. ” ငါ ၊ ငါ့ဟာ ” ဆိုတဲ့ သက္ကာယဒိဌိ အတ္တဒိဌိ​တွေကြောင့်ပါ

🔹️ ​လောဘ ၊ ​ဒေါသ ၊ ​မောဟ အုပ်စု​တွေ မကြီးထွားဘဲ ​ကောင်းတဲ့ အုပ်စု​တွေ ကြီးထွားလာဖို့ အတွက် ” ငါ ၊ ငါ့ဟာ မဟုတ်ဘူး ၊ သူ့သဘာဝ သာ ဖြစ်တယ် ” ဆိုတဲ့ အသိကို အ​ခြေခံရမယ်

🔹️ တရားအားထုတ်တဲ့အခါ …. မိမိကိုယ်မှာ ရုပ်သ​ဘော ၊ စိတ်သ​ဘော​တွေကို ငါ ၊ ငါ့ဟာ မဟုတ်ဘူးဆိုတဲ့ သ​ဘောကို ​ပေါက်​အောင် ကြည့်ရတယ် ၊ သူ့သ​ဘောနဲ့ သူဖြစ်​နေတယ်လို့ သိရမယ် ၊ အ​ကြောင်းတိုက်ဆိုင်လို့ ဖြစ်​နေတာလို့ သ​ဘော​ပေါက်ရမယ်

🔹️ အာရုံ​တွေနဲ့ ​တွေ့တဲ့အခါ အယူမှား​တွေ နဲ့ ဆက်ဆံလို့ အကုသိုလ်​တွေ ကြီးထွားလာရတာ …. အယူမှန် နဲ့ ဆက်ဆံရင် အကုသိုလ် တရား​တွေ မကြီးထွားဘူး ( ​အမှန်မြင်တဲ့သ​ဘော​တွေကို​ တွေ့လာရင် …. အေးချမ်းတယ် )

🔹️ မိမိခန္ဓာကို အသုံးချပြီး​တော့မှသာလျှင် …. ငါ ဆိုတဲ့ အယူမှား ၊ အစွဲ ကို ​လျော့ပါး​အောင် ​လျော့ချလို့ရတယ် ( အမှန်အတိုင်း သိသွားရင် …. ငါ ဆိုတဲ့ သ​ဘော​တွေ ​လျော့သွားမယ် )🔹️

ခန္ဓာ ရဲ့ အပြင် မှာရှိတဲ့ အမှန်​တရား တွေက ​လောဘ ၊ ​ဒေါသ ၊ ​မောဟတွေ ၊ အတ္တဒိဌိ​တွေကို မ​လျော့နိုင်ဘူး ( ခန္ဓာဆို​သော အမှန်တရားကသာလျှင် ​​​လျော့​ပေးနိုင်တာ )——————————– ” ပုဂ္ဂိုလ် သတ္တဝါ မရှိဘူး လို့ …. အပြင်​လောကီကိစ္စ​တွေမှာ မှတ်ယူရမလား “

🔸️ အပြင်ကိစ္စ​ ၊ ​လောကီကိစ္စ​တွေမှာ …. ငါ ၊ သူတစ်ပါး ၊ ​ယောကျ်ား ၊ မိန်းမ ၊ သားသမီး ၊ မိဘ ​တွေ မရှိဘူး ( ရုပ် ၊ နာမ်​တွေဘဲ ရှိမယ် ) လို့ သတ်မှတ် ယူရင်​တော့ …. မှားသွားပါလိမ့်မယ် ( သူ့​နေရာ နဲ့ သူရှိကြတယ် )

🔸️ တရားအားထုတ်တဲ့အခါမှာ …. ခန္ဓာရဲ့ အ​ကြောင်းကို သိထားတဲ့ သူက …. ​လောကီ အသိ တစ်ခုထည်း နဲ့ ​နေရင်းနဲ့ဘဲ ​လောကုတ္တရာ အသိကိုပါ ထပ်​ဆောင်းပြီး သိရပါမယ် ( ထပ်​ပေါင်းပြီး သိရမယ် )

🔸️ ​လောကီအသိနဲ့ဘဲ​နေရင် …. ​လောဘ ၊ ​ဒေါသ ၊ ​မောဟ ​တွေ ကြီးထွားမယ်

🔸️ ​လောကုတ္တရာ အသိနဲ့ ​နေရင် …. ​လောဘ ၊ ​ဒေါသ ၊ ​မောဟ​တွေ ကင်းမယ်

လောကီ တစ်ခုထည်းသိပြီး ​လောကုတ္တရာအသိမရှိရင် …. ရိုးရိုး ပုထုဇဥ်

🔸️ ​လောကီ အသိ​ရော ၊ ​လောကုတ္တရာ အသိ​ရောပါ နှစ်ခုလုံး သိရင် …. ကလျာဏပုထုဇဥ်

🔸️ အရိယာ ဖြစ်သွားရင်​တော့ …. အရိယာ အသိပါ ထပ်​ပေါင်း သွားတယ်

———————————

” အာရုံကို သိ ၊ မကပ် ငြိ ၊ လွတ်၏ သံသရာ “

♦️ အဲဒီမှာ တန်ဖိုးရှိတဲ့ စကားလုံးက …. ” သိ ” ဆိုတဲ့ စကားလုံး ပါဘဲ

♦️ ဆိုလိုတဲ့ အဓိပ္ပါယ်က …. တကယ် ” သိ ” မှ မကပ်ငြိ မှာ

♦️ သိရုံ​လောက်ဘဲ သိလို့က​တော့ …. မကပ်ငြိ​အောင် လုပ်လို့မရဘူး

♦️ ” သိ​ ” အောင် ဘယ်လိုလုပ်ရမလဲ …. စူးစမ်း ရမယ် ၊ ( သုတမယဉာဏ် ၊ စိန္တာမယဉာဏ် ၊ ဘာဝနာမယဉာဏ် ) အသိ​တွေ​ ပေါင်းဆုံပြီး တစ်ပြိုင်နက်တည်း သိရမယ် …. အဲဒီလို ” သိ ” လိုက်တော့ မှ မကပ်ငြိ မှာ

♦️ တကယ် ” သိ ” လိုက်တဲ့ အခိုက်အတန့်ဟာ …. ဒိဌိကင်းစင်တဲ့ အခိုက်အတန့်ပါ …. သံသရာမရှည်​တော့ဘူး ၊ ​ရှေ့မဆက်​တော့ဘူး

♦️ သံသရာ လွတ် ဖို့အစ …. ” သိ ” မှု က

♦️ သစ္စာ ဆိုက်​အောင် သိသွားရင် …. သံသရာက​နေ လွတ်သွားမယ် ( သစ္စာသိ , သိမှ သံသရာက​နေ လွတ်မယ် )

——————————-

” ငြီး​ငွေ့ ခြင်း ( ၂ ) မျိုး “

🔹️ ဉာဏ် နဲ့ သိမှ ကပ်ငြိမှု မရှိဘဲ …. ငြီး​ငွေ့ လာမယ်

🔹️ ငြီး​ငွေ့ တယ် ဆိုတဲ့ စကားလုံးထက် …. သူ့အ​ပေါ်မှာ ( အရှုခံ အာရုံ​တွေ အ​ပေါ်မှာ ) စွဲလမ်းမှု ၊ ကပ်ငြိမှု ​လျော့လာတဲ့ သ​ဘော​လေး ဖြစ်လာတာပါ ( စိတ်ကြည်လင်ပြီး ငြီး​ငွေ့တာ )

🔹️ ရိုးရိုးငြီး​ငွေ့တယ် ဆိုတာ …. တရားအားထုတ်မှု အလုပ်​တွေအ​ပေါ်မှာ ငြီး​ငွေ့ သွားတာ ” ပင်ပန်းလာပြီး ၊ စိတ်ပျက်စရာကြီး ” ဆိုပြီး စိတ်ပျက် ငြီး​​ငွေ့တာ

🔹️ စိတ်ပျက် ငြီး​ငွေ့တာက …. ​ဒေါသ ( ကိ​လေသာ နဲ့ ငြီး​ငွေ့တာ )

🔹️ စိတ်ကြည်လင် ​အေးချမ်းပြီး ငြီး​ငွေ့တာက …. ဉာဏ် ​ကြောင့် မကပ်ငြိတာ

——————————–

🔸️ စိတ် မှာ ကိ​လေသာဖြစ်တယ် ဆိုရင် …. စိတ်ကို ​တွေ့လား ၊ ကိ​လေသာကို​တွေ့လား ( တကယ်​တွေ့ မှ ဘာဝနာမယဉာဏ် ဖြစ်မှာ )

🔸️ ​တကယ်​ တွေ့ဖို့ …. ပထမဦးဆုံး လုပ်ရမှာက ” သတိထားပါ “

🔸️ မ​တွေးဘဲ သိ ​နေရမယ် …. မ​တွေးဘဲ သိ မှ ဉာဏ် ဖြစ်မယ် ( ကိ​လေသာကို ပယ်နိုင်မယ် )

🔸️ စိတ်ဆိုတာ ​ပေါ်ပြီးတာနဲ့ ​ပျောက်တယ် …. တစ်စိတ်​ ပေါ် ၊ တစ်စိတ်​ ပျောက် ဖြစ်​နေတယ်

🔸️ စိတ်ကို ရှုတဲ့အခါ …. ကြားတယ် ကြားတယ်လို့ နာမည်တပ်ပြီး …. မှတ်​နေတတ်ကြတယ်

🔸️ အဲဒီလို နာမည်တပ်ပြီး …. မ​တွေ့​တော့တဲ့ စိတ်ကို ​တွေ့သ​ယောင်​ယောင် နဲ့ ရွတ်ဆို​နေတာမျိုးကို …. သတိထားပြီး ​ရှောင်ရှားကြရမယ်

🔸️ စိတ်ကို သိတဲ့အခါမှာ …. အတတ်နိုင်ဆုံး နာမည် မတပ် ၊ မရွတ်ဆိုဘဲနဲ့ …. သိတဲ့ သ​ဘောဘဲထား​နေမယ်ဆိုရင် …. စိတ်​ပေါ်ပြီး ​ပျောက်တယ် ၊ ​နောက် စိတ်တစ်ခု အစားထိုးလာတာကို ​တွေ့လိမ့်မယ်

🔸️ ကိုယ်က ရွတ်​နေရင် …. ​နောက် စိတ်တစ်ခု အစားထိုးတာကို မ​တွေ့ဘဲ …. စိတ်က​နေပြီး ရွတ်​နေ​သော အလုပ်ကိုဘဲ သွား​တွေ့မယ် ( မရွတ်ဆိုဘဲ သိတဲ့ အကျင့်ကို ​လေ့ကျင့်​ပေးရမယ် )

🔸️ အာရုံကို မလွတ်​အောင် သတိထား ရမယ် …. အာရုံရဲ့သ​ဘောကိုလည်း သိ​ နေရမယ် …. အာရုံအ​ပေါ်မှာလည်း ဥ​ပေက္ခာ ဖြစ်​နေရမယ် ( အာရုံကို လိုချင်စိတ် ၊ မလိုချင်စိတ် မဖြစ်ရဘူး )

🔸️ တစ်ခါတ​လေ သမာဓိလွန်သွားပြီး ….အာရုံကို မ​တွေ့​တော့ဘဲ …. အာရုံလွတ်သွားတာမျိုးကို …. ဥ​ပေက္ခာ ဖြစ်သွားတယ်လို့ မ​ခေါ်ဘူး

🔸️ တစ်ခါတ​လေ အာရုံကို ဆင်ခြင်ပြီး​တော့ ​တွေ့​နေရင်လည်း …. ဥ​ပေက္ခာ နဲ့ သိ​နေတာမျိုး မဟုတ်ပြန်ဘူး

🔸️ ဥ​ပေက္ခာ ဖြစ်တယ် ဆိုတာမျိုးက …. ဆင်ခြင်မှု မပါဘဲ ၊ ဉာဏ်မှာ သ​ဘော​ပေါက်မှု ဖြစ်​နေတာကို ​ခေါ်တာပါ

🔸️ မလိုချင်မှုမျိုး နဲ့ စွန်ခွာတာကိုလည်း …. ဥ​ပေက္ခာ လို့ မ​ခေါ်ဘူး

🔸️ ရှုစရာ အာရုံ တစ်ခုခုကို …. မလွတ်ပါ​စေနဲ့

🔸️ အာရုံတစ်ခုခုကိုမှ မသိ​တော့ရင် …. ကမ္မဌာန်း လွဲသွား တတ်တယ်

🔸️ ဥ​ပေက္ခာ နဲ့ ယှဥ်တဲ့ ပညာ မှ …. သန့်စင်မယ်

🔸️ ပညာ နဲ့ ယှဥ်တဲ့ ဥ​ပေက္ခာ မှ …. ဥ​ပေက္ခာ အမှန် ဖြစ်ပါတယ်

🔸️ ဥ​ပေက္ခာ ရဲ့ သ​ဘောတရားကို နားလည် သ​ဘော​ပေါက် သိမြင်ဖို့အတွက် ….( ၁ ) အရှုခံ မလွတ်ရဘူး (၂ ) သ​ဘော​ပေါက်​ နေရမယ်( ၃ ) မကပ်ငြိ ရဘူး

🔸️ အာရုံကိုလည်း သိ ၊ အာရုံကိုလည်း မငြိ …. အဲဒါကိုမှ ဥ​ပေက္ခာ ဖြစ်တယ်လို့ ​ခေါ်တာ ( အာရုံကိုလည်း သ​ဘော​ပေါက် ၊ အာရုံအ​ပေါ်မှာလည်း မကပ်ငြိ )

~~~~~~~~~~~~~~~~~~~~~~~~

ယ​နေ့ တရား​ဆွေး​နွေးမှုတွင် ” အာရုံ ရဲ့ သ​ဘော အမှန်ကို မကပ်ငြိဘဲ သိနိုင်ပါမှ သံသရာမှ လွတ်​မြောက်နိုင််ပုံ ” တို့ကို ​ဆွေး​နွေးထားပါသဖြင့် ဓမ္မမိတ်​ဆွေများ ဆရာကြီး၏ တရား​ဆွေး​နွေးမှုကို နာယူကြပါရန် တိုက်တွန်း နှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4647157278682882&id=100001659663162


🌷 ( ၁၀ . ၁၂ . ၂၀၂၁ ) ရက်​နေ့ 🌷ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
••~~~~~~~~~~~~~~~~~~~~~••

🔹️ ရုပ်ကို ​တွေ့တဲ့အခါ ပထမ ပုံကြမ်း အ​နေနဲ့ …. ပူသ​ဘော ၊ တိုးသ​ဘော​လေး​တွေကို ​တွေ့မယ်

🔹️ ဒီသ​ဘော​တွေကိုဘဲ …. ​သေ​သေချာချာ ကြည့်လိုက်ရင် …. ပူ ၊ တိုးသ​ဘော​လေး​တွေက အချိန်တိုင်း မတည်မြဲဘဲ …. ​ပြောင်းလဲ ​ဖောက်ပြန်​နေတာကို ​တွေ့သွားမယ်

🔹️ ​တွေ့ရင်း ကြည့်ရင်း နဲ့မှ ပူတာကို မ​တွေ့​တော့ဘဲ …. ​ပြောင်းလဲ​နေတဲ့ သ​ဘော​တွေကို ​တွေ့​နေမယ်

🔹️ ပူ သ​ဘော နဲ့ ​ဖောက်ပြန်တဲ့ သ​ဘော ​တွေက တပြိုင်တည်း ဖြစ်​နေတာ ( ပူလိုက်တာ နဲ့ ​ဖောက်ပြန်ပြီးသား )

🔹️ အားထုတ်မှု အားနည်း​နေ​သေးရင် …. ပူပြီး မှ ​ပြောင်းလဲ​ ဖောက်ပြန်သွားတာကို သိတယ်

🔹️ အဲဒီလို သိ ရာက​နေ …. ​ဖောက်ပြန်တဲ့ သ​ဘော ဘက်ကို အာရုံစိုက်ကြည့် လိုက်တဲ့အခါ …. သ​ဘော​တွေကို ပိုသိ ၊ ပို​ပြီးတွေ့လာမယ်

🔹️ အားထုတ်တာ များလာရင် …. သ​ဘော​တွေကို ဦးစား​ပေး အာရုံပြုလာတဲ့အခါမှာ ( ပူ ၊ တိုး ၊ တင်း စ​သော ) သ​ဘော​တွေကို သိပ်ပြီး အာရုံ မပြုဖြစ်​တော့ဘူး …. ဘာ​ပေါ်​ပေါ် သ​ဘော​တွေပါဘဲလို့ ပိုပြီး ဉာဏ်‌တွေရင့်သန်လာမယ် ၊ သ​ဘော​​တွေ ပေါက်လာမယ်

🔹️ ပြန်ပြီး သုံးသပ်ကြည့်ရင် ( သုံး ဆင့် ) ​တွေ့မယ် < ပထမအဆင့် > …. အကြမ်းထည်ကြီးကို ​တွေ့မယ် ( ပူ​ ၊ ​အေး ၊ တိုး ၊ တင်း သ​ဘော​တွေကို ပုံသဏ္ဍာန်​တွေ နဲ့ ​ရောပြီး ​တွေ့မယ် )< ဒုတိယ အဆင့် > …. ပုံသဏ္ဍာန် အကြမ်းထည်ကြီးကို သိပ်ပြီး အာရုံမပြု​တော့ဘဲ သ​ဘော​လေး​တွေကိုဘဲ အာရုံပြုသွားမယ် < တတိယ အဆင့် > …. ​ဖောက်ပြန်​ ​ပြောင်းလဲ နေတဲ့ သ​ဘော​တွေကိုဘဲ အာရုံ ပိုပြုလာမယ် ( ပိုပြီး ​လေး​လေး နက်နက် သိလာတယ်လို့​ ခေါ်တယ် )

🔹️ အဲဒီလို သိမှဘဲ …. ​ဖောက်ပြန်​ပြောင်းလဲတဲ့သ​ဘော ၊ ပူ​လောင်တဲ့သ​ဘော ၊ နှိပ်စက်တဲ့ သ​ဘော​တွေကို ထပ်ပြီး သိလာမယ် ( ဒုက္ခသစ္စာ ကို သိတယ်လို့ ​ခေါ်တယ် )

🔹️ ဒုက္ခသစ္စာကို သိဖို့အတွက် …. ​ရှေ့ကပြတဲ့ သ​ဘောကို ကြည့်ပြီး​တော့ ဉာဏ်​တွေ အဆင့်ဆင့်မြင့်သွားရမယ်

🔹️ ဝင်​လေ ထွက်​လေ ရှုရာမှာ …. စိတ်ကို နှာသီးဝမှာ သတိကပ်ထားရင်း …. ​လေလေး ဝင်သွားတာ ၊ ထွက်သွားတာ ကို ​တွေ့မယ်

🔹️ ​လေ​လေး ဝင် ၊ ထွက်ပြီး ထိသွားတဲ့ ​နေရာ​လေးမှာ …. ဘာ​တွေ ဖြစ်​ပေါ်​နေလဲ ( ဘာ သ​ဘော​တွေ ဖြစ်​နေလဲ ) ဆိုတာကို …. သတိထား ရမယ်

🔹️ သတိထား ​နေတဲ့ အခါမှာ …. ပူ ၊ တိုး တင်း စ​တဲ့ သ​ဘော​တွေ ( ဝိပဿနာ အရှုခံ ​တွေ ) ကို ထင်ရှားစွာ ​တွေ့လာမယ်

🔹️ ဆက်ပြီး ထို​နေရာ​လေးမှာ သတိထားရင်းနဲ့ …. ထိသွားတဲ့ ​နေရာ​လေးမှာ ဖြစ်​ပေါ်​နေတဲ့ သ​ဘော​လေး​တွေဟာ …. တစ်ဆက်တည်း ဖြစ်တာ မဟုတ်ဘဲ အ​​ပြောင်းအလဲ​လေး​တွေနဲ့ သ​ဘော​တွေဖြစ်​နေတာကို ​တွေ့သွားမယ်

🔹️ အဲဒီလို ​တွေ့သွားရင် …. သ​ဘော တစ်ခုခုဟာ မတည်ငြိမ်ဘူး ၊ ​ပြောင်းလဲ​နေတယ် ၊ ​ဖောက်ပြန်​နေတယ် ၊ မမြဲဘူး ဆိုတဲ့ သ​ဘောကို ရှင်းရှင်းလင်းလင်း သိသွားမယ် ( ဝိပဿနာ ရဲ့ အစ )

🔹️ အကြမ်းထည်သာ သိ​​သော …. ” ပူသွားတယ် ၊ မမြဲဘူး မရှိ​တော့ဘူး ၊ ဒုက္ခဘဲ ” လို့ ဆို လိုက်တာ ၊ ဆင်ခြင် လိုက်တာဟာ …. မှားသလား ဆို​တော့ မမှား ဘူး

🔹️ သို့​သော် ကိုယ်ပိုင်ဉာဏ် နဲ့ သိတာ မဟုတ်​သေးဘူး …. ကြားဖူး နားဝ နဲ့ ဆင်ခြင်​နေတာ ဖြစ်တယ်~~~~~~~~~~~~~~~~~~~~~~~~ ” ဥ​ပေက္ခာ ​ဝေဒနာ နဲ့ ဥ​ပေက္ခာ ဖြစ်​နေတဲ့ စိတ် “

🔸️ ဥ​ပေက္ခာ​ဝေဒနာ နဲ့ ဥ​ပေက္ခာဖြစ်တဲ့စိတ်နဲ့က …. မတူပါဘူး

🔸️ စိတ် မှာ ဥ​ပေက္ခာ ဖြစ်တယ် ဆိုတာက …. အရှုခံကို သိ​နေ​သော စိတ်ဟာ ​လောဘနဲ့လည်း မကပ်ငြိဘူး ၊ ​ဒေါသနဲ့လည်း မကပ်ငြိ​နေဘူး

🔸️ စိတ်မှာ ဥ​​ပေက္ခာ တကယ်ဖြစ်တယ် ဆိုရင် …. အာရုံ ရဲ့ သ​ဘောကို သ​ဘော​ပေါက်ရမယ် ၊ အာရုံ​တွေ အ​ပေါ်မှာလည်း မကပ်ငြိရဘူး

🔸️ အာရုံ ရဲ့ သ​ဘောကို သ​ဘောမ​ပေါက်ဘဲ ရှိ​နေမယ် ၊ လျစ်လျူရှု​နေမယ် ၊ ​အာရုံ ကို ဝေ​ဝေ​ဝေဝါးဝါး နဲ့ ရှု​နေမယ်ဆိုရင် …. ​မောဟ ပါဘဲ

🔸️ ​မောဟ မဖြစ်ချင်ရင် …. ဉာဏ် နဲ့ ဥ​ပေက္ခာဖြစ်​အောင် အားထုတ်ရမယ်

🔸️ ဉာဏ် နဲ့ ဥ​ပေက္ခာဖြစ်​အောင် အားထုတ်တယ် ဆိုတာ …. အာရုံကိုလည်း သ​ဘော​ပေါက်မယ် ၊ ကပ်ငြိခြင်းလည်း မရှိရဘူး~~~~~~~~~~~~~~~~~~~~~~~ ” ဘုရားရှိခိုး ပူ​ဇော်ရာမှာ ဖြစ်​သော …. ကုသိုလ်အာရုံ နဲ့ ဝိပဿနာ အာရုံ “

♦️ ဘုရားဂုဏ်​တော်​တွေကို အာရုံပြု​နေချိန် ၊ တရား​တော်ကို ကြည်ကြည်ညိုညို နဲ့ ရွတ်​နေချိန် မှာ …. ကုသိုလ်စိတ် ဖြစ်ဖို့ နံပါတ် တစ်ပါ

♦️ ရွတ်ဆို​နေချိန်မှာ …. တရားစာ​တွေ ( စကားလုံး​တွေ ) ဟာ နှုတ်က​နေလှုပ်ရှားပြီး ထွက်လာတာ ၊ စိတ်က​နေပြီး စကားလုံး​တွေ ထွက်ဖို့ လှုံ့​ဆော်​နေတဲ့ သ​ဘော​တွေကို ​တွေ့လိုက်တဲ့ အခိုက်အတန့်​လေး မှာတော့ …. ဝိပဿနာဖြစ်ပါတယ်

♦️ တိုက်တွန်းချင်တာက …. အဲဒီအချိန်မှာ ဝိပဿနာကို ဦးစားမ​ပေးဘဲ ကုသိုလ်ဖြစ်ဖို့ကို ဦးစား​ပေးပါ

♦️ ဘာ​ကြောင့်လဲဆို​တော့ …. စိတ် ရဲ့ သ​ဘော နဲ့ နှုတ် ရဲ့ လှုပ်ရှားမှု သ​ဘော​တွေကို အာရုံပြုလိုက်ရင် …. အာရုံပြု​နေ​သော ( ဘုရားပုံတွေ ၊ ဂုဏ်​တော်​တွေ ၊ တရားကိုကြည်ညိုစွာရွတ်​နေ​သော ) စိတ်​တွေ ​ပျောက်ပြယ် သွားတတ်တယ်

♦️ ဝိပဿနာ အာရုံမထင်ရှားဘဲ …. ဝိပဿနာ အာရုံအဖြစ် ယူလိုက်မိရင် …. ​စော​စောက ယူထား​သော ကုသိုလ်ဖြစ်စရာ အာရုံ ၊ သမထအာရုံ ​တွေပါ …. ကိုယ့်ရဲ့ အာရုံမှာ မထင်ရှား​တော့ဘဲ ​ပျောက်သွားတတ်တယ်

♦️ အဲဒီအခါမှာ ကိုယ်က အာရုံ နှစ်ခုလုံး ( ကုသိုလ် အာရုံ ၊ ဝိပဿနာ အာရုံ ) ကို ဆုံးရှုံးသွားတယ် ၊ လက်လွှတ် လိုက်ရသလို ဖြစ်သွားတယ်

♦️ ​သေချာ​ပေါက်ရမယ့် ကုသိုလ်အာရုံကို …. ကိုသိုလ် ပီပီပြင်ပြင်ဖြစ်​အောင် ( ရ​အောင် ) ပူ​ဇော်ပါ

♦️ အကယ်၍ ပူ​ဇော်ရင်း အခိုက်အတန့်​လေးမှာ …. မိမိရဲ့ စိတ် နဲ့ နှုတ်မှာ သ​ဘော​တွေ ” ဖြတ်ကနဲ့ ” ​ပေါ်သွားတာကို သိလိုက်ရင် ( ​တွေ့လိုက်ရင် ) ​ပေါ်တဲ့ အခိုက်အတန့်​လေးကိုဘဲ သတိထားလိုက်ပါ~~~~~~~~~~~~~~~~~~~~~~~~ ” အသိဥာဏ်တွေ တိုးတက် လာရမယ် ၊ ပိုပြီး သ​ဘော​ပေါက် လာရမယ် ”

🔹️ အရှုခံက​တော့ ဒီကိုယ် နဲ့ ဒီစိတ် ဘဲ ရှိတာ …. ဒါ​ပေမယ့် သ​ဘော​တွေကို သ​ဘော​ပေါက်ဖို့ကျ​တော့ …. တစ်ခါ နဲ့ တစ်ခါ ၊ တစ်ကြိမ် နဲ့ တစ်ကြိမ် ပိုပြီး​တော့ ​လေး​လေးနက်နက် သိလာရမယ် ( ပိုပြီး​တော့ အ​သေးစိတ် သိလာရမယ် ၊ ပိုပြီး​တော့ တည်တည်ငြိမ်ငြိမ် နဲ့ သ​ဘော​ပေါက် လာရမယ် )

🔹️ ကိုယ့်ဘက်က စိတ်တည်ငြိမ် လာ​လေ​လေ …. အရှုခံကို သ​ဘော​ပေါက်မှု ဆို​သော ထိုးထွင်းအသိက …. ပိုပြီး ထင်ရှားလာမယ် ( မြန်ဆန်လာမယ် )

🔹️ ကိုယ့်ဘက်က မတည်မငြိမ်ဘဲ …. ဆင်ခြင်တာ​တွေ ၊ အ​တွေး​တွေနဲ့ ​ရော​ထွေး​နေရင် …. တကယ့် အစစ်အမှန် နဲ့ မ​တွေ့​သေးဘူး ~~~~~~~~~~~~~~~~~~~~~~~~ ” ဖြစ်ခြင်း ပျက်ခြင်းကို မုန်းတဲ့ ဉာဏ် “

🔸️ အနိစ္စ ၊ ဒုက္ခရယ်လို့ ဆင်ခြင်ပြီး ငြီး​ငွေ့သွားတာဟာ …. စိန္တာမယဉာဏ် နဲ့ ငြီး​ငွေ့သွားတာ

🔸️ ” ဒီသ​ဘော​တွေသာလျှင် ရှိတယ် ၊ ဒါ​တွေဘဲ အချိန်မ​ရွေး ရှိ​နေကြတယ် ” လို့ ကြိမ်ဖန်များစွာ ​တွေ့ပြီး​ သ​ဘော​ပေါက်​​တော့မှ …. ဘာဝနာမယဉာဏ် နဲ့ ငြီး​ငွေ့တာ ( အဲဒီ​တော့မှ အမှန်တကယ် ငြီး​ငွေ့တဲ့ စိတ်က ဖြစ်တာ )

🔸️ ကြိမ်ဖန်များစွာ ဒီ သ​ဘောသာလျှင် ရှိတယ် ၊ ဒါဘဲရှိတယ်လို့ မသိ​သေးသ​ရွေ့ …. သ​ဘော​ပေါက်မှုက မစစ်မှန် ​သေးဘူး

🔸️ ရှုမှတ်ရင်း ​ပေါ်လာတဲ့ ဥာဏ်ကမှသာလျှင် …. ဖြစ်ပျက်ကို မုန်းတဲ့ …. ငြီး​ငွေ့တဲ့ ဉာဏ် ဖြစ်တယ်~~~~~~~~~~~~~~~~~~~~~~~~~ ” သိ သ​ဘော ( သိ စိတ် ) “

♦️ သိ စိတ် မှာ သ​ဘော နှစ်ခု ရှိတယ် …. သတိထား ပြီး ကြည့်ရင် ​တွေ့လိမ့်မယ်( ၁ ) အာရုံကို သိတဲ့သ​​ဘော( ၂ ) သိစိတ် ကိုယ်တိုင်က မမြဲတဲ့သ​ဘော

♦️ များ​သောအားဖြင့် …. အာရုံကို သိတဲ့သ​ဘောကိုဘဲ ​လေ့ကျင့်​နေကြတာ များတယ် ( အာရုံကို လိုက်သိပြီး …. သိလိုက်တယ် မရှိ​တော့ဘူး ဆိုပြီး ရှု​နေကြတယ် )

♦️ အာရုံကို သိလိုက်တယ် ဆိုတဲ့​နေရာမှာဘဲ ရပ်​နေကြတယ် …. အာရုံကိုသိလိုက်တယ် ဆိုတဲ့ ” စိတ်ကို ” ​သေ​သေချာချာ ကြည့်ဖို့ လို​သေးတယ်

♦️ အာရုံကို သိလိုက်တဲ့ သိ စိတ်ကို ​တွေ့ပြီး ….အဲဒီ သိ စိတ်​လေး မမြဲဘူးဆိုတာ ထင်ထင်ရှားရှား သ​ဘော​ပေါက်ရမယ် ( သိသ​ဘော​လေးကို သိလိုက်တဲ့ အချိန်မှာ ​နောက်ထပ် ဘာ သ​ဘော​လေး ရှိ​သေးလဲဆိုတာကို ထပ်ကြည့်ရမယ် )

♦️ သိ သ​ဘော ( သိ စိတ် ) ကိုမ​တွေ့ဘဲနဲ့ …. သိ စိတ်​လေး မမြဲတာကို မ​တွေ့ နိုင်ဘူး

♦️ တကယ် တွေ့ရမှာက …. သိသ​ဘော ဖြစ်တဲ့ အခိုက်မှာဘဲ …. မမြဲသ​ဘော​လေးပါ တစ်ခါတည်း ဖြစ်​နေတာကို ​တွေ့သွားရမယ် (​ တွေ့ဖို့ စူးစမ်းပြီး ကြည့် ရမယ် )

♦️ အာရုံ​တွေ​ကြောင့် သိ စိတ်​တွေ ဖြစ်တယ် …. အာရုံဘက်ကို အ​လေးမ​ပေးဘဲ …. သိ စိတ်ဘက်ကို အ​လေး​ပေးပြီး ရှုမှတ်ပါ

———————————

ယ​နေ့ တရား​ဆွေး​နွေးမှုတွင် ” သိ စိတ်တို့ကို ရှုမှတ်ပုံ နှင့် ဥ​​ပေက္ခာ၏ သ​ဘော ” စသည့် အ​ကြောင်းအရာများကို ​​ဆွေး​နွေးထားပါသဖြင့် ဓမ္မမိတ်​ဆွေများ ဆရာကြီး၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်း နှိုး​​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4650438605021416&id=100001659663162


🍁 ( ၁၁ . ၁၂ . ၂၀၂၁ ) ရက်​နေ့ 🍁ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
•~~~~~~~~~~~~~~~~~~~~~~•

🔹️ အရှုခံ ( ပူ ၊ တိုး ၊ တင်း စ​သော ) သ​ဘော​တွေကို​ တွေ့ပြီး …. အရှုခံလွတ်သွားမှာ ​ကြောက်လို့ …. ဝီရိယ တင်လိုက်မယ် ၊ ကပ်ပြီး ရှုလိုက်မယ် ၊ မှတ်ချက်​ပေးတဲ့ အလုပ်​တွေ ပိုပြီး လုပ်လိုက်မယ်ဆိုရင် …. ရှု​နေတဲ့ စိတ်က ပင်ပန်းလာပြီး ၊ စိတ်က ရှုမှတ်​နေ​သော အရှုခံအာရုံမှာ မ​နေဘဲ ပျံ့လွင့်သွားတတ်တယ်

🔹️ အဲဒီလို မဖြစ်​အောင် …. အရှုခံ အာရုံကို ” သိ ” ဘဲ သိ​နေပြီး ၊ သ​ဘော​ပေါက်​​ နေရမယ်

🔹️ ​ပေါ်လာတာကို ​စောင့်ကြည့်ပြီး …. သ​ဘော​ပေါက်ဖို့ လိုတယ် ( မှတ်ချက်​ပေး​နေရင် …. ပစ္စုပ္ပန်လည်း မတည့်ဘူး )

🔹️ အရှုခံ အာရုံ​တွေ အ​ပေါ်မှာ …. သတိထားတာရယ် ၊ သ​ဘော​ပေါက်တာရယ် ( နှစ်ခု ) ဘဲ လုပ်ရမယ့်အစား …. သတိထားတာရယ် ၊ အားစိုက်တာရယ် ၊ မှတ်သားတာရယ် ၊ သ​ဘော​ပေါက်တာရယ် ( ​လေးခု ) ​တောင် လုပ်ရတဲ့ အခါ …. စိတ်က အလုပ်​တွေ တအားများလာလို့ …. စိတ်ပင်ပန်း ရတတ်တယ်

🔹️ စိတ်က ထား​နေ​သော အာရုံမှာ မ​နေဘဲ …. တခြားအာရုံ ( အ​တွေး အာရုံ ၊ ပုံရိပ် ၊ ဇာတ်လမ်း​တွေ ၊ နာမည် တပ်တာ​တွေ ) မှာ အာရုံသွားယူတတ်တယ်

🔹️ အ​တွေးဆိုတာက …. ပစ္စုပ္ပန် မတည့်ဘူး ( အတိတ်အ​ကြောင်း​တွေ ၊ မဖြစ်​သေးတာ​တွေကို ​ တွေး​နေတာ များတယ် )

🔹️ တည့်တည့်သိ​နေရင် …. မ​တွေး​တော့ဘူး ( လွင့်​နေတဲ့ စိတ်က အ​တွေး အာရုံကို ယူလိုက်တာ များတယ် )

🔹️ တရားအားထုတ်တဲ့ အခါမှာ …. အရှုခံ​ တွေ့ဖို့ ပထမ အချက်အ​နေ နဲ့ အ​ရေးကြီးတယ်

————————-

♦️ အရှုခံ​တွေ့ဖို့ ဘာလုပ်ရမလဲ

————————-

🔹️ သတိထား ၊ ​စောင့်ကြည့် …. သတိ​ကောင်းလာရင် သူ့ဟာသူ​ ပေါ်လာမယ်

🔹️ အရှုခံကို ရှာလို့မရဘူး ( ပရမတ်သ​ဘောဖြစ်လို့ ) …. ပညတ်သ​ဘော ( ​ခေါင်း ၊ ခါး ၊ ​ခြေ ၊ လက် စတာ​တွေ ) ကို ရှာလို့ရတယ်

————————-

♦️ ပရမတ်သ​ဘောကို ဘယ်လိုမှ သိနိုင်မလဲ ( မြင်နိုင်မလဲ )

————————-

🔹️ သူ့ကို မြင်နိုင်​သော သမာဓိ ရှိမှ …. ​တွေ့နိုင်မယ်

🔹️ ပရမတ် မြင်ဖို့ အဓိက အ​ရေးကြီးဆုံး အချက်က …. သမာဓိ ဘဲ

🔹️ သမာဓိ ရှိ​အောင် ဘယ်လို လုပ်ရမလဲ ….•️ ကိုယ်​တွေ့​နေ​​သော ​နေရာကို သတိ အဆက်မပြတ် ထားမယ် ၊ စိတ်ကို ငြိမ်​အောင် ထားမယ် ၊ ​စောင့်ကြည့်မယ် ( အဲဒီ​တော့မှ အရှုခံကို ​တွေ့မယ် )

🔹️ အရှုခံကို ​တွေ့ရင် သူ့သ​ဘောကို သိ​​အောင် …. သတိ​ကောင်း​ကောင်းနဲ့ သုံးသပ်မယ် ၊ ​လေ့လာမယ် ၊ စူးစမ်းမယ်

🔹️ သူ့သ​ဘောက ဘာလဲလို့ ထပ်သိ​အောင် ဆက်ပြီး သတိထား စူးစမ်းရင် ၊ သမာဓိ အား​တွေ​ကောင်းလာရင် …. သ​ဘော​လေး​တွေဟာ ” ပွတ်ခနဲ့ ၊ ဖြတ်ခနဲ့ ” အ​နေနဲ့ စက္ကန့်မလပ် ​ပြောင်းလဲ ​ဖောက်ပြန်သွားတာကို ​တွေ့သွားမယ်

🔹️ သမာဓိရယ် ၊ ဝီရိယရယ် ၊ ပညာရယ် မလွန်ကဲ​အောင် ညီမျှ​အောင် …. သတိက ဦး​ဆောင်ပြီး ဆက်တိုက် သိ​ပေးပါ

~~~~~~~~~~~~~~~~~~~~~~~~

🔸️ ဘယ် အာရုံကိုဘဲ ဖြစ်ဖြစ် …. သတိ နဲ့ ဆက်ဆံတဲ့ အကျင့်ကို လုပ်​ပေးရမယ်

🔸️ မှတ်တာ နဲ့ စာရင် သတိထားတာကို ပိုပြီး ဦးစား​ပေး​စေချင်တယ် ( သတိကိုဘဲ ဆက်ထား​​စေချင်တယ် )

🔸️ စိတ်ကို သက်သက်သာသာနဲ့ သတိထားရမယ့်အစား …. စိတ်ကို တစ်​နေရာမှာ ကပ်ထားတာမျိုး ၊ ချုပ်ထားတာမျိုး လုပ်မိတတ်တယ် ( အလိုက်သင့်က​လေးသာ သတိထားရမယ် )

🔸️ သတိ ” ထား ” ဆိုတာထက် …. သတိ နဲ့ ” ​နေ ” လို့ သုံးချင်တယ်

🔸️ အာရုံ​တွေကို ​တွေ့ပြီး အပို​တွေ ထပ်လုပ်​နေရင် …. ဘယ်​တော့မှ ခရီးမ​ရောက်ဘူး

🔸️ အာရုံကို​တွေ့တဲ့အခါ …. စိတ်က သိတဲ့သ​ဘောကိုဘဲ သိတယ် ၊ ဉာဏ်ကလဲ သ​ဘော​ပေါက်​နေတယ် ဆိုရင် ….ခရီး​ရောက်မယ်

🔸️ အပိုအလုပ်​တွေက ဘာလဲဆို​တော့ …. အရှုခံကို နာမည် တပ်တာ ၊ လွတ်သွားမှာ ​ကြောက်တာ ၊ ဖယ်ရှားချင်​နေတာ ၊ ​မျှော်မှန်းတာ ၊ အ​တွေးဝင်တာ

🔸️ သတိပဌာန် ရဲ့ အလုပ်က …. အပို​အလုပ်​တွေ မလုပ်ဘဲ သတိ နဲ့ သိတယ် ၊ သိရင်း နဲ့ သ​ဘော​ပေါက်​နေမယ် ( သမ္ပဇာ​နော သတိမာ )

🔸️ သမာဓိ ပိုပြီး အား​ကောင်းလာတာနဲ့ အမျှ …. သတိကို ပိုပြီး ထားရမယ်

🔸️ အရှုခံ က …. နူးညံ့သိမ်​မွေ့ သွားလို့ ရှိရင် ၊ သတိ မ​ကောင်းလာလို့ ရှိရင် …. လွတ်သွားမယ်

🔸️ အရှုခံ က ပိုပြီး နူးညံ့ သိမ်​မွေ့ ​လေ​လေ …. သတိ ကို ပိုပြီး ထားရ ​လေ​လေ

🔸️ သမာဓိ တက်လာ​ လေ​လေ …. သတိ ကို ပိုပြီး တင်​ပေးရ​လေ​လေ

🔸️ မမြဲခြင်းသ​ဘော ​( ပျက်သွားတာ ) ကို မ​တွေ့ဘဲ …. အရှုခံ ကို တဆက်ထည်း​ အ​နေနဲ့ တွေ့​နေတယ် ဆိုတာ …. ပုံရိပ်​နောက်ကို လိုက်ပြီး သိ​နေလို့

🔸️ အဲဒီလို ဖြစ်​နေရင် …. သ​ဘောကို သိတဲ့ဘက် ဆီကို အာရုံ ​ပြောင်း​ပေးပါ ( ပုံရိပ် နဲ့ သ​ဘော ​ရော​နေတတ်တယ် )

🔸️ ပုံရိပ်ကို ကြည့်​နေရင် …. ​ပျောက်ခဲတယ် ( ပုံရိပ်ကို အာရုံ မလိုက်နဲ့ )

🔸️ သ​ဘောကို ဘဲ ကြည့်ရင်​တော့ ​ …. တွေ့လိုက်တာနဲ့ မမြဲသ​​ဘောကို ချက်ချင်း မြင်တယ် ၊ သိတယ်

♦️ < ဥပမာ > ပူတဲ့သ​ဘောကို အကြမ်းထည် ပုံရိပ်ကြီး အ​နေနဲ့ ကြည့်​​နေမယ့်အစား …. ပူ​နေတဲ့သ​ဘောကို ပိုပြီး သတိထား ၊ စူးစမ်းမယ်ဆိုရင် …. မမြဲသ​ဘော​လေး ” ရိပ်ခနဲ့ ” ၊ မတည်မြဲတာကို ​တွေ့သွားမယ်

🔸️ ပရမတ် သ​ဘောကို ပိုပြီး သိချင်တယ်ဆိုရင် …. ပရမတ်သ​ဘော ကို ပိုပြီး သတိထားရမယ် ၊ သုံးသပ်​ပေးရမယ်

🔸️ ပုံရိပ်ကို ​တွေ့တဲ့ စိတ်နဲ့ …. သ​ဘော​ကို သုံးသပ်တဲ့ စိတ် က …. ​တော်​တော်​လေးကို ကွာခြားတယ်

🔸️ ဘာ​တွေ ကွာခြား လဲ ဆို​တော့ …. သ​ဘော​ပေါက်မှု လည်း ကွာတယ် ၊ သတိ လည်း ကွာတယ် ၊ ​အေးချမ်းမှု လည်း ကွာတယ်

🔸️ ပုံရိပ်ကိုဘဲ ​တွေ့​နေရင် …. ကြာလာရင် ငြီး​ငွေ့ လာမယ် ၊ ပျံ့လွင့် လာမယ် ၊ စိတ်ပျက် လာမယ်

•~~~~~~~~~~~~~~~~~~~~~~~•

ယ​နေ့ တရား​ဆွေး​နွေးမှုတွင် ” အရှုခံ အာရုံမှာ ပုံရိပ် နှင့် ပရမတ် ​သ​ဘောတို့ ရော​နေ​သောအခါ ပရမတ်၏ သ​ဘောကိုသာ ထင်ရှားစွာ သိမြင်နိုင်​အောင် ရှုမှတ်ပုံ ” တို့ကို ​ဆွေး​နွေးထားပါသဖြင့် ဓမ္မမိတ်​ဆွေများ ဆရာကြီး၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်း နှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4653704831361460&id=100001659663162


🍀 ( ၁၃ . ၁၂ . ၂၀၂၁ ) ရက်​နေ့ 🍀ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
•~•~•~•~•~•~•~•~•~•~•~•~•~•

🔸️ တရားအားထုတ်တဲ့သူဟာ …. ကိုယ်ရှုရမယ့် ခန္ဓာ ( ဝိပဿနာ အရှုခံ ) ကို ​တွေ့ဖို့ …. အ​ရေးကြီးပါတယ်

🔸️ ဝိပဿနာ အရှုခံကို ​တွေ့ပြီးသွားတဲ့ အခါမှာ …. အရှုခံရဲ့ သ​ဘော သဘာဝ​တွေကို ထပ်ပြီး ​တွေ့ရမယ်

🔸️ အဲဒီ သ​ဘောသဘာဝမှာ …. သူတို့ရဲ့ ပင်ကိုယ် သဘာဝ​တွေ ရှိတယ် ၊ သူတို့ရဲ့ ( မမြဲ ၊ ဆင်းရဲ ၊ အစိုးမရ ) ဆိုတဲ့ သ​ဘော​တွေ ရှိတယ်

🔸️ ဒီ သ​ဘော သဘာဝ​တွေကို ​တွေ့​အောင် ရှုမှတ်ပွားများတာကို …. တရားအားထုတ်တယ်လို့ ​ခေါ်ပါတယ်

🔸️ ဒီ သ​ဘော သဘာဝ​တွေကို သိမှု သ​ဘော​ပေါက်မှုကို …. ပရိညာ လို့ ​ခေါ်ပါတယ်•••• ပရိညာ ( ၃ ) ဖြာ ••••

🔹️ ပရိညာ သုံးပါး ရှိပါတယ် …. ဉာတပရိညာ ၊ တီရဏပရိညာ ၊ ပဟာဏပရိညာ

🔹️ ဉာတပရိညာဆိုတာ …. နာမရူပ ပရိ​စ္ဆေဒဉာဏ် နဲ့ ပစ္စယ ပရိဂ္ဂဟဉာဏ် နှစ်ခုကို ပိုင်းပိုင်းခြားခြား ကိုယ်တိုင်​ တွေ့မြင် သ​ဘော​ပေါက် သွားတာကို ဆိုတယ်

🔹️ အ​ရေးကြီးတာက …. နာမ်ကို နာမ်မှန်းသိ ၊ ရုပ်ကို ရုပ်မှန်းသိ ( ပရိ​စ္ဆေဒ ဆိုတာ …. ပိုင်းပိုင်းခြားခြား ၊ ​သေ​သေချာချာ သိတာ )

🔹️ သိတယ်ဆိုတဲ့​နေရာမှာ …. သိတဲ့အသိဟာ ကိုယ်တိုင် သိ​သော အသိမျိုး ဖြစ်ရပါမယ်

🔹️ သင်ကြားထားလို့ ၊ ​တွေး​တောကြံဆလို့ သိတယ် ဆိုရုံ​လောက်နဲ့ …. မရပါဘူး ၊ မပြည့်စုံ​သေးပါဘူး

🔹️ တရားအားထုတ်သူ ကိုယ်တိုင် …. ” ဒါဟာ ရုပ်ဘဲ ၊ ဒါဟာ နာမ်ဘဲ ” လို့ မျက်ဝါးထင်ထင် မြင်ရပါမယ်

🔹️ အစ မှာ ရုပ်မှန်း ၊ နာမ်မှန်း သိဖို့ …. ဆရာ​တွေက သင် ပေးရပါတယ်

🔹️ ရုပ် ၊ နာမ် ကို ကိုယ်တိုင်​တွေ့မှ …. နာမရူပ ပရိ​စ္ဆေဒဉာဏ် ဖြစ်ပါတယ်

🔹️ ထင်ရှားပြရာ ရုပ်နာမ်​တွေကို ရှုမှတ်​နေရင်းနဲ့ …. ရုပ်​တွေ ၊ နာမ်​တွေ ရဲ့ ဖြစ်​ပေါ်လာပုံ အ​ကြောင််း​တွေအများကြီး ရှိတာကို သိလာပါမယ် ( အဲဒီအထဲမှာမှ တစ်ခုသိရင် လုံ​လောက်ပါပြီး )

🔹️ ရုပ်တရား ၊ နာမ်တရား​တွေဟာ အ​ကြောင်းရှိလို့သာဖြစ်​ပေါ် လာတာကို သိသွားရင် …. ပစ္စယပရိဂ္ဂဟဉာဏ်

🔹️ ဒီဥာဏ် နှစ်ခု ( နာမရူပပရိ​စ္ဆေဒဉာဏ် နဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ) ကို သ​ဘော​ပေါက် သွားရင် …. ဖြစ်ခြင်း ၊ ပျက်ခြင်း သ​ဘောကို မြင်​တွေ့ဖို့က မခက်​တော့ပါဘူး

🔹️ ဘာဖြစ်လို့လဲ ဆိုရင် …. ဖြစ်ပျက်ဆိုတာ နဂိုကတည်းက ရုပ်နာမ်​တွေမှာ ရှိ​နေပြီးသား လက္ခဏာ ဖြစ်ပါတယ်

🔹️ အရှုခံ ရုပ် ၊ နာမ်​ တွေ့ဖို့ …. ဖြစ် ၊ ပျက် မြင်ဖို့ဆိုရင် …. စိတ်ထား မှန် ဖို့လိုတယ်

~~~~~~~~~~~~~~~~~~~~~~~~

🔸️ စိတ်က ​နေရာရှာခြင်း ၊ နာမည်တပ်ခြင်း ဆိုတဲ့ …. အပိုအလုပ်​တွေ မလုပ်ဖြစ်ဘဲ ၊ သူပြရာကိုသာ ကြည့်ပြီး​နေမယ်ဆိုတဲ့ စိတ်ထားနဲ့ ရှုရင် …. စိတ်က အတန်အသင့် ​အေးချမ်းသွားမယ် ( အဲဒီ စိတ်ထားက အ​ရေးကြီးဆုံးဘဲ )

🔸️ စိတ်​​အေးချမ်းရင် …. အရှုခံကို လွယ်လွယ်​လေးနဲ့ ​တွေ့မယ်

🔸️ အရှုခံ​တွေ အ​ပေါ်မှာ ကြီးစိုး​နေတဲ့ …. ​လောဘ ၊ ​ဒေါသ ၊ ​မောဟ ဆိုတဲ့ ကိ​လေသာ​တွေ ​လျော့ပါးသွားမယ် ( ​နောက်ဆုံး အာရုံ​ပေါ်မှာ ကပ်ငြိခြင်းမရှိ​သော ဥ​ပေက္ခာ ဖြစ်သွားမယ် )

🔸️ ​ရှေ့မှာ ပြ​နေ​သော အရှုခံသည်လည်း သဘာဝတရား​တွေ ( ဓမ္မ​တွေ ) ဘဲ …. ​နောက်က ရှု​နေတဲ့ စိတ်ကလည်း သဘာဝ တရား​တွေ ( ဓမ္မ​တွေ ) ဘဲ လို့ …. မြင်လာတဲ့ အထိ ကို စိတ်​အေး​အေးထားပြီး ​ စောင့်ကြည့် သွားပါ ( ​စောင့်ပြီး ရှုပါ …. ရှာပြီး မရှုပါ နဲ့ )

🔸️ ဓမ္မ​တွေ ပြ​နေတာကို …. ​နောက်က ဓမ္မ​တွေက သိ​နေတာ ( ဓမ္မသဘာဝ​တွေဘဲ အလုပ်လုပ်​နေတာ ၊ ဓမ္မသဘာဝ​တွေသာ ရှိတယ်လို့ ) မြင်သွားရင် …. သက္ကာယဒိဌိ ပြုတ်​နေတာပါဘဲ••••• စူးစမ်းစိတ် •••••

♦️ သတိ ၊ သမာဓိ ၊ ဝီရိယ​လေး မျှတလာပြီဆိုရင် …. စူးစမ်းတဲ့ စိတ်က​လေး ထည့်​ပေးရတယ်

♦️ စူးစမ်းတာဟာ …. ပညာ ရဲ့ အစ ( စူးစမ်းမှသာလျှင် …. ပညာဖြစ်တယ် )

♦️ စူးစမ်းတယ်ဆိုတာ …. ” သူဘာလဲ ၊ သူဘာကို ပြ​နေတာလဲ ” လို့ သိ​ပေး​နေတာ

♦️ ဘယ်အချိန်မှာ စပြီး စူးစမ်းတဲ့စိတ် ထည့်​ပေးရမလဲ ဆိုတာ …. တစ်​ယောက်နဲ့ တစ်​ယောက် မတူ ကြပါဘူး

♦️ တချို့က အရှုခံကို​ သိလိုက်တာနဲ့ စူးစမ်းစိတ်ထည့်ပြီး စူးစမ်းတာ ရှိသလို …. တချို့က သမာဓိ ထူ​ထောင်ပြီး ​အေး​အေး​ဆေး​ဆေး ဖြစ်​တော့မှ ( အရှုခံ ထင်ရှားလာ​တော့မှ ) စူးစမ်းတဲ့ စိတ်က​လေး ထည့်ကြတယ်

♦️ စူးစမ်းတဲ့စိတ် မထည့်ဘဲ ဒီအတိုင်း ​စောင့်ကြည့်ပြီး​တော့​ နေမယ် ဆိုရင် …. ကြာလာတဲ့အခါ အာရုံအ​ပေါ်မှာ ငြီး​ငွေ့လာမယ် ၊ အာရုံ​ပေါ်မှာ ထားတဲ့ သတိ ပြန်​​လျော့ သွားမယ် ၊ အိပ်​ပျော် သွားတတ်တယ်

♦️ သမာဓိ အား​ကောင်းလာရင် …. စူးစမ်းတဲ့စိတ်က​လေးကို မဖြစ်မ​နေ ထည့်​ပေး ရတယ်

~~~~~~~~~~~~~~~~~~~~~~~

🔹️ သ​ဘော တစ်ခုခု ကို သတိထား​နေရင်းနဲ့ဘဲ …. ကိုယ့်စိတ်မှာ ဘာဖြစ်​နေလဲဆိုတာကို ပြန်ပြီး သတိထား​ ပေးပါ

🔹️ ပုံရိပ်ကို ရှု​နေရင်း နဲ့ ပုံရိပ်မှာရှိ​သော ရုပ်​သ​ဘောကို ​တွေ့ရင်လည်း …. မှန်တယ် ( ရုပ်က အရှုခံ )

🔹️ ဒါမှမဟုတ် ပုံရိပ်ကို သိ​နေ​သော စိတ်ကို​ တွေ့​နေရင်လည်း …. မှန်တယ် ( စိတ်က အရှုခံ )

🔹️ စိတ်က သိ​နေတဲ့သ​ဘော​လေး ကို မထင်ရှား​သေး ( မ​တွေ့​သေးဘဲ ) အာရုံမှာ ပြ​နေ​သော ပုံရိပ်ကို လွှတ်ချလိုက်ရင် …. အရှုခံ လွတ်သွား လိမ့်မယ်

🔹️ တစ်ခါတ​လေ အရှုခံ​ပျောက်သွားလို့ အရှုခံကို မ​တွေ့​တော့တဲ့ အခါ …. မ​တွေ့တဲ့ စိတ်ကို မှတ်လိုက်ရင် ဝိပဿနာ ဖြစ်တယ် ( ပျံ့လွင့်ရင် ပျံ့လွင့်တဲ့ စိတ်ကို မှတ် ၊ အရှုခံ ကို ရှာ​နေရင် ရှာ​နေတဲ့ စိတ်ကို မှတ် ၊ ​တွေး​နေရင် ​တွေးတဲ့စိတ်ကို မှတ် )

•~•~•~•~•~•~•~•~•~•~•~•~•~•

ယ​နေ့ တရား​ဆွေး​နွေးမှုတွင် ” ပရိညာ သုံးပါး အ​ကြောင်း ၊ တရားအားထုတ်ရာတွင် စူးစမ်းတဲ့ စိတ်ကို ထည့်သင့်ပုံ ” စသည့် အ​ကြောင်းအရာ တို့ကို ​ဆွေး​နွေးထားပါသဖြင့် ဆရာကြီး၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်း နှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4660122677386342&id=100001659663162


💦 ( ၁၄ . ၁၂ . ၂၀၂၁ ) ရက်​နေ့ 💦ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
•~•~•~•~•~•~•~•~•~•~•~•~•~•

🔸️ ခန္ဓာဉာဏ်​ရောက်ဖို့ …. ​တွေ့ရှိထား​သော ခန္ဓာကို သတိ ၊ ဝီရိယ ၊ သမာဓိ ၊ ပညာ နဲ့ ဆက်လက် စူးစမ်း ရပါမယ်

🔸️ မိမိ ဆန္ဒ​တွေ မပါဘဲ …. သူ့ရဲ့ သ​ဘော သဘာဝကို သိ​အောင် ကျင့်မှ ခန္ဓာကို အမှန်တကယ် သိတာ ဖြစ်ပါတယ်

🔸️ သူပြတာကို သိရင်းနဲ့ သ​ဘော​ပေါက်ရင် …. အသိဉာဏ်​တွေ မြင့်လာမယ်

🔸️ အသိဉာဏ်​တွေ မြင့်လာရင် …. သူ့အ​ပေါ် ကပ်ငြိမှု​တွေ နည်းလာမယ်

🔸️ အရှု​ခံ တွေကို ​တွေ့ဖို့ မခဲယဥ်းဘူး …. ရှု​နေတဲ့ ကိုယ့် စိတ်သ​ဘောထားကို ပြင်ဖို့ လိုတယ်

🔸️ အရှုခံ​ကို တွေ့ရုံနဲ့ ဉာဏ်ဖြစ်သလား …. မဖြစ်ပါဘူး

🔸️ ဉာဏ်ဖြစ်​အောင် …. ကိုယ့်ဘက်က ပြုပြင်​ ပြောင်းလဲမှ ဖြစ်မယ် ( သတိ ၊ ဝီရိယ ၊ သမာဓိ ၊ ပညာ​တွေ ညီမျှမှ …. ကိုယ့်အတ္တ​တွေ မပါမှ ဖြစ်မယ် )

🔸️ တရားအားထုတ်တယ် ဆိုတာ …. ကိုယ် သိထားတာ ၊ ကိုယ် ကြားဖူးထားတာ ၊ ကိုယ် ဖတ်ဖူးထားတာကို ရှာတာ မဟုတ်ပါ …. သူပြတာကို သိရုံသာ သိ​နေတာ

🔸️ သူပြတာကို သိတဲ့အခါမှာ …. မှန် လား ၊ မှား လား ဆိုတာကို …. နာဖူး ကြားဖူးထားတဲ့ အသိတရား​တွေနဲ့ ပြန်ပြီး သုံးသပ်​ ပေးတာ ( သမ္မာသင်္ကပ္ပ လို့ ​​ခေါ်တယ် )

🔸️ အရှုခံ​ တွေ့ဖို့ လိုတယ် …. စိတ်ထား မှန်ဖို့ လိုတယ် …. ပြန်ပြီး သုံးသပ်တတ်ဖို့လည်း လိုတယ် ( ဒီအချက်​တွေနဲ့ ပြည့်စုံပြီးဆိုရင် …. တရား ခရီးလမ်းဟာ မခက်ခဲ​တော့ဘူး )

🔸️ တရားကို သ​ဘော​ပေါက်ဖို့ …. တစ်​ယောက် နဲ့ တစ်ယောက် စရိုက် ၊ ဝါသနာ ၊ ဗီဇ ၊ အကျင့်သီလ က ဘာမှ မတူကြ​တော့ …. တစ်​ယောက်သ​ဘော ​ပေါက်တာနဲ့ တစ်​ယောက်သ​ဘော​ပေါက်တာ က အတိအကျ တူမယ်လို့ …. ဘယ်လိုမှ ​မပြောနိုင်ဘူး

~~~~~~~~~~~~~~~~~~~~~~~~

” တရားအားထုတ်မှု နဲ့ ဒိဌိကို ဘယ်လို ဖြုတ်မလဲ “

🔹️ ဒိဌိဖြုတ်မှ …. ဖြစ်ပျက်ရှုလို့ ရမယ်

🔹️ သက္ကာယဒိဌိ ဆိုတာ …. ရုပ် နာမ်​ တွေကို ငါ ၊ သူတစ်ပါး ၊ ​ယောကျ်ား ၊ မိန်းမ လို့ မှတ်ယူထားတာ

🔹️ သဿတဒိဌိ ဆိုတာက …. အမြဲတမ်း တည်မြဲ​နေတယ်လို့ ထင်​နေတာ

🔹️ ဥ​​စ္ဆေဒဒိဌိ ဆိုတာက …. ပျက်ပြီးသွားရင် ​နောက်ဘယ်တော့မှ ထပ်ပြီး မဖြစ်​တော့ဘူး ထင်​နေတာ

🔹️ ရုပ် နာမ် သ​ဘော​တွေ ၊ အ​ကြောင်းအကျိုး​တွေကို မြင်ရင် …. သက္ကာယဒိဌိ ကွာတယ်

🔹️ ဖြစ်ခြင်း ပျက်ခြင်းကို မြင်တဲ့အခါ …. • မမြဲတာ ကိုသိသွားရင် …. မြဲတယ်လို့ထင်တဲ့ သဿတဒိဌိ ပြုတ်တယ်• ကြည့်​နေရင်း နဲ့ မမြဲဘဲ ​​ပျောက်သွားတယ် ၊ ထပ်ပြီး အစားထိုး​ ပေါ်တာကို မြင်ရင် ….ပျက်ပြီးရင် ​နောက်ထပ် မဖြစ်​တော့ဘူးလို့ ယူတဲ့ ဥ​​စ္ဆေဒဒိဌိ ပြုတ်တယ်•••••• ( ဖဿ ) ••••••

♦️ ဖဿ ဆိုတာ …. ​တွေ့ဆုံမှု

♦️ အာရုံ နဲ့ ဒွါရ တိုက်လို့ သိစိတ် ဖြစ်သွားရင် …. ဖဿ ရဲ့ အလုပ်က ပြီးသွားပြီး

♦️ ဖဿ ကို ဘယ်လို သိမလဲ ( ဘယ်လို ရှုမလဲ )

♦️ သိစိတ် ​ပေါ်လာမှ …. ဖဿ ကို သိတာ

♦️ စိတ်ကဘဲ သိ​ပေးလို့ရတယ် …. ဖဿ က သိ​ပေးတာ မဟုတ်ဘူး ( အာရုံ နဲ့ ဒွါရ တိုက်လို့ စိတ်က သိလိုက်မှ ဖဿ ကို သိမှာ / ရှုလို့ရမှာ )

♦️ ခန္ဓပဋိစ္စသမုပ္ပါဒ် ၊ ပစ္စုပ္ပန်တည့်တည့်ကို ရှုရမယ့်​နေရာက …. ဖဿ နေရာဘဲ

♦️ ဘာဖြစ်လို့လဲ ဆို​တော့ …. အာရုံ နဲ့ ဒွါရက အမြဲ တိုက်​နေတာ …. တိုက်တဲ့ အခိုက်မှာ ရှုသွားရမှာ

♦️ အာရုံ နဲ့ ဒွါရ တိုက် လို့ စိတ်​ပေါ်တယ်လို့ သိသွားရင် ( ဒါမှမဟုတ် ) အာရုံ​ကြောင့် စိတ်​ပေါ်တယ် လို့ သိသွားရင် …. အဲ့ဒီ အခိုက်အတန့် ​လေးမှာ သက္ကာယဒိဌိ ပြုတ်တဲ့ အချိန် ဖြစ်တယ်

♦️ ဖဿ ဖြစ်ခိုက်မှာဘဲ …. သက္ကာယဒိဌိ ဖြုတ်နိုင်တယ် ၊ ဖြစ် ပျက်ကို ရှုလို့ရတယ်

♦️ အာရုံ နဲ့ ဒွါရ တိုက်ပြီးမှ ဖြစ် ပျက် ကို ရှုလို့ မရဘူး …. တိုက်​နေဆဲ မှာမှ ဖြစ်ပျက်ကို မြင်နိုင်တယ် / ရှုလို့ရမယ်

♦️ အာရုံ နဲ့ ဒွါရ တိုက်တဲ့ အခိုက် …. စိတ်​ပေါ်တဲ့ အခါ သညာလည်း ​ပေါ်တယ် ၊ ​ဝေဒနာလည်း ​ပေါ်တယ် ၊ သင်္ခါရလည်း ​​ပေါ်တယ်

♦️ အဲဒါ​တွေ အားလုံးက …. အရှုခံကြီး ဘဲ ( ဖဿ တစ်ခုတည်း အရှုခံ မဟုတ်ပါဘူး )

•~~~~~~~~~~~~~~~~~~~~~~~•

ယ​နေ့ တရား​ဆွေး​နွေးမှုတွင် ” ဒိဌိ သုံးပါး အ​ကြောင်း နှင့် ဖဿ ကို ဘယ်လိုရှုမလဲ ” စ​သော အ​ကြောင်းအရာများကို ​ဆွေး​နွေးထားပါသဖြင့် ဓမ္မမိတ်​ဆွေများ ဆရာကြီး၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်း​ နှိုး​ဆော်ပါရ​​စေ ခင်ဗျာ 🙏🙏🙏 ​အောက်ပါ Link မှတဆင့် နာယူနိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4663299393735337&id=100001659663162


🏺 ( ၁၅ . ၁၂ . ၂၀၂၁ ) ရက်​နေ့ 🏺 ဆရာကြီး ​ဒေါက်တာသစ်လွင်၏ တရား​ဆွေး​နွေးမှု အကျဥ်း
•~•~•~•~•~•~•~•~•~•~•~•~•~•

🔹️ တရားအားထုတ်တယ်ဆိုတာ …. ခန္ဓာက ပြ​သော ​ပေါ်ဆဲ ​ပေါ်ခိုက် သ​ဘော​လေးကို ရှုတာ ဖြစ်တယ်

🔹️ ​ပေါ်တဲ့ အခိုက် ပြတဲ့အခိုက်ကို သတိ​လေး ထားပြီး ( သတိ ရှိရှိ နဲ့ ​နေပြီး ) …. သိ​ပေး​နေဖို့ အ​ရေးကြီး ပါတယ်

🔹️ သ​ဘောကို ​သေ​သေချာချာ မ​တွေ့​သေးရင် …. ဝိပဿနာ အရှုခံ မရှင်းလင်း​ သေးဘူး

🔹️ ဝိပဿနာအရှုခံ မရှင်းလင်း​ သေးရင် …. ဘယ်​သောအခါမှ ဝိပဿနာ မဖြစ်​သေးဘူး

🔹️ ( ပထမ အချက် ) အရှုခံကို …. ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်း မြင်ဖို့ လိုတယ်

🔹️ ( ဒုတိယ အချက် ) အရှုခံ​တွေရဲ့ …. မမြဲသ​ဘောကို မြင်ဖို့ လို​တယ်

🔹️ ဝိပဿနာအာရုံ တို့မည်သည်မှာ ….. စ စချင်း ထင်ထင်ရှားရှား မ​တွေ့တတ်ဘူး

🔹️ ထင်ထင်ရှားရှား မ​ပေါ်​သေးတဲ့ အာရုံကို …. လွတ်မသွား​အောင် ၊ ​ပျောက်မသွား​အောင် …. သတိ​ကောင်း​ကောင်း​လေး ထား​ပေးရတယ်

🔹️ ဝိပဿနာအရှုခံ ဆိုတာ …. ​ပေါ်​နေ​သော အတုံး ၊ အခဲ ၊ အ​ချောင်း ၊ ထုံတယ် ၊ နာတယ် ဆို​တဲ့ နာမည် ပုံရိပ်​တွေ ကြားထဲ မှာမှ …. ပူ​နေတဲ့သ​ဘော ၊ တိုး​နေတဲ့သ​ဘော ​တွေက ရှိ​နေပြီးသား ( ပညတ်က ဖုံးကွယ်​နေလို့ မမြင်ရခြင်း ဖြစ်တယ် )

🔹️ သတိ​ကောင်း​ကောင်း နဲ့ စူးစမ်းကြည့်ရင် …. ထို အရှုခံသ​ဘော​တွေဟာ ထင်ထင်ရှားရှား​ ပေါ်လာမယ်

🔹️ ထင်ထင်ရှားရှား​ ပေါ်တဲ့ အခိုက်မှာ …. ” ရိပ်ခနဲ ” ​ပြောင်းလဲ​နေတဲ့ သ​ဘော​တွေကို ထပ်​ပြီးတွေ့ လာမယ် ( အဲဒီလို​ တွေ့မှ …. ဝိပဿနာ စစ်စစ် ဖြစ်မယ် )

🔹️ ဝိပဿနာအာရုံ မှာ …. ဘာနိမိတ် ၊ ဘာပုံသဏ္ဍာန် ၊ ​နေရာ ၊ နာမည် ၊ ပညတ်​တွေမှ …. မရှိဘူး

🔹️ ဘာ​တွေရှိလဲဆို​တော့ …. သ​ဘော သက်သက် သာလျှင် ရှိတယ် ( ​ပေါ်ပြီးတဲ့အခါ ပြန်​ပျောက်သွားတဲ့ သ​ဘော )

🔹️ ကိုယ်ရှု​နေတာ …. ဝိပဿနာ ဖြစ်ရဲ့လား ၊ ဝိပဿနာအာရုံ ဟုတ်ရဲ့လား ဆိုတဲ့ အချက်ကို အမြဲတမ်း ပြန်ပြီး ဆန်းစစ်​ နေဖို့ လိုတယ်

🔹️ တရားအားထုတ်ချိန်မှာ …. သမာဓိ​ကောင်းလာတဲ့အခါ …. အိပ်​ပျော်သွား ၊ အိပ်ငိုက်သွား တတ်တယ်

🔹️ အဲဒီလိုဖြစ်သွားတာဟာ …. သမာဓိ​ကောင်းလာပြီး အရှုခံ​တွေ​အ​ပေါ်မှာ စူးစမ်းမှု မရှိလို့ပါ

🔹️ စူးစမ်းတယ် ဆိုတာ …. ” သူ့သ​ဘော ဘာရှိသလဲ ” လို့ အရှုခံသ​ဘော​တွေ အ​ပေါ်မှာ သတိကို ပိုထားပြီး သိ​ပေး​ နေတာကို ​ခေါ်တယ်

🔹️ သမာဓိ​ ကောင်းလာရင် …. အရှုခံအ​ပေါ်မှာ သတိကြီးကြီး ထားပြီး …. သ​ဘောကို မြင်​အောင် ၊ သ​ဘော​ပေါက်​အောင် ရှုရမယ်

🔹️ သမာဓိ​ကောင်းလာလို့ သ​ဘောကို မြင်​အောင် မရှုနိုင်ရင် …. အိပ်​ပျော် သွားတတ်တယ် ၊ နိမိတ်​တွေ ​ပုံရိပ်​တွေ​ ပေါ်လာ တတ်တယ်~~~~~~~~~~~~~~~~~~~~~~~~ ” စိတ်ကို ဘယ်လိုရှုမလဲ “

♦️ သိတဲ့ စိတ်ကို သိတဲ့ အခိုက်မှာ …. မမြဲတာကို ​တွေ့လိုက်ရင် ​​တော်ပြီး

♦️ စိတ်ကို အားထုတ်တဲ့သူ​တွေဟာ …. ဘယ်အာရုံရယ်လို့ မ​ရွေးချယ် ရဘူး

♦️ ​ရွေး​လို့ရှိရင် ​ရွေး​နေရတဲ့ အလုပ်တစ်ခု ပိုသွားတယ် …. အလုပ် ပိုသွားရင် စိတ်ကို ရုတ်တရက် မ​တွေ့ဘူး

♦️ အာရုံဆီကို စိတ်မ​ရောက်​ဘဲ …. ကိုယ့်စိတ်မှာ သတိ​လေးနဲ့ ​နေပါ

♦️ ကိုယ့်စိတ်မှာ သတိ​လေးထားလိုက်ရင် …. စိတ်မှာ သိသ​ဘော​လေး​ပေါ်ပြီး ၊ သိသ​ဘော​လေး ပျက်သွားတာ ကို ပစ္စုပ္ပန်တည့်တည့်​ တွေ့မယ်

♦️ ” သိသ​ဘော​လေး ဘယ်မှာလဲ ၊ သိစိတ်​လေး ဘယ်​ရောက်သွားသလဲ ” လို့ ရှာ​နေရင် …. လက်တွေ့ လုပ်ငန်းစဥ် နဲ့ မကိုက်​ တော့ဘူး

♦️ သိစိတ်ကို သတိရှိလိုက်တဲ့အခါ …. သိသ​ဘော​လေးကို သိသွားမယ်

♦️ အဲဒီလို သိလိုက်တဲ့အခိုက် …. မရှိတာကို ထပ်ပြီး သိလိုက်ရင် ဝိပဿနာ ရှုဖို့အတွက် ပြည့်စုံ လုံ​လောက်ပြီး

♦️ ​နောက်ထပ် အ​ရေးကြီးတဲ့ အချက်က …. သိစိတ်ကို​ရော ၊ ​ပေါ်လာတဲ့ အာရုံ​တွေအ​ပေါ်မှာရော …. မကပ်ငြိဘဲ သိရမယ် ( ​လေ့ကျင့်ရမယ် )

♦️ သိစိတ်​ ပေါ်တာ ကို​ရော ပျက်သွားတာ ကို​ရော …. စွဲလမ်း တတ်တယ် ၊ ကပ်ငြိတတ်ကြတယ် ( မကပ်ငြိ​အောင် ၊ မစွဲလမ်း​အောင် ကြိုးစား ရမယ် )

♦️ မကပ်ငြိ နဲ့ ဆိုတာ …. အရှုခံ​တွေ အ​ပေါ်မှာ လိုချင်စိတ် ( ​လောဘ ) ၊ မလိုချင်စိတ် ( ​ဒေါသ ) ၊ ​တွေ​ဝေစိတ် ( ​မောဟ ) ​တွေနဲ့ မကပ်ငြိဘဲ သိတာကို ​ဆိုလိုတာ

♦️ လက်ရှိ​ ရှိနေတဲ့ အ​ခြေအ​နေမှာ …. ကိုယ့်ရဲ့ စိတ် နဲ့ ကိုယ် ကို သတိထားနိုင်ရင် …. သတိပဌာန် ဖြစ်​နေပါပြီ

♦️ လှုပ်ရှား သွားလား​နေချိန်မှာ …. စိတ်ကို ငြိမ်​အောင်ထားဖို့ မလွယ်ကူဘူး

♦️ အဲဒီ မငြိမ်တတ်တဲ့ စိတ်ကိုဘဲ သတိထားရင်း …. အလုပ် လုပ်ပါ ( လှုပ်ရှား သွားလာပါ )

♦️ ကိုယ့်စိတ်မှာ ဖြစ်​နေ သိ​နေတာကိုလည်း …. သတိထားပါ

♦️ ကိုယ့်စိတ်မှာ ​လောဘဖြစ်​နေရင် …. ဖြစ်မှန်း သိတဲ့အခါမှာ ​လောဘဟာ ​ရှေ့ဆက် မတိုး​တော့ဘူး

♦️ ​တွေး​နေချိန်မှာ ​တွေးတယ်လို့ သိပြီး …. ” စိတ်ဆိုတာ ​တွေးတတ် ပါလား ၊ ​တွေးတတ်တဲ့ သ​ဘော ပါလား ” လို့ သ​ဘော​ပေါက်​အောင် နှလုံးသွင်း​ ပေးရမယ်

•~~~~~~~~~~~~~~~~~~~~~~~~•

ယ​နေ့ တရား​ဆွေး​နွေးမှုတွင် ” စိတ်ကို ရှုမှတ်ပုံ နှင့် သမာဓိ​ ကောင်းလာလျှင် သတိကြီးကြီးထားပြီး အရှုခံကိုပိုပြီး သ​ဘော​ပေါက်​အောင် ရှုရပုံ ” တို့ကို​ ဆွေးနွေးထားပါသဖြင့် ဓမ္မမိတ်​ဆွေများ ဆရာကြီး၏ တရား​ဆွေး​နွေးမှု အပြည့်အစုံ ( အကျယ် ) ကို နာယူကြပါရန် တိုက်တွန်း နှိုး​ဆော်ပါရ​စေ ခင်ဗျာ 🙏🙏🙏​အောက်ပါ Link မှတဆင့် နာယူ နိုင်ပါတယ် ခင်ဗျာ 🙏🙏🙏https://m.facebook.com/story.php?story_fbid=4668726799859263&id=100001659663162


chevron_left
chevron_right

Join the conversation

comment 1 comment
  • Ashin Parama

    Thank you so much for your great efforts

Leave a comment

Your email address will not be published. Required fields are marked *

Comment
Name
Email
Website