အချိန်နေရာမရွေး ၀ိပဿနာတရားအားထုတ်နည်း — ငြိမ်ဖို့ ရှုမှာလား? ဉာဏ်ဖြစ်ဖို့ ကြည့်မှာလား? ကိုယ့်အာရုံနဲ့ကိုယ် နေပါနော်။ စိတ်ကလေးကို အသာကလေး အေးအေးဆေးဆေးထား။ စိုက်မရှုနဲ့ ထိန်းမရှုနဲ့ လုပ်မရှုနဲ့ ချုပ်မရှုနဲ့။ တရားအားထုတ်တဲ့နေရာမှာ အားတွေ အများကြီးမလိုဘူး။တရားအားတွေ တရားသဖြင့်ပဲ ကောင်းပါတယ်။ မကြည့်ပဲနဲ့လည်း မြင်ပါတယ်။ ကြည့်လို့မြင်တာ မဟုတ်ပါဘူး။ မြင်တဲ့ဟာကိုပဲ ကြည့်လို့ရတာ။ နားမထောင်ပါနဲ့။ နားမထောင်ပဲနဲ့လည်း ကြားနေပါတယ်။ ကြားတဲ့အာရုံ သိပေးရုံပဲ။ ကြားတဲ့အဓိပ္ပါယ်လေးကို သိတယ်။ စဉ်းစားတာလေးကို သိတယ်။ စိတ်တွေ အလုပ်လုပ်တာကို သိရတယ်။ စိတ်က အလုပ်လုပ်စရာရှိတာလုပ်ပါစေ။ ကိုယ်က ဓမ္မသဘာဝတွေ အလုပ်လုပ်နေတာကို သွားမတားပါနဲ့။ ဖြစ်နေတဲ့ ဓမ္မသဘာဝတွေ အားလုံးဟာ သဘောတရားတွေပါပဲ။ ကောင်းကောင်းဆိုးဆိုး ဓမ္မသဘာဝပဲ။ သဘာဝတရားတွေကို သဘာဝတရားတွေပဲလို့ နှလုံးသွင်းထားပါ။ တရားအားထုတ်တာလည်း […]